NEWS

Saifeom International Garment Myanmar အထည်ချုပ်စက်ရုံ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်း

CoverLogo
350 Views
 
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံက တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာပါ လုပ်ကိုင်ခိုင်းနေလို့ ပိတ်ရက်မရှိ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို ပြောဆိုတယ်လို့ သိရပါတယ်။
 
“ တနင်္ဂနွေနေ့တွေကို ပိတ်ရက်မပေးတော့ပဲ အလုပ်ဆင်းခိုင်းတယ်။ အလုပ်သမားတွေမှ မဆင်းနိုင်လို့ ပြောရင်လည်း စက်ရုံဘက် အလုပ်ဆင်းဖို့ ဖိအားပေးပြောဆိုတယ်။ အချိန်ပိုခေါ်လို့မဆင်းလျှင် ဆုကြေးမပေးနိုင်ဘူးလို့ ပြောတယ်။ အလုပ်သမားရုံးတိုင်ကြတယ် အကြောင်းမထူးဘူးလို့ အလုပ်သမားတွေက ပြောတယ်” ဆိုပြီး IWFM တာဝန်ရှိသူက Myanmar Labour News ကို ပြောပါတယ်။
 
ဒီဇင်ဘာလထဲမှာ တနင်္ဂနွေနေ့တွေ အချိန်ပို ဆက်တိုက်ခေါ်လို့ သက်ဆိုင်ရာအလုပ်သမားဦးစီးရုံးကို ဖုန်းဆက်ပြီး တိုင်ကြားခဲ့ပေမဲ့ အရေးယူဆောင်ရွက်ပေးတာမရှိလို့ ဦးစီးမှူးတွေ ကိုယ်တိုင်က အလုပ်ရှင်တွေနဲ့အတူ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်နေတယ်လို့လည်း ပြောဆိုပါတယ်။
 
“စက်ရုံဘက် ခွင့်ရက်တွေ တွေမပေးဘဲ ငွေကြေးဖြတ်တာ၊ ခွဲခြာက်ဆံတာနဲ့ ကာလအပိုင်းအခြား အချိန်ပို ဆင်းခွင့်မပေးလို့ အလုပ်သမားအခွင့်အရေး အများအပြား ဆုံးရှုံးတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ရက်ပျက်လို့ ဆုကြေး ဖြတ်တဲ့ အပြင်ကို အချိန်ပို အများနည်းတူ မဆင်းရတော့ ဖယ်ရီ အကြို/ပို့ပါ လိုက်မရကြဘူး။ အကုန်အကျပိုများကြတယ်။ သူတို့ အလုပ် လုပ်ထားတဲ့ ဆုကြေး၊ ဒေးကြေး၊ ရက်မှန်ကြေးတွေကို တစ်ရက်ပျက်ပြီး အဖြတ်မခံနိုင်ကြပါဘူး။ မလွဲသာလို့ အလုပ်ရက်ပျက်ရတာ။ ဒါက လုပ်အား ခေါင်းပုံဖြတ်တာ။” လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိ စက်ရုံမှာ လစာ ဆုကြေး ကွာဟမှုတွေ ဖြစ်ပေါ်နေပြီး မြို့နယ်အလုပ်သမားရုံးကို တိုင်ကြားထားပေမဲ့ ထိထိရောက်ရောက် ဖြေရှင်းပေးတာမရှိဘူးလို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
"၁၁ လပိုင်း လစာမှာ ဆုကြေး ကွာဟမှု ရှိတယ်။ နစ်နာတဲ့ အလုပ်သမားတွေက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးကို တိုင်တယ်။ သူတို့လည်း အလုပ်ရုံ အလုပ်သမားစစ်ဆေးရုံးကို လွဲပြန်တယ်။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဌာနကလည်း နေပြည်တော်တင်ပေးတယ်ဆိုပြီး အခုထိ ဆုံးဖြတ်ချက် မရသေး။ အခုလည်း စက်ရုံဘက်က မ ဆုကြေးကို ခွဲခြားပြီးပေးနေတယ်၊ ဦးစီးမှူးတွေခေါ်ပြီး တိုင်တဲ့ အလုပ်သမားတွေကို အလုပ်ကထွက်ဖို့ နစ်နာကြေးနဲ့ ခေါ်ညှိတယ် ပြောတယ်။ “ လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအတွင်း ခွဲခြားဆက်ဆံမှုတွေကြောင့် လာဘ်စားမှုတွေနှင့် ဘက်လိုက်မှုတွေ ဖြစ်ပေါ်နေလို့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"စက်လိုင်းအလုပ်သမားတွေ လစာက ဒေးကြေး၊ ရက်မှန်ကြေး၊ တစ်ကဒ်ကြေး၊ ဆုကြေး၊ နှစ်ကြေး ၊ ကျွမ်ကျင်ကြေးဆိုပြီး ပေးတယ်။ တခြားဌာနတွေကိုတော့ ကျွမ်းကျင်ကြေး မပေးဘူ။ အော်စူပါတွေက သူတို့နဲ့ ရင်းနှီးသည့်အလုပ်သမားတွေ၊ သူတို့အလုပ်သွင်းပေးထား သူတွေ ၊ သူတို့ဆွေမျိုးတွေကိုပဲ အလှည့်ကြပေးပါသည်။ တစ်ကဒ်ကြေးဆိုလည်း နင့်စီမှာ ၁၀,၀၀၀ ပိုထည့်ထားတာ ငါ့ပြန်ပေး၊ သူစီမှာ ၅,၀၀၀ ပိုထည့်ထားတာ ပြန်ပေးဆိုပြီး ပြန်တောင်းပါသည်။
 
အလုပ်သမားတွေက လည်း ဘာမသိ ညာမသိနဲ့ ပြန်ပေးရပါသည်။ အလုပ်သမားတွေလုပ်အားခကို စက်ရုံလုပ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့ ခေါင်းပုံဖြတ်တာပါ။” လို့ ပြောပါတယ်။
 
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံမှာ တနင်္ဂနွေနေ့ အချိန်ပိုတွေကို အလကားဆင်းပေးနေရတာတွေကို ပြန်တွက်ချက်ပေးဖို့ တောင်းဆိုထားပေမဲ့ အဲ့ဒီ အချိန်ပိုလုပ်အားခအတွက် ရန်ပြော ပြန်လည် တွက်ချက်ပေးတာမရှိဘူးလို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
“မတွက်ပေးဘူး။ စက်ရုံက အလုပ်သမား လာမတောင်းလို့ မပေးဘူးဆိုတာမျိုး လုပ်တယ်။ လုပ်သမားတွေက တစ်ဦးချင်ကြတော့ သွားမတောင်းရဲဘူး။ အချိန်ပိုတွေ ခေါ်တာက လူစာရင်း ရှိနေတာပဲ၊ ပြန်ပေးလို့ရတာပဲ” လို့ ပြောပါတယ်။
 
စက်ရုံအတွင်း ထမင်းစားဆောင်နေရာနဲ့ ထိုင်ခုံတွေ မလုံလောက်မှုတွေ လည်း ဖြည့်ဆည်းပေးတာမရှိတဲ့ အပြင် သောက်ရေပြတ်တောက်တာ ၊ အိမ်သာမလုံလောက်တာ၊ သုံးရေး ပြတ်တာတွေလည်း ဖြစ်ပွားနေဆဲလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
Saifeom International Garment Myanmar စက်ရုံက ရန်ကုန်မြို့၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ် နိုင်ငံသား ပိုင် စက်ရုံ ဖြစ်ပါတဘ်။ အလုပ်သမား ၁၇၀၀ ဝန်းကျင် လုပ်ကိုင်နေပြိး ZEROCTAGE, Huna, ZERO-STAGE WORKWEAR, TIEORA, SOLOTEX , Aero light, Fieldcore စတဲ့ အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026