NEWS

SEN YU စက်ရုံတွင် အလုပ်ဆင်းရက် နှင့်အလုပ်ပိတ်ရက် ဒေးကြေးတန်းတူပေးရန် တောင်းဆိုနေ

CoverLogo
328 Views
 
ရန်ကုန်မြို၊လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်းစက်မှုဇူန် ၊‌ဗန်းမော်အတွင်းဝင်လမ်းက Sen.Yu Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေက အလုပ်ရပ် စုပေါင်း တောင်းဆိုမူပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီတောင်းဆိုမှုမှာ စက်ရုံလုပ်သား ၁၀၀၀ နီးပါဝင်ပြီး အလုပ်ဆင်းရက်နဲ့ အလုပ်ပိတ်ရက်တွေမှာ ဒေးကြေးတန်းတူပေးဖို့တောင်းဆိုနေတာလို့ အလုပ်သမားတွေကမြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ကို ပြောဆိုထားပါတယ်။
 
“ ညီမတို့တောင်းဆိုမှုလုပ်နေတာ မနေ့က (ဧပြီ၂၃) ကစတယ် ၊ အလုပ်သမားတွေ အကုန်နီးပါး လုပ်ငန်းခွင်ထဲ မှာပဲ အလုပ်ရပ်တောင်းဆိုနေတာပါ။ အလုပ်ပိတ်ရက်မှာဒေးကြေး ၆၈၀၀ကျပ်ပဲ ပေးတာ၊ ‌အလုပ်ဆင်းရတဲ့ရက်မှာတော့ ဒေးကြေး ၈၈၀၀ကျပ်ပေးပါတယ်။အဲဒါကို အလုပ်ပိတ်ရက်ရော အလုပ်ဆင်းရက်ရော ဒေးကြေး ၈၈၀၀ကျပ်ပေးဖို့ တောင်းဆိုတာ ပါ။ ဒေးကြေးတိုးပေးဖို့၊ ‌OT ကြေးတိုးပေးဖို့ ၊ ရက်မှန် ကြေးတိုးပေးဖို့ ၊ ဂရိတ်ကြေးတိုးပေးဖို့နဲ့ ပုံမှန် ညနေ ၆နာရီခွဲကို အလုပ်ဆင်းပေးဖို့စတဲ့ အချက်တွေလည်း ထောင်းဆို ဖို့ ရှိပါတယ်”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
SEN YU အထည်ချုပ် စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင် REDTAPE , NAUTICA စတဲ့ တံဆိပ်တွေချုပ်လုပ်နေပါတယ်။

Related posts

Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025
Cover
Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ
Dec 14, 2025