NEWS

Sakura Garment လုပ်ခလစာ တိုးပေးပေမဲ့ တန်းတူမရရှိဟု အလုပ်သမားများပြော

CoverLogo
94 Views
 
Sakura Garment အထည်ချုပ် စက်ရုံက လုပ်ခလစာ တိုးမြှင်ပေးတယ်လို့ ပြောပေမဲ့ အလုပ်ဌာနက အလုပ်သမားတွေ အားလုံး တဖြည်းညီ လုပ်ခလစာ မရကြဘူးလို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အရင် လစာမတိုးခင်က အလုပ်သမားအားလုံးကို ဒေးကြေးမှာ တန်တူပေးတဉ်။ အခူ ဇွန်လ လစာလည်း တိုးပေးရော အထည်ဖြတ်၊ မီးပူဌာနနဲ့ စတိုဌာနတွေက အကူ အလုပ်သမားတွေကို နှစ်ထောင် လျှော့ပေးတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်ဖြတ်၊ မီးပူဌာ၊ စတိုဌာနနဲ့ စက်လိုင်း အလုပ်သမားကို ရက်တွက် ဒေးကြေး ကျပ် ၁၀,၀၀၀ ပဲ ရှင်းပေးဖို့ စီစည်နေပြီး စက်လိုင်းနဲ့ အခြားဌာနများကို ဒေးကြေး ကျပ် ၁၁, ၀၀၀ သတ်မှတ်ပေးထားတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒေးကြေပေးတာ မညီမျှမှုလို့ HR ရုံးခန်းကိုသွားပြောတယ်။ ’ သူတို့ပေးတဲ့ဒေးကြေးကို ကျေနပ်ရင်လုပ်၊ မကျေနပ်ရင် အလုပ်ကထွက်လို့ ပြောလိုက်တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။’
 
စက်ရုံအလုပ်သမားအားလုံး အလုပ်ချိန် အတူ၊ လုပ်ငန်းအတူ လုပ်ကိုင်ရလို့ ရက်တွက်ဒေးကြေး တန်းတူ ပေးဖို့ လိုအပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
SAKURA အထည်ချုပ်စက်ရုံက ဂျပန်နိုင်ငံသားပို စက်ရုံဖြစ်ပြီး AITOZ တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။ စက်ရုံမှာ လုပ်သားဦးရေ ၄၀၀ ကျော် လုပ်ကိုင်နေပြီး လှိုင်သာယာမြို့နယ် ၊လှိုင်သာယာစက်မှုဇုန် (၃) ၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းမှာ လုပ်ငန်းဖွင့်လှစ်ထားပါတယ်။

Related posts

Cover
လုပ်ခလစာတိုးမြှင့်ပြီးနောက် အဆောင်ရှင်တချို့ အခန်းခ ထက်ဝက် တိုးတောင်း
Jul 01, 2025
Cover
Myanmar Ju Chuan ဖိနပ် စက်ရုံ ကြီးကြပ်ရေးမှူးမျာ ခြိမ်းခြောက် ဆဲဆို ခိုင်းစေ
Jul 01, 2025
Cover
Lesnart Myanmar Apparel နေ့စဉ်နီးပါး ညနက် အချိန်ပို လုပ်ကိုင်ခိုင်း
Jun 30, 2025
Cover
Hundred Garment တွင် ကလေးလုပ်သားများထံမှ လာဘ်ယူပြီး စက်လိုင်းမန်နေဂျာ အလုပ်သွင်းပေး
Jun 29, 2025
Cover
အသက် ၂၅နှစ် အထက်အမျိုးသားများအား သင်္ဘောသားလုပ်ခွင့်မပြုတော့
Jun 28, 2025
Cover
Best Garment အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ဦးအား အလုပ်ထုတ်
Jun 28, 2025
Cover
Shwe Myinn လျှော်ဖွတ်လုပ်သားများ ထိခိုက်မှု အလုပ်ရှင်ဘက်မှ တာဝန်ယူမှု မရှိ ဟုဆို
Jun 28, 2025
Cover
Myanmar Fortress Wealth အထည်ချုပ် ခွင့် ခံစားခွင့်မပေးဘဲ ရက်တွက် ဒေးကြေးဖြတ်နေ
Jun 28, 2025