NEWS

Sanyuan over sea 1 အထည်ချုပ်စက်ရုံ အချိန်ပိုလုပ်ကိုင်ခိုင်းပြီး လုပ်ခမပေး

CoverLogo
1.9K Views

ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လာရောက်လေ့ရှိတဲ့  Sanyuan over sea 1 အထည်ချုပ်စက်ရုံမှာ အချိန်ပိုလုပ်ကိုင် ခိုင်းပြီး လုပ်ခပေးတာမရှိဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

အဲဒီစက်ရုံကတော့ တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး ရန်ကုန်မြို့ ရှေ့ဒဂုံ စက်မှုဇုန်က မင်းသိဒ္ဓိကျော်စွာလမ်းမှာ အလုပ်သမားအင်အား ၂၅၀၀ လောက်နဲ့ လုပ်ကိုင်နေတယ်လို့  အထည်ချုပ် အလုပ်သမား တစ်ဦးက ပြောပါတယ်။

“စူပါ အောစူပါ တွေက နေ့ခင်းဘက် အာဝါတီ မပေးနိုင်ရင် ညဘက် အိုတီ ဆင်းခိုင်းပြီး ပိုက်ဆံ မပေးပါဘူး”  လို့ အထည်ချုပ်အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေကို လုပ်ခမပေးဘဲ ခိုင်းစေတာတွေဟာ စစ်အာဏာသိမ်းပြီး ပိုမို များပြားလာတယ်လို့ ဆက်ပြောပါတယ်။ ညဘက် အချိန်ပိုဆင်းပါက အိမ်ဝေးတဲ့ အလုပ်သမားတွေဆို မပြန်ရဘဲ စက်ရုံမှာပဲ ဖြစ်သလို အိပ်ရတယ်လို့ ပြောဆိုပါတယ်။

“အလုပ်ထဲမှာ စူပါတွေက ဆဲရင်လည်း ဖာနဲ့ ဖေနဲ့ ကိုင်ဆဲပါတယ် ညဘက် အိုတီ ဆင်းရင် ဝေးတဲ့သူဆို အိမ်မပြန်ရပါဘူး စက်ရုံ မှာ အိပ်ခိုင်းတယ် အိပ်ရင်လည်း ခွေးအိပ် နွားအိပ် အိပ်ရပါတယ် ပြန်လိုက်ပို့တဲ့ ကားဆိုရင်လည်း လမ်းကြောင်းအစုံတင်ပြီး ည ၁၁ နာရီ လောက်မှ အိမ်ရောက်ပါတယ်” လို့ စက်ရုံ အထည်ချုပ်အလုပ်သမားတွေက Myanmar Labour News ကို ပြောဆိုပါတယ်။

အရေးပေါ်ကိုယ်ရေးကိုယ်တာအတွက် ဂိတ်ပတ်စ်တောင်းရင် မပေးတဲ့ အပြင် ခွင့်ပေးတာတွေလည်းမရှိဘူး အလုပ်သမားတွေက ပြောပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် လိုအပ်လို့ ခွင့်တောင်းပါကလည်း မပေးတဲ့အပြင် ပြောဆိုခံရတယ်လို သိရပါတယ်။

စက်ရုံအတွင်း ဈေးမရောင်းရ၊ ငွေတိုးမချေးလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပေမဲ့ စူပါ၊ အောစူပါ၊ စက်ရုံစာရေးမနဲ့ ဒုတိယ စက်ရုံမှူးအမျိုးသမီးက အလုပ်သမားတွေကို ဂုတ်သွေးစုတ် အမြတ်ယူပြီးရောင်းချပြီး စက်ရုံစည်းကမ်းကို ချိုးဖောက်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“စူပါ၊အောစူပါ နဲ့ စာရေးမများက စက်ရုံအလုပ်သမားတွေကို အဝတ်အစား ၅၀၀၀ တန်ကို ၁၈၀၀၀နဲ့ မယူမနေရ စနစ်နဲ့ ရောင်းပါတယ် ။ ဒုတိယစက်ရုံမှူးက လိုင်း စူပါတွေကို ရောင်းခိုင်းပါတယ်။ အဲဒီ ဒုတိယ စက်ရုံမှူးကပဲ ၂၀  တိုးနဲ့ ငွေတိုးလည်းချေးပါတယ်။  အလုပ်သမား တွေ အပေါ် ဂုတ်သွေးစုတ် အမြတ်ယူပြီး မတရား လုပ်ဆောင် နေတာပါ” လို့ ကိုယ်တိုင်ကြုံတွေနေရတဲ့ စက်ရုံအလုပ်သမားအမျိုးသမီး တစ်ဦးက  ပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း တနေ့ကုန် အိမ်သာသွားခွင့်မရအောင် တင်းကျပ်ထားပြီး  အလုပ်ဆင်းချိန် အိမ်သာမှာ လူရှိရင် စူပါတွေက အော်ဟစ် ဆဲဆိုတယ်လို့ ပြောဆိုပါတယ်။

Brand ဘက်က စစ်ဆေးရေးဝင်ပါကလည်း စက်ရုံဘက်က သင်ထားပေးတဲ့ အတိုင်း ဖြေဆိုရလို့ ချိုးဖောက်ခံရတာတွေကို တိုင်ကြားခွင့် မရဘူးလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

“ Brand ဘက်က Qc တွေ လာစစ်တော့  HR တွေ သင်ပေးတဲ့အတိုင်း ဖြေရပါတယ်။ မဖြေလာရင် တွေ့မယ်လို့လည်း စူပါ တွေ အောစူပါ တွေက ကြိမ်းမောင်းပါတယ်။ ကြောက်တော့ စက်ရုံမှာ အလုပ်သမားတွေ ခံစားနေရတာကို မပြောရဲ ကြတော့ဘူး “ လို့ အလုပ်သမားတွေက ပြောပါတယ်။

Sanyuan over sea 1 အထည်ချုပ်စက်ရုံဟာ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုနဲ့ တည်ထောင်ထားပြီး ပိုင်ရှင်ကတော့ တရုတ်လူမျိုးဖြစ်တယ်လို့ သိရပါတယ်။ 
စက်ရုံကနေ Mango၊ Adidas အပါအဝင်  STRADIVARIUS၊ Piazza Italia စတဲ့ ကမ္ဘာကျော် အမှတ်တဆိပ်တွေအပါအဝင် အမှတ်တံဆိပ် ၈ ခုလောက် ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026