NEWS

SEN YU အထည်ချုပ်စက်ရုံရှေ့ လစာထုတ်ရန် လာရောက်သည့် အလုပ်သမားများစောင့်ဆိုင်းနေရ

CoverLogo
1.1K Views
 
လှိုင်သာယာ အလယ်ရွာအနီးက SEN YU အထည်ချုပ်စက်ရုံရှေ့ မှာ လစာထုတ်ဖို့ လာရောက်တဲ့ အလုပ်သမားများစောင့်ဆိုင်းနေရလို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
အလုပ်သမား ၆၀ ကျော်ဟာ အလုပ်မှ နုတ်ထွက်ထားသူတွေဖြစ်ပြီး ၁၀ ရက်နေ့မှာ လုပ်ခပေးချေရမှာဖြစ်ပေမဲ့ ပိတ်ရက်ဖြစ်တာကြောင့် ယနေ့ ၃ နာရီကို ချိန်းဆိုခဲ့တာလို့ သိရပါတယ်။
 
လက်ရှိအချိန်မှာတော့ စက်ရုံဘက်က အကြောင်းပြန်ခြင်းမရှိတာကြောင့် အလုပ်သမား ၆၀ ကျော် စက်ရုံရှေ့မှာ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
အဆိုပါစက်ရုံဟာ အလုပ်သမားတွေကို အိုဗာတိုင် အလွန်အကျွံခေါ်ယူတာတွေ ပြုလုပ်ပြီး ငြင်းဆန်ပါက အလုပ်မှထုတ်ပယ်မည်ဟု ခြိမ်းခြောက်ခိုင်းစေတာ လုပ်ငန်းခွင်အတွင်းရိုင်းစိုင်းစွာပြောဆိုခိုင်းစေတာ တွေကြောင့် Myanmar Labour News မှာ ဩဂုတ် ၃၁ ရက်က သတင်းဖော်ပြခြင်းခံရပြီး စက်ရုံမှာ နိုင်ငံတကာအမှတ်တံဆိပ် Sinsay နဲ့ P&VV အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026