NEWS

San Yuan Oversea(2) Myanmar Apparel အထည်ချုပ် အလုပ်သမားကျွမ်းကျင်ကြေးများ ဖြတ်တောက်ခြင်းမပြုရန် တောင်းဆို

CoverLogo
833 Views

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ထန်းတပင်စက်မှုဇုန် အနောက်ပိုင်းလမ်းမကြီးမှာ အလုပ်သမား ၅၀၀ ကျော်နဲ့လည်ပတ်နေတဲ့ San Yuan Oversea(2) Myanmar Apparel အထည်ချုပ် မှာ အလုပ်သမားတွေကို ကျွမ်းကျင်ကြေး ဖြတ်တောက်ခြင်းမပြုရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ယခင်လများ တွင် အလုပ်သမားများရရှိ သော အခကြေးငွေနှုန်းထားမှာ ဒေကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ရက်မှန်ကြေး ၂၅၀၀၀ ကျပ် A အဆင့် 40000 B 28000 ကျပ် ရရှိပြီး OT ကြေး၁နာရီ ၁၂၀၀ ရရှိပြီး ရက်မှကြေးမှ ရှေ့၁၅ ရက်အတွင်းပျက်ပါက တစ်ဝက် ဖြတ်တောက်တာမျိုးရှိပြီး လက်ရှိမှာတော့ စက်ရုံအတွင်းအော်ဒါမရှိဟုဆိုကာ ကျွမ်းကျင်ကြေး A အဆင့် 40000 ကျပ် B 28000 ကျပ်အား ၁လ ပိုင်လစာထဲတွင် ဖြတ်တောက်မည်ဆိုကာ လိုင်းစူပါများတစ်ဆင့်ပြောကြားတာကြောင့် ဖြတ်တောက်ခြင်းမပြုရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"ကျွမ်းကျင်ကြေး မရှိဘူးလို့ လိုင်းစူပါတွေပြောတော့ စိုးရိမ်နေကြတယ် အခုကုန်ဈေးနှုန်း နဲ့ အဆောင်လခတွေပေးဖို့ မဖြစ်နိုင်ဘူး မဖြတ်တောက်ဖို့ တောင်းဆိုချင်ပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ လူမှုဖူလုံရေးဆေးခွင့် ယူပါက ရက်မှန်ကြေး ဖြတ်တောက်တာတွေရှိပြီး မီးဖွားခွင့်များယူပါကလည်း အလုပ်ရှင်ဘက်မှ ၄၀ ရာခိုင်နှုန်း သာပေးပြီး ကျန် ၆၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေး ဌာနကို တင်ပေးပေမဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရလို့ ပြေလည်အောင် လုပ်ဆောင်ပေးစေချင်တယ်လို့ ဆိုပါတယ်။

အလုပ်သမားများတောင်းဆိုချက်တွေအနေနဲ့ ယခင်ပေးသော ကျွမ်းကျင်ကြေးများ အတိုင်းသာ ပေးချေရန်နဲ့ ဖြတ်တောက်ခြင်းမပြုရန်၊ အလုပ်သမားထုတ်နိုင်သောစံချိန်းအားတောင်းခံရန်၊ လူမှုဖုလုံကြေးဆေးခွင့်ခံစားခွင့်ခံစားမှုများအားရရှိရန်၊ လူမှုလုံရေးဆေးခွင့်ရက်ပျက်ပါက ရက်မှန်ကြေးမဖြတ်တောက်ရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး PADDED COLLECTION အမှတ်တံဆိပ် ဂျာကင်အထည်နှင့်ဘောင်ဘီအထည်များချုပ်လုပ် တင်ပို့ တာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမား သမဂ္ဂအဖွဲ့အစည်း ဖွဲ့စည်းထားတာ မရှိဘူး လို့သိရပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026