NEWS

Sakura Garment လုပ်ခလစာ တိုးပေးပေမဲ့ တန်းတူမရရှိဟု အလုပ်သမားများပြော

CoverLogo
467 Views
 
Sakura Garment အထည်ချုပ် စက်ရုံက လုပ်ခလစာ တိုးမြှင်ပေးတယ်လို့ ပြောပေမဲ့ အလုပ်ဌာနက အလုပ်သမားတွေ အားလုံး တဖြည်းညီ လုပ်ခလစာ မရကြဘူးလို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အရင် လစာမတိုးခင်က အလုပ်သမားအားလုံးကို ဒေးကြေးမှာ တန်တူပေးတဉ်။ အခူ ဇွန်လ လစာလည်း တိုးပေးရော အထည်ဖြတ်၊ မီးပူဌာနနဲ့ စတိုဌာနတွေက အကူ အလုပ်သမားတွေကို နှစ်ထောင် လျှော့ပေးတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်ဖြတ်၊ မီးပူဌာ၊ စတိုဌာနနဲ့ စက်လိုင်း အလုပ်သမားကို ရက်တွက် ဒေးကြေး ကျပ် ၁၀,၀၀၀ ပဲ ရှင်းပေးဖို့ စီစည်နေပြီး စက်လိုင်းနဲ့ အခြားဌာနများကို ဒေးကြေး ကျပ် ၁၁, ၀၀၀ သတ်မှတ်ပေးထားတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒေးကြေပေးတာ မညီမျှမှုလို့ HR ရုံးခန်းကိုသွားပြောတယ်။ ’ သူတို့ပေးတဲ့ဒေးကြေးကို ကျေနပ်ရင်လုပ်၊ မကျေနပ်ရင် အလုပ်ကထွက်လို့ ပြောလိုက်တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။’
 
စက်ရုံအလုပ်သမားအားလုံး အလုပ်ချိန် အတူ၊ လုပ်ငန်းအတူ လုပ်ကိုင်ရလို့ ရက်တွက်ဒေးကြေး တန်းတူ ပေးဖို့ လိုအပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
SAKURA အထည်ချုပ်စက်ရုံက ဂျပန်နိုင်ငံသားပို စက်ရုံဖြစ်ပြီး AITOZ တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။ စက်ရုံမှာ လုပ်သားဦးရေ ၄၀၀ ကျော် လုပ်ကိုင်နေပြီး လှိုင်သာယာမြို့နယ် ၊လှိုင်သာယာစက်မှုဇုန် (၃) ၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းမှာ လုပ်ငန်းဖွင့်လှစ်ထားပါတယ်။

Related posts

Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း
Mar 24, 2026
Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026