NEWS

SEN YU အထည်ချုပ်စက်ရုံရှေ့ လစာထုတ်ရန် လာရောက်သည့် အလုပ်သမားများစောင့်ဆိုင်းနေရ

CoverLogo
761 Views
 
လှိုင်သာယာ အလယ်ရွာအနီးက SEN YU အထည်ချုပ်စက်ရုံရှေ့ မှာ လစာထုတ်ဖို့ လာရောက်တဲ့ အလုပ်သမားများစောင့်ဆိုင်းနေရလို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
အလုပ်သမား ၆၀ ကျော်ဟာ အလုပ်မှ နုတ်ထွက်ထားသူတွေဖြစ်ပြီး ၁၀ ရက်နေ့မှာ လုပ်ခပေးချေရမှာဖြစ်ပေမဲ့ ပိတ်ရက်ဖြစ်တာကြောင့် ယနေ့ ၃ နာရီကို ချိန်းဆိုခဲ့တာလို့ သိရပါတယ်။
 
လက်ရှိအချိန်မှာတော့ စက်ရုံဘက်က အကြောင်းပြန်ခြင်းမရှိတာကြောင့် အလုပ်သမား ၆၀ ကျော် စက်ရုံရှေ့မှာ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
အဆိုပါစက်ရုံဟာ အလုပ်သမားတွေကို အိုဗာတိုင် အလွန်အကျွံခေါ်ယူတာတွေ ပြုလုပ်ပြီး ငြင်းဆန်ပါက အလုပ်မှထုတ်ပယ်မည်ဟု ခြိမ်းခြောက်ခိုင်းစေတာ လုပ်ငန်းခွင်အတွင်းရိုင်းစိုင်းစွာပြောဆိုခိုင်းစေတာ တွေကြောင့် Myanmar Labour News မှာ ဩဂုတ် ၃၁ ရက်က သတင်းဖော်ပြခြင်းခံရပြီး စက်ရုံမှာ နိုင်ငံတကာအမှတ်တံဆိပ် Sinsay နဲ့ P&VV အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
Golden Propitious အထည်ချုပ် ပိတ်ရက်အပါအဝင် အချိန်ပို အတင်းအကျပ် ခိုင်းစေ
Jul 15, 2025
Cover
ယုံအန်းမြန်မာ ဖက်ရှင်တွင် လုပ်ခ တိုးမြှင့် ရရှိရေး တောင်းဆိုမှု ပြုလုပ်နေ
Jul 14, 2025
Cover
Chi Mei အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
Jul 14, 2025
Cover
YUVA Electronic စက်ရုံ အချိန်ပို နာရီ ၂၀ ကျော်ခိုင်းစေပြီး လုပ်ခ နှစ်ဆမပေး
Jul 14, 2025
Cover
Sunlong (Myanmar) Sports စက်ရုံ အချိန်ပို ဆက်လက် ခိုင်းစေနေ
Jul 13, 2025
Cover
တနင်္ဂနွေနဲ့ နေ့စဉ် အချိန်ပိုတွေကို လုပ်ခမရဘဲ လုပ်ကိုင်ပေးရ
Jul 13, 2025
Cover
New Plus အထည်ချုပ်စက်ရုံအတွင်း ခွဲခြားမှုတွေ
Jul 13, 2025
Cover
Dongxin စက်ရုံတွင် သုံးပတ်ကျော်ကြာ အချိန်ပိုများ ဆက်တိုက် ခေါ်ခိုင်းနေ
Jul 12, 2025