NEWS

Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး

CoverLogo
28 Views
Shan Dong Jiayi အထည်ချုပ်စက်ရုံက အချိန်ပို မဆင်းလို့ဆိုပြီး လုပ်ခ လျှော့ပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပုံမှန် အချိန်ပို ညနေ ၆ ခွဲ၊ ၇ ခွဲ ၊ ၈ ခွဲအထိ လုပ်ကိုင်ပေးရတဲ့ အပြင် အောလင်းအောနိုက် တစ်ပတ် သုံးလေးရက်ကို စနေနေ့တွေမှာပါ ဆင်းပေးရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ တနင်္ဂနွေနေ့တွေမှာလည်း ဆင်းရတော့ ပိတ်ရက်မရှိ လုပ်ရတာ။ စက်ရုံမန်နေဂျာ၊ အောစူပါတွေက အချိန်ပိုဆင်းဖို့ ဖိအားပေးတယ်၊ ဆင်းနိုင်လား မဆင်းနိုင်ဘူးလား မမေးဘူး၊ ဟိုလူဆင်း၊ ဒီလူဆင်းဆိုပြီး သူတို့ ကိုယ်တိုင်လက်မှတ်ထိုးပြီး ဆင်းခိုင်းတော့တာ” လို့ ပြောပါတယ်။
 
အောလင်း၊ အောနိုက် အချိန်ပိုတွေ အမြဲလိုလို လုပ်ကိုင်ရလို့ အိပ်ရေးမဝတဲ့အတွက် အလုပ်ချိန်
တွေမှာ အိပ်ငိုက်တာ၊ ခေါင်းမူးခေါင်းကိုက် နေမကောင်းဖြစ်တာကြုံတွေရသလို အားအင်မရှိ ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အချိန်ပို မဆင်းရင် ဖိအားပေး ပြောနေတာ၊ အငြိုးလည်း အထားခံရတယ်။ လုပ်ခ လစာ လျော့ပေးတယ်၊ အထည်ဆုကြေးလျှော့တယ်၊ ကျွမ်းကျင်ကြေးလျှော့တယ်" လို့ ပြောပါတယ်။
 
အထည်စံချိန်ကို အလုပ်သမား ၄၀ ဝန်းကျင်ရှိတဲ့ စက်လိုင်းကို တစ်နာရီ အထည် ၆၀ အထိ စက်ရုံတာဝန်ရှိသူတွေက တောင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ချုပ်ရတာက ဝယ်လွန်တွေ၊ ဘောင်းဘီတွေ ။ အထည်စံချိန်ကို အောစူပါ၊ စူပါတွေကလည်း အော်ဟစ် တောင်း၊ ဆူပူပြောနဲ့။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
နေ့စားအလုပ်သမားတွေကို အစမ်းခန့်ကာလ ပြည့်လည်း အတည်ပြု ခန့်ထားတာမရှိဘဲ အလုပ်မရှိထုတ်၊ အလုပ်ရှိ ပြန်ခန့် ပြုလုပ်တယ်လို့ သိရပါတယ်။
 
“ လုပ်သက် ၃ လပြည့်လည်း လစားမခန့်ပါဘူး။ အလုပ် ထုတ်ချင်တိုင်း ထုတ်လိုက် ၊ ပြီးရင် ပြန်ခေါ်လိုက် လုပ်တာပါ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို နားချိန်မပေးဘဲ တခြားအလုပ်သမားတွေနဲ့ တန်းတူ လုပ်ကိုင်ခိုင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"အလုပ်လွှတ်ချိန်ဆို ကိုယ်ဝန်ဆောင်သယ်တွေကို အစော ထွက်ခွင့်မပေးဘူး ။ တခြားအလုပ်သမားတွေနဲ့ အတူ တိုးထွက်ရတာ၊ လုပ်ငန်းခွင်ထဲလည်း ဆေးပေးခန်းမရှိဘူး၊ စက်ရုံ အိမ်သာဆိုတာ ပြည့်နေတာ၊ ရေလောင်းလို့လည်း မရနဲ့၊ ခွင့်တွေဆို ဘာခွင့်မှ မရတာ” လို့ ပြောဆိုထားပါတယ်။
 
အလုပ်သမားတွေအတွက် ဖယ်ရီလုံလောက်မှုမရှိ တွဲခိုစီးရပြီး လုပ်ငန်းခွင် လိုအပ်ချက်တွေကို တင်ပြဖို့ WCC အဖွဲ့လည်း ဖွဲ့မထားဘူးလို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
SHAN DONG JlAYl Co.,Ltd စက်ရုံက ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်းမှာ စက်ရုံဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၅၀၀ ကျော် လုပ်ကိုင်နေပြိး လက်ရှိ Sinsay,ALCOTT တံဆိပ် အထည်တွေ ချုပ်လုပ် နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026