NEWS

Saung Oo Shwe Nay အထည်ချုပ်စက်ရုံ အလုပ်သမားများအား အလုပ်ရှင်ကို စွဲဆိုရန် စာထုတ်ပေးပြီး အလညက ပြန်လည်သိမ်းယူ

CoverLogo
1K Views
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ အလယ်လမ်း ၃လမ်းက Saung Oo Shwe Nay (ဆောင်ဦးရွှေနေ အထည်ချုပ်) စက်ရုံ ပိုင်ရှင်ကို အီးစီ(EC) စာချုပ်ချိုးဖောက်မှုနဲ့ တရားစွဲဖို့ အလည (အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန) က စာထုတ်ပေးခဲ့ပြီးမှ ပြန်လည်သိမ်းသွားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“မေလ ၁၄ ရက်မှာ အလည(အနောက်ပိုင်း)ရုံး တာဝန်ရှိသူက အလုပ်သမား တိုင်ကြားထားတဲ့ EC စာချုပ် ချိုးဖောက်မှုကို ဥပဒေနဲ့ အညီ တရားဆွဲဆိုဖို့ စာထုတ်ပေးပြီး အလုပ်သမားတွေကို ဖတ်ခိုင်းခဲ့တယ်။ အလုပ်သမားတွေက စာကိုဖတ်ပြီး အဆင်ပြေတယ်ဆိုတော့၊ တာဝန်ရှိသူ ကိုယ်တိုင် တံဆိပ်တုံးရိုက် လက်မှတ် ထိုး ပေးပြီး၊ အလုပ်ရှင်ဆီ ပေးဖို့ စာအိပ်ထဲကို ထည့်ထားလိုက်တယ်။
အလုပ်သမားတွေကိုတော့ ခဏစောင့် ဆိုပြီး ၁၅ မိနစ်လောက် ကြာတော့ အလုပ်ရှင်ကို တရားစွဲဆိုရမဲ့စာကို မပေးတော့ဘူး ဖြစ်သွားတာ” လို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက် (EC) စာချုပ်ကို ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့်ကျွမ်းကျင် ဖွံ့ဖြိုး တိုးတတ်ရေး ဥပဒေ ပုဒ်မ ၅(က) ၁ အရ ချုပ်ဆိုရပြီး ဒီစာချုပ်ကို အလုပ်ရှင် ၊ အလုပ်သမား နှစ်ဖက် လိုက်နာ ကြရမှာ ဖြစ်ပါတယ်။ လိုက်နာမှုမရှိသူတွေကို အလုပ်အကိုင်နှင့်ကျွမ်းကျင် ဖွံ့ဖြိုးတိုးတတ်ရေးဥပဒေ ပုဒ်မ (၃၉ ) နဲ့ အညီ အရေးယူရမှာ ဖြစ်ပါတယ်။
 
လှိုင်သာယာ(အနောက်ပိုင်း) အလညရုံးမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) ချိုးဖောက်မှုကို ဆောင်ဦးရွှေနေ အထည်ချုပ် A ရုံက အလုပ်သမား ဝန်ထမ်းတွေနဲ့ အလုပ်ရှင်ကြား ၃ ကြိမ် ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။
 
အလုပ်သမားတွေရဲ့ သဘောတူညီမှုမရှိဘဲ စက်ရုံပြောင်းရွှေ့ခံရတဲ့ A ရုံက အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ လိုင်းအမှတ်အလိုက် ချုပ်ဆိုထားတာဖြစ်ပြီး လိုင်းပြောင်းတာ၊ အလုပ်ရုံ ပြောင်းတာနဲ့ လူထပ်ဖြည့်တာတွေက စာချုပ်ချိုးဖောက်တာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ A ရုံမှာ လုပ်ကိုင်နေတဲ့ ဆောင်းဦးရွှေနေ အလုပ်သမားဝန်ထမ်း ၃၀၀ ကျော်ရှိပြီး အဲဒီအလုပ်သမားတွေက အလုပ် ဆက်လက် လုပ်ကိုင်လိုပြီး အလုပ်ရုံ ပြန်မဖွင့်ပေးပါက တန်ရာတန်ကြေးပေး အလုပ်က ထုတ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် မေ ၁၃ ရက်မှာ မြို့နယ် အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆောင်ဦးရွှေနေ စက်ရုံကို လာရောက်ခဲ့ပြီး စက်ရုံဆင်းချိန်အနီးမှ တောင်းဆိုမှုတွေပြုလုပ်နေတဲ့ A ရုံက အလုပ်သမား ၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီလို့ စစ်ဆေးခဲ့မှာ အလုပ်မလုပ်ရင် ပိုက်ဆံမရတဲ့အတွက် ညှိနှိုင်းနေဆဲ ကြားကာလအတွက် လုပ်ခ လစာ မရဘူးလို့သာ အလုပ်သမားရုံးတာဝန်ရှိသူတွေက ထပ်တလဲလဲ ပြောဆိုခြိမ်းခြောက်ခဲ့ပြီး တောင်းဆိုမှု ပြုလုပ်နေတဲ့ အလုပ်သမားတွေဘက်ကို မေးမြန်း ဆွေးနွေးတာ မပြုလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
 
ဒီအမှုကို ခုံသမာဓိအဖွဲ့မှာ စစ်ဆေးခဲ့ရမှာလည်း ကြားကာလ လုပ်ခကို အလုပ်ရှင်ကိုယ်စားလှယ်က ပေးကို ပေးရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမဲ့ ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်မှာတော့ ကြားကာလလုပ်ခကိစ္စ ဆုံးဖြတ်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
 
ဆောင်ဦးရွှေနေ အထည်ချုပ် စက်ရုံ ကို တရုတ်နိင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၁၈၀၀ လောက် လုပ်ကိုင်နေ ပါတယ်။ SMOG ၊ H&M နဲ့ DIVIDED စတဲ့ တံဆိပ်တွေချုပ်လုပ်နေပြီး ဆောင်ဦးရွှေနေ စက်ရုံမှည အလုပ်သမားပြဿနာတွေ ဖြစ်ပွားနေလို့ H&M အော်ဒါတွေကို တခြားရုံခွဲတွေဆီ ပြောင်းရွှေ့ အပ်နှံထားတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026