NEWS

Saifeom International Garment စက်ရုံ WCC အမည်စာရင်း မသိရဘဲ ရွေးချယ်ဖို ပြင်ဆင်နေ

CoverLogo
34 Views
 
Saifeom အထည်ချုပ် စက်ရုံက WCC အလုပ်သမား ကိုယ်စာလှယ်လောင်း ဘယ်သူဘယ်ဝါ မသိရဘဲ မဲပေးရွေးချယ် ဖို ပြင်ဆင်နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲချုပ် (IWFM)ကို ပြောဆိုပါတယ်။
 
“စက်ရုံဘက်က ဖေဖော်ဝါရီလ၊ ၂၀ ရက်မှာ မဲပေးရမယ်။ နောက် မဲရေတွက်မယ်၊ ကိုယ်စားလှယ်လောင်း အမည်က ဘယ်သူပါလိုလဲ အခုထိ မသိရဘူး၊ မဲကိုလည်း ဘယ်လိုရေတွက်မယ်ဆိုတာလည်း မသိရဘူး။ဓ လို့ ပြောပါတယ်။
 
အလုပ်သမားအခွင့်အရေးများကို သေချာညှိနှိုင်းပေးနိုင်မဲ့ ကိုယ်စားလှယ်တွေကိုသာ အလုပ်သမားတွေက အမည်စာရင်း တင်သွင်း လိုပြီး စက်ရုံဘက်က ကြိုတင်ပြီး မေးခြင်း၊ ဆွေးနွေးခြင်း၊ ပြောပြခြင်းမရှိဘဲ ကိုယ်စားလှယ်အမည်ကို တစ်လိုင်း တစ်ဦးနှုန်းတောင်းခဲ့တယ်လို Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံဘက်က ပွင့်လင်းမြင်သာမှု မရှိဘူး။ ကိုယ်စားလှယ်ရွေးခြယ်မယ့် လုပ်ငန်းစဉ်တွေကို ကြိုမပြောတော့ မသမာမှုတွေ ဖြစ်မှာ စိုးတယ်။ “ လို ပြောပါတယ်။
 
WCC ကိုယ်စားလှယ်ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို နည်းဥပဒေမှာ တိတိကျကျ ရေးဆွဲထားတာမရှိဘဲ အလုပ်သမားတွေရဲ သဘောဆန္ဒ အတိုင်း နည်းလမ်းတကျ လွတ်လပ်ပြီးမျှမျှတတ ဆောင်ရွက်နိုင်တယ်လို အလုပ်သမားအရေး ကျွမ်းကျင်သူတဦးက Myanmar Labour News ကို ပြောပါတယ်။
 
“၂၀ ရက်နေ့ မဲထည့်ပြီးရွေးရမှာကို ၁၈ ရက်မှ တစ်ရုံလုံးသိအောင် ကြေငြာစာကပ်တယ်။ ဒါနဲ့ တင်မဟုတ် တော့ဘူး။ အလုပ်သမားတွေ သဘောထား နဲ့ တရားမျှတပြီး လွတ်လပ်တဲ့ အလုပ်သမား ကိုယ်စားလှယ် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်း အတိုင်း မဖြစ်နေဘူး” လို ပြောထားပါတယ်။
 
ပြီးခဲ့တဲ့နှစ်က လုပ်ငန်းခွင်ညှိနှိင်းရေးကိုယ်စားလှယ် WCC အဖွဲဝင်တွေက အလုပ်သမားအခွင့်အရေးချိုး ဖောက်ခံရမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးတာမရှိလို ဒီတစ်ကြိမ်မှာတော့ အလုပ်သမားတွေကိုယ်တိုင် သူတို့ကို အမှန်တကယ် ကိုယ်စားပြုပေးနိုင်မယ့် ကိုယ်စားလှယ်တွေကို ကန့်သတ်မှုမရှိဘဲ လွတ်လွတ်လပ်လပ် ရွေးချယ်လိုတဲ့ ဆန္ဒရှိတယ်လို သိရပါတယ်။
 
“လိုင်းအလိုက် ကိုယ်စားလှယ် တဦးနှုန်း ရွေးချယ်ဖိုဆိုတာ၊ ကိုယ်ကြိုက်တဲ့သူနဲ့ ကိုက်ညီချင်မှ ညီမယ်။ ညီမတို့က အလုပ်သမားအရေးလုပ်ဆောင်နိုင်သူကို မဲပေး အဆိုပြုဖို လိုလားတယ်”လို ပြောပါတယ်။
 
WCC အတွက် အလုပ်သမားကိုယ်စားလှယ် ရွေးကောက် တင်မြှောက်နိုင်ဖို ရွေးကောက်ပွဲ ကော်မတီဖွဲစည်းတာ၊ ကြေညာတာ၊ မဲဆန္ဒနယ်သတ်မှတ်တာ၊ စီမံရေးရာရဲ့ လွှမ်းမိုး ချယ်လှယ်မှု ကင်းတဲ့ အလုပ်သမား ကိုယ်စားလှယ် လောင်း အဆိုပြုတာ၊ ကိုယ်စားလှယ်လောင်းတွေကို စိစစ်တာ၊ အတည်ပြုတာ၊ မဲဆွယ်စည်းရုံးတာတွေ ပြုလုပ်ရမှာ ဖြစ်ပြီး ဆန္ဒမဲပေးပြီး WCC အဖွဲ့ဝင်တွေကို အတည်ပြုပေးတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်တယ်လိုလည်း ပြောထားပါတယ်။
 
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမား (၁၇၀၀) ကျော်လုပ်ကိုင်နေပြီး ရွေးချယ်ထားတဲ့ WCC အဖွဲဝင်တွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ သက်တန်းကုန်ခဲ့တာဖြစ်ပါတယ်။

Related posts

Cover
Straightex အထည်ချုပ် စက်ရုံမီးလောင်မှု ဖြစ်ပွား၊ လောင်ကျွမ်းချိန် ၃ နာရီကျော်အထိ မငြိမ်း
Feb 20, 2026
Cover
ထိုင်းရောက် မြန်မာအလုပ်သမား တစ်ဦး မြစ်ထဲသို့ ခုန်ချအဆုံးစီရင်မှုဖြစ်ပွား
Feb 20, 2026
Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026