NEWS

SDI Manufacturing အထည်ချုပ်စက်ရုံ ခွင့်တိုင်ကြားပေမဲ့ လစာမဲ့ ခွင့်ပေး

CoverLogo
624 Views
 
SDI Manufacturing Co.,Ltd အထည်ချုပ်စက်ရုံက ခွင့်တိုင်ကြားပေမဲ့ လစာမဲ့ ခွင့်ပဲပေးလို့ ဥပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ မြန်မာနိုင်ငံကုန် ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ ခံစားခွင့် ရှိတယ်၊ ဥပဒေမှာ ပြဌာန်းထားတယ်။ ဒါပေမဲ့ အဲ့ခွင့်တွေ ခံစားခွင် မရဘူး။ စက်ရုံဘက်က ခွင့်ကို ပေးကို မပေးတာ၊ နေမကောင်းလို့ ခွင့်တိုင်လည်း လစာမဲ့ခွင့် ဆိုပြီး လုပ်တယ်။ ပြီးတော့ အလုပ်သမားလစာထဲကနေ အဲ့ရက်အတွက် ပိုက်ဆံဖြတ်တယ်။ တစ်ရက် ပျက်ရင် ဒေကြေးအပါ ၃၀၀၀၀ကျော် အဖြတ်ခံရပါသည်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ပြဌာန်းကျင့်သုံးနေတဲ့ အလုပ်သမားနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေမှာ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့် ၊ လုပ်သက်ခွင့် စတဲ့ ခွင့်အမျိုးအစားတွေ ခံစားခွင့်ပေးဖို့ ပြဌာန်းထားပါတယ်။ စက်ရုံဘက်က လစာပေးရာမှာလည်း ခွဲခြားဆက်ဆံနေသလို လုပ်သက်ပြည့် နေ့စားအလုပ်သမားတွေကို အတည်ပြုခန့်ထားပေးတာ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ လစာပေးတော့ သူတို့ (အောစူပါ၊ စူပါ)နဲ့ အဆင်ပြေတဲ့အလုပ်သမားကို လစာပိုထည့်ပေးတယ်။ အလုပ်လုပ်တာ အတူတူကို ခွဲခြားဆက်ဆံတာ။ နေ့စားအလုပ်သမားတွေထဲမှာ လူငယ်၊လူရွယ်အလုပ်သမား ၃၀ကျော်ရှိတယ်။ အဲ့ဒီကလေးတွေကို နေ့စားအလုပ်သမားအနေနဲ့ ခိုင်းထားတယ်။ သူတို့ လုပ်သက် ၃ လပြည့်ရင် လစားခန့်မယ်ပြောထားတာ။ ဒါ့ပေမဲ့ လစာမခန့်ဘဲ နေ့စားအလုပ်သ မားနဲ့ပဲ ခိုင်းတယ်.” လို့ ပြောပါတယ်။
 
ဒေးကြေး ၇၈၀၀၊ ရမှန်ကြေး ၃၀၀၀၀ ၊ ဂရိတ်ကြေး ငါးသောင်းကျော်ကနေ အနည်းဆုံး နှစ်သောင်းကျပ်ကို အလုပ်သမားတွေ အတွက် စက်ရုံဘက်က လုပ်ခလစာ သတ်မှတ် ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စက်ရုံဘက်က အတင်းအကျပ် အချိန်ပိုလုပ်ကိုင်ခိုင်းပြီး အထည်စံချိန် တွေကို ဖိအားပေး တောင်းခံတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အထည်စံချိန်ကို လူ ၃၀ ကျော် ရှိတဲ့ စက်လိုင်းကို တစ်နာရီလိုင်းပေါက် အထည် ၅၀ကျော်ပေးရတယ်။ ချုပ်ရတာက ဘောင်းဘီတွေ။ စံချိန်မပြည့်ရင် အော်စူပါ၊ စူပါများက အော်ဟစ် ဆဲဆိုပြီး အထည်စံချိန်ကို တောင်းတော့တာပဲ.” လို့ ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတွေကို အချိန်ပိုကို ည၈နာရီအထိ အတင်းအကျပ်ဆင်းခိုင်းပြီး ၊ မဆင်းနိုင်တဲ့ အလုပ်သမားတွေကို အငြိုးထားပြီး ခိုင်းစေနေတယ်လို့လည်း သိရပါတယ်။ လုပ်ငန်းခွင် အခက်အခဲတွေကို ဖြေရှင်းပေးဖို့ WCC ကို ဖွဲ့စည်းထားပေမဲ့ အဖွဲ့ဝင်တွေက အလုပ်ရှင်ရွေးချယ်ထားသူတွေ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“လုပ်ငန်းခွင်ထဲမှာ လျှပ်စစ်ဓာတ်လိုက်တာ မကြာခဏ ဖြစ်တယ်။ ပြင်ပေးဖို့ ပြောတော့ ငွေကြေးကုန်ကျလို့ မပြင်ပေးနိုင်ဘူးဆိုပြီး စက်ရုံဘက်က ပြောတယ်။ တခုခုဆို ဆေးပေးခန်းမှာလဲ ဆေးကမရှိဘူး။ “ လို့ ပြောပါတယ်။
SDI Manufacturing Co.,Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။ လက်ရှိ အလုပ်သမား ၁၀၀၀ ကျော်က Fourth dimension တံဆိပ်ဘောင်းဘီအထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026