NEWS

SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ

CoverLogo
381 Views
 
ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံ၊ သိမ်ကျောင်းလမ်း တွင် ဖွင့်လှစ်ထားသော SANYAN OUTDOOR Co,. Ltd မှ လုပ်သားများအနေဖြင့် စက်ရုံတွင်းလုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုကို ယနေ့
(ဖေဖော်ဝါရီလ ၂၃ ရက်နေ့) နံနက်ပိုင်းက စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
 
စက်ရုံမှ အလုပ်သမား (၇၀၀) ခန့်သည် ယနေ့ နံနက် (၈) နာရီဝန်းကျင်ခန့်က တောင်းဆိုမှုကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေးကြေး 12500 တိုးမြှင့်ပေးရန်၊OT ကြေး 2500 တိုပေးရန်၊ ရက်မှန်ကြေးကို 60000 ကျပ်သို့တိုးပေးပြီး ၁၅ ရက်တစ်ကြိမ် ရှင်းပေးရန်၊ အထည်ကြေးကိုလည်း( A+ အား 200000 ကျပ် ၊ A ဆိုလျှင် 150000 ကျပ်၊ B ဆိုလျှင် 100000 ကျပ်နှင့် C ဆိုပါက 50000 ကျပ်) တိုးမြှင့်ပေးရန်နှင့် ဂရိတ်ကြေးကိုလည်း A + ဆိုပါက 180000 ကျပ် ၊ A ဆိုပါက 150000 ကျပ် ၊ B ဆိုပါက 100000 ကျပ် နှင့် C ဆိုလျှင် 70000 သို့ တိုးမြှင့်ပေးရန် တောင်းဆိုလျှက်ရှိကြောင်းသိရသည်။
 
SANYAN OUTDOOR Co,. Ltd အနေဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလမှ စတင် လုပ်ကိုင်ခဲ့သည့် အထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်ပြီး Sinsay, SNSY OUT WERE, SINSAY MENS စသည့် Brand များကို ချုပ်လုပ်လျက်ရှိကြောင်း သိရသည်။
 
လက်ရှိ နံနက် (၉) နာရီခန်တွင် လုပ်ငန်းရှင်ဘက်က တောင်းသည့်ဝန်ထမ်းများ၏ တောင်းဆိုမှုများကို တစ်ခုမျှ မလိုက်လျောနိုင်ကြောင်းနှင့် ဆက်လက်တောင်းဆိုမှုပြုလုပ်ပါက (၃) ရက်မြောက်နေ့တွင်အလုပ်မှ ထုတ်ပါယ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026