NEWS

San Yu အထည်ချုပ်စက်ရုံ အလုပ်သမားများအား အချိန်ပို ဆဲဆိုလုပ်ကိုင်ခိုင်း

CoverLogo
604 Views

San Yu အထည်ချုပ်စက်ရုံမှာ အချိန်ပို မဆင်းလို့ဆိုပြီး စူပါတွေက ရိုင်းစိုင်းစွာ ဆဲဆို ခြိမ်းခြောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ San Yu အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်ပြီး အလုပ်သမား ၁၅၀၀ ဝန်းကျင်က SinSay , ENCUENTEO, TOG 24 တံဆိပ်တွေ ချုပ်လုပ်နေပါတယ်။ 

“လိုင်း ၅၊လိုင်း၇၊လိုင်း ၁၂ စူပါတွေက အရမ်းဆိုးတယ်။ ဆဲတယ်၊ ခြိမ်းခြောက်တာ နားမခံနိုင်ဘူး ။ သူတို့ပြောတာ  မခံနိုင်ရင် အလုပ်ထွက်ဆိုပြီး ခြိမ်းခြောက်တယ်။ အောလင်း အောနိုက်ခေါ်လို့ မဆင်းရင်၊ သေချင်းဆိုးမတွေဆိုပြီး ကြမ်းတမ်း ရိုင်းစိုင်းစွာ ဆဲတယ်။ တချို့စူပါတွေက ငါ့အစ်ကိုက စစ်သား၊ ငါ့အစ်ကိုက လူမိုက်နော်။ အခု နင်တို့ကို ပြောဆိုတာတွေကို မကြိုက်ရင် ကြိုက်တဲ့နေရာ သွားတိုင်။ ဂရုမစိုက်ဘူးဆိုပြီး ခြိမ်းခြောက် ခံရတယ်။ ”လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။  

အလုပ်ချိန်အတွင်း စက်ရုံဘက်က အလုပ်သမားတွေ အသုံးပြုတဲ့ လက်ကိုင်ဖုန်းသိမ်းဆည်းထားတာကြောင့်လည်း မိသားစုနဲ့ ကျန်းမာရေးကိစ္စတွေ အရေးပေါ်ဖြစ်မှာ စိုးရိမ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပိုခေါ်ယူမှုနဲ့ ပတ်သက်ပြီး မြို့နယ်အလုပ်သမားရုံးကို တိုင်ကြားခဲ့ပေမဲ့ အရေးယူမှုတွေမရှိတာကြောင့် အလုပ်သမားတွေအတွက် အကာအကွယ်မဲ့နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ 

“အလုပ်သမားရုံးဌာနကို ဖုန်းဆက်တိုင်တယ်။ ရုံးကလာတော့ လာပါတယ်။ စက်ရုံရောက်ရင် ပေးတာ ကျွေးတာ စားသောက်ပြီး ပြန်သွားကြတယ်။ အလုပ်သမားတွေအတွက် သူတို့က လုံခြုံမှုလည်း မပေးနိုင်၊ အကာအကွယ် လည်း မဖြစ်နဲ့ပါ ။ နေထိုင်မကောင်းလို့ ၊ အလုပ်ဆက်ပြီး မလုပ်နိုင်လို့ အိမ်ပြန်ဖို့ကို ဂိတ်ပတ်စ် တောင်းလည်း၊ မပေးဘူး ။ အလုပ် မလုပ်နိုင်လည်း ဆက်လုပ်ရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။ ။

ဂိတ်ပတ်စ်ကို အောစူပါ၊ စူပါတွေနဲ့ ပတ်သတ်သူတွေကတော့ အလွယ်တကူ ရနိုင််တာကြောင့် အလုပ်သမား  တွေမှာ  ခွဲခြားဆက်ဆံရတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်အတွင်း  နေ့စား အလုပ်သမားတွေကို ခိုင်းစေပြီး အထည်အော်ဒါနည်းပါးချိန်မှာ စက်ရုံဘက်က ချက်ချင်း အလုပ်ထုတ်တယ်လို့လည်း သိရပါတယ်။ စက်ရုံဘက်က ခွင့်မပေးဘဲ ရက်ပျက်လို့ဆိုပြီး စူပါတချို့က ကျွမ်းကျင်အဆင့် မပေးတော့လို့ အလုပ်သမားတွေ နစ်နာရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

“ ဝယ်လွန်  (Wellon) ဌာနကစူပါက အလုပ်တစ်ရက်ပျက်တာနဲ့ အဲဒီအလုပ်သမားကို ဂရိတ် မပေးတော့ဘူး။ အလုပ် လုပ်ရတာက အပူစက်နားမှာ၊ တနင်္ဂနွေနေ့ပါ အလုပ်ဆင်းပေးရတယ်။အပူစက်နားမှာ ချုပ်ရတဲ့ အလုပ်သမားတွေဆို တင်ပါးတွေမှာ အနာတောင်ပေါက်တယ်။ ဘယ်တိုင်တိုင် ဂရုမစိုက်ဘူး ကြိုက်တဲ့နေရာတိုင် ဆိုပြီး ဆဲတယ်၊ ခြိမ်းခြောက်သေးတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။  

San Yu  စက်ရုံအတွင်းဲ့ မတရားဖိနှိပ် အနိုင်ကျင့်တာ၊  ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းတာ၊ ခြိမ်းခြောက်တာတွေကို မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ဆီ အလုပ်သမားတွေက အကြောင်းကြား ထားလို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။  စက်ရုံကတော့ ရန်ကုန်မြို့ ၊ရွှေလင်ဗန်းစက်မှုဇုန် ၊ဗန်းမော်အတွင်းဝန်လမ်း၊ (အဝိုင်းမှတ်တိုင်အနီး)၊  အလယ်ရွာ (၅၃) ဂိတ် အနီးမှာရှိပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026