NEWS

Saung Oo Shwe Nay စက်ရုံမှ A ရုံ ပြန်ဖွင့်ပေးရန် အလုပ်သမားများ တောင်းဆို

CoverLogo
511 Views

Saung Oo Shwe Nay စက်ရုံဝန်းအတွင်းက A ရုံကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  A ရုံကို ပြန်မဖွင့်ပေးနိုင်ပါကလည်း တန်ရာတန်ကြေးပေးပြီး အလုပ်ထုတ်ဖို့ တောင်းဆိုထား တယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

" အလုပ်သမားဆန္ဒကို မမေးဘူး။  မတ် ၂၃ ရက်မှာ ပြောင်းရမယ်ဆိုပြီး အမိန့်ပေးသလိုကြီး ပြောတယ်။ အဲ့ဒီမှာ ပြဿနာ စဖြစ်တယ်။စက်ရုံက WCC ရော၊ သမဂ္ဂရော ရုံးပေါ်တက် ညှိပေးတယ်။ အဆင်မပြေ ဘူး။ နောက် တခေါက်လည်း အဆင်ပြေဘူး ။  GM နဲ့ HR မန်နေဂျာကိုယ်တိုင်က ရုံပြောင်းမဲ့ကိစ္စနဲ့ ပတ်သက်ရင် မညှိတော့ဘူး ဆိုပြီး ပြောတယ်ဆိုပြီး  WCC ကရော၊ စက်ရုံ သမဂ္ဂက ပြောတယ်။ “လို့ အလုပ်သမားတဦးက ပြောပါတယ်။

 EC စာချုပ်ချုပ်ဆိုထားရာမှာ လိုင်းအမှတ်အလိုက် စာချုပ်ချုပ်ဆိုတားတာဖြစ်ပြီး အလုပ်သမားတွေ လုပ်ကိုင်တဲ့ စက်ရုံ မဟုတ်ဘဲ့ လိုင်းပြောင်းတာ၊ ရုံပြောင်းတာနဲ့ လူဖြည့်တာတွေဟာ စာချုပ် ချိုးဖောက်တာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ အလုပ်သမားတွေက A ရုံမှာသာ ဆက်လက် လုပ်ကိုင်လိုပြိး ရုံပြန်လည် မဖွင့်ပေးနိုင်ပါလည်း တန်ရာတန်ကြေးပေး အလုပ်ထုတ်ဖို့ကို WCC နဲ့ စက်ရုံသမဂ္ဂ ကတဆင့် ညှိနှိုင်းခဲ့ပေမဲ့ စက်ရုံဘက်က ငြင်းဆန်နေတာကြောင့် အခုလို တောင်းဆို နေတာလို့ အလုပ်သမားတွေ က ပြောပါတယ်။ ဒီလိုတောင်းဆိုတာက ဧပြီ ၆ ရက်နေ့ကတည်း ဖြစ်ပြီး A ရုံပိတ်ထားလို့ စက်ရုံအပြင်ကနေ  အလုပ်သမားတွေက  တောင်းဆိုနေကြတာလို့ ပြောပါတယ်။

" EC စာချုပ်က လိုင်း အလိုက် စာချုပ်ထားတယ်၊ ဒီကိစ္စက EC စာချုပ် ချိုးဖောက်ခံရတာပါပဲ ။ လေဘာရုံး ကလည်း  EC နဲ့ အကြုံးမ၀င်ဘူးလို့ ပြောလိုက်တယ်။ တခုခု အလုပ်သမားဘက် ချိုးဖောက်ရင် ၀မ်တိမ်ထိုးရတာနဲ့ အပြစ်ပေး ရတာနဲ့။ အလုပ်ရှင် ချိူးဖောက်တာကိုတော့  တရားမ၀င်ဘူး၊ အကြုံးမဝင်ဆိုတော့ ဒါက ဖိနှိပ်တာပဲ။” လို့ အလုပ်သမားတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ စက်ရုံ ပြောင်းမဲ့အကြောင်း အောစူပါတွေကို စက်ရုံဘက်က အသိပေးခဲ့ပြီး B ရုံနဲ့ C ရုံက အလုပ်သမားတွေ A ရုံမှာ လာပေါင်းမယ်ဆိုပြီး ဦးစွာအသိပေးခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

“A ရုံ အလုပ်သမားဆီ B နဲ့ C ရုံက အလုပ်သမားတွေ လာပေါင်းမှာ ဖြစ်လို့ လိုင်းလေးတွေ ပေါင်းပေးပါ။ ဘေး တဘက် တချက်ဆီ ကပ်ပေးပါလို့   မီတင် (Meeting ) ခေါ် ပြောတယ်။ ဒါကြောင့် A ရုံက အလုပ်သမား တွေက လက်ခံဖို့ ပြင်ဆင်ထားပြီးသား၊  ၂၀၂၄  မတ်လ ၂၁ ရက်မှာ Aရုံ အလုပ်သမားတွေကို  B ရုံ ကို ပေါင်းပေး ရမယ်။ ၃ ရက် အတွင်း ပြင်ဆင်ပါဆိုပြီး ပြောတယ်။ မတ် ၂၃ ရက်မှာ စက်ပစ္စည်းတွေ အားလုံး ထုတ်ယူသွားတာ၊ ဒါကြောင့် အလုပ်သမားတွေက လက်မခံနိုင် ဖြစ်တာပါ။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

Saung Oo Shwe Nay စက်ရုံအထည်ချုပ် စက်ရုံရဲ့ A ရုံမှာ စက်လိုင်း ၁၅လိုင်းရှိပြီး  အလုပ်သမား ၃၀၀ ကျော် လုပ်ကိုင်နေတနယ်လို့ သိရပါတယ် ။ စက်ရုံတရုံလုံးမှာ အလုပ်သမား ၁၈၀၀ ဝန်းကျင်ရှိပြီး SMOG H&M နဲ့ DIVIDED  တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ နောက်ထပ် စက်ရုံခွဲ ၄ ရုံ ရှိပြီး  အခုလို အငြင်းပွားမှု ဖြစ်ချိန်မှာ H&M ကုန်အမှတ်တံဆိပ်က  တခြားစက်ရုံခွဲကို အထည်တွေ အပ်နှံလိုက်တယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။

 #MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026