NEWS

SEN YU အလုပ်သမားများ တောင်းဆိုမှု အားလုံး နီးပါး ရရှိပြီး လုပ်ငန်းခွင် ပြန်ဝင်

CoverLogo
404 Views
 
SEN YU အထည်ချုပ်စက်ရုံဘက်က အလုပ်သမားတွေတောင်းဆိုထားတဲ့ အချက်အားလုံးနီးပါးကို လိုက်လျှောက်တာကြောင့် နှစ်ဖက် သဘောတူ စာချုပ်ချုပ်ပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် - FGWM ဆီက သိရပါတယ်။
 
“ မနေ့က စာချုပ် ချုပ်လိုက်တယ်၊ တောင်းဆိုချက် အာလုံးနီးပါရသွားတယ်၊ ဒီနေ့ ပုံမှန် အလုပ် ပြန်လုပ်နေပါပြီ” လို့ FGWM အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
အလုပ်ရှင်၊ အလုပ်သမား စုပေါင်း သဘောတူ စာချုပ်မှာ အချက် ၉ ချက်ကို သဘောတူ လက်မှတ် ရေးထိုးပြီး စက်ရုံဘက်က တာဝန်ရှိသူတွေနဲ့ အတူ အလုပ်သမားကိုယ်စားလှယ်တွေက လက်မှတ်ထိုးခဲ့တယ်လို့ ပြောပါတယ်။
ဧပြီ ၂၃ ရက်မှာ အလုပ်ပိတ်ရက်၊ ဖွင့်ရက် ဒေးကြေး တန်းတူပေးဖို့ ကို Sen.Yu Myanmar အထည်ချုပ် စက်ရုံ အလုပ်သမားတွေက လုပ်ငန်းခွင်အတွင်း အလုပ်ရပ်င်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
 
ဒီနောက် ဒေးကြေး ၁၁၀၀၀ ကျပ် တိုးပေးဖို့၊ အိုတီကြေး ၂၃၀၀သတ်မှတ်ပေးဖို့၊ ရက်မှန်ကြေး ၆၀၀၀၀ ပေးဖို့၊ ဂရိတ်ကြေး ကိုလည်း ကျပ် တစ်သိန်းကနေ ကျပ် ၄၀၀၀၀ ကြား သတ်မှတ်ပေးဖို့၊ ပုံမှန် ၆ နာရီခွဲ အလုပ်ဆင်းပေးဖို့၊ စနေ့နေ့ကို ပုံမှန် ညနေ ၄ နာရီခွဲဆင်းပြီး အချိန်ပိုမခေါ်ဖို့၊ စက်ရုံ တာဝန်ရှိသူတွေနဲ့ ခေါင်းဆောင်တွေက ရိုင်းစိုင်းစွာ ပြုမူပြောဆိုတာတာတွေမလုပ်ဖို့ ရိုင်းစိုင်းစွာပြုမူပြောဆိုပါက EC စာချုပ်ပါ အတိုင်း ထိရောက်စွာအရေးယူဆောင်ရွတ်ပေးဖို့ အလုပ်သမားတွေက ထပ်မံ တောင်းဆိုခဲ့ပါတယ်။
 
အဲဒီ တောင်းဆိုချက်တွေကို စက်ရုံတာဝန်ရှိသူတွေနဲ့ စက်ရုံကိုလာရောက် မြို့နယ် အလုပ်သမားဦးစီးဌာနက တာဝန်ရှိသူတွေကို အလုပ်သမားတွေက ပေးပို့ခဲ့ပါတယ်။ ဒီနောက်မှာတော့ နှစ်ဖက် စုပေါင်းသဘောတူချက် ချုပ်ဆိုပြီး အလုပ်သမားတွေက လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ခဲ့တာလို့ FGWM အဖွဲ့ဝင်တဦးက ပြောဆိုပါတယ်။
 
SEN YU စက်ရုံက ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်းစက်မှုဇူန် ၊‌ဗန်းမော်အတွင်းဝန် လမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။ စက်ရုံကတော့ REDTAPE , NAUTICA, Piazzaitalia အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026