NEWS

SEN YU စက်ရုံအလုပ်သမားများ အလုပ်ပိတ်ရက် ဒေးကြးပေးဖို့ အပါအဝင် အချက် ၆ ချက် တောင်းဆိုထား

CoverLogo
604 Views
 
လုပ်ငန်းခွင်အတွင်း အလုပ်ရပ်တောင်းဆိုနေတဲ့ Sen.Yu Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ဥပဒေအတိုင်း အလုပ်ပိတ်ရက်နဲ့ အလုပ်ဖွင့်ရက် ဒေးကြေး တန်းတူပေးဖို့ အပါအဝင် အချက် ၆ ချက်တောင်းဆိုထားတယ်လို့ သိရပါတယ်။ အလုပ်ရပ်တောင်းဆိုမှုတွေ ဧပြီ ၂၃ ရက်မှာ စတင်ခဲ့ပြီး စက်ရုံဘက်က အလုပ်ပိတ်ရက်မှာ လုပ်ခလစာကို ပုံမှန်အလုပ်ဆင်းရက်ထက် လျှော့ရှင်းနေတာကြောင့် အလုပ်သမားသမားတွေက တန်းတူပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
“စက်ရုံက အလုပ်ပိတ်ရက်မှာဒေးကြေး ၆၈၀၀ကျပ်ပဲ ပေးတယ်။ ‌အလုပ်ဆင်းရတဲ့ရက်မှာ ၈၈၀၀ ပေးတာ။ အဲဒါကို အလုပ်ပိတ်ရက်ရော အလုပ်ဆင်းရက်ရော တန်းတူဒေးကြေး ၈၈၀၀ကျပ်ပေးဖို့ တောင်းဆိုတာ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
၁၉၅၁ ခုနှစ် ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေမှာ ပိတ်ရက်တွေအတွက် လုပ်ခ အပြည့်ပေးရမယ်လို့ ပြဌာန်းသတ်မှတ်ထားပါတယ်။ အလုပ်ရပ်တောင်းဆိုမှုက ဧပြီ ၂၃ ရက်မှာ စတင်ခဲ့ပြီး စက်ရုံ အလုပ်သမား ၁၀၀၀ ဝန်းကျင် ပါဝင်နေ တယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် - FGWM ဆီက သိရပါတယ်။
“အခုတော့ ဦးစီးမှူးတွေရောက်လာတယ်။ တောင်းဆိုချက်တွေ ပေးလိုက်တယ် အလုပ်သမား ဝန်ကြီးဌာနက ဦးစီးမှူးတွေအနေနဲ့ ဘယ်လိုဖြေရှင်းပေးမလည်း ကျမတို့ စောင့်ကြည့် မယ်။ ညီမတို့ တောင်းထားတဲ့အချက်တွေ မရမချင်းအလုပ်ရပ်ထားမယ် ။ ချုပ်နေတဲ့ အမှတ်တံဆိပ်တွေကို အသိပေးဖို့ ရှိပါတယ်" လို့ အလုပ်ရပ်တောင်းဆိုနေတဲ့ အလုပ်သမားတွေက ပြောပါတယ်၊၊
ဒေးကြေး ၁၁၀၀၀ ကျပ် တိုးပေးဖို့၊ အိုတီကြေး ၂၃၀၀သတ်မှတ်ပေးဖို့၊ ရက်မှန်ကြေး ၆၀၀၀၀ ပေးဖို့၊ ဂရိတ်ကြေးကိုလည်း ကျပ် တစ်သိန်းကနေ ကျပ် ၄၀၀၀၀ ကြား သတ်မှတ်ပေးဖို့၊ ပုံမှန် ၆ နာရီခွဲ အလုပ်ဆင်းပေးဖို့၊ စနေ့နေ့ကို ပုံမှန် ညနေ ၄ နာရီခွဲဆင်းပြီး အချိန်ပိုမခေါ်ဖို့၊ စက်ရုံ တာဝန်ရှိသူတွေနဲ့ ခေါင်းဆောင်တွေက ရိုင်းစိုင်းစွာ ပြုမူပြောဆိုတာတာတွေမလုပ်ဖို့ ရိုင်းစိုင်းစွာပြုမူပြောဆိုပါက EC စာချုပ်ပါ အတိုင်း ထိရောက်စွာအရေးယူဆောင်ရွတ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
SEN YU စက်ရုံက ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်းစက်မှုဇူန် ၊‌ဗန်းမော်အတွင်းဝင်လမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။ စက်ရုံကတော့ REDTAPE , NAUTICA, Piazzaitalia အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026