NEWS

Safety Clothing Myanmar အထည်ချုပ် EC စာချုပ် ချိုးဖောက်ပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်ခိုင်း

CoverLogo
153 Views
 
Safety Clothing Myanmar Co.,ltd ပိုင် အထည်ချုပ်က က် အလုပ်တက်ချိန်မရောက်ခင် ၁၀မိနစ်အစောအလုပ်ဝင်ခိုင်းပြီး အလုပ်ဝင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် နားချိန် တွေမှာပါ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တာတွေ လုပ်ကိုင်ရလို့ နားချိန် အပြည့်အဝရဘူးလို့ ပြောပါတယ်။
 
“စူပါ၊လီတာတွေက နားချိန်ကို အပြည့်အဝ ပေးမနားဘူး၊ အစည်းအဝေးလုပ်တယ်၊ မနားခိုင်းဘဲ စက်ချုပ်ခိုင်းပါတယ်။ စက်ရုံကလည်း အလုပ်ချိန်မီ ၁၀ မိနစ်စောပြီး အလုပ်ဝင်ခိုင်းပြီး စက်ချုပ်ခိုင်းတာပါ။ “
 
ဒါ့အပြင် နေ့လယ်စာ နားချိန်မတိုင်မီနဲ့ အလုပ်ဆင်းချိန် မိနစ် ၃၀အလိုမှာ အလုပ်သမားများကို အိမ်သာ သွားခွင့်၊ သောက်ရေ ခပ်ခွင့် မပြုတော့ဘဲ့ တာဝန်ရှိသူတွေက စက်ရုံတံခါးတွေကို ပိတ်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ သတ်မှတ်အလုပ်ချိန်ထက် စောဝင်ခိုင်းတာနဲ့ နားချိန်အပြည့်အဝမပေးတာတွေက EC စာချုပ် အပိုဒ် ၂ ကို ချိုးဖောက်တာ။ EC စာချုပ် ချုပ်ပေမဲ့ စာချုပ်မိတ္တူကို အလုပ်သမားတွေ ဒီစက်ရုံက မပေးဘူး။ နောက် အိမ်သာသွားခွင့်၊ သောက်ရေအတွက် ပိတ်ပင်တာတွေက အလုပ်ရုံများအက်ဥပဒေ ၊ EC စာချုပ်တွေကို ချိုးဖောက်တာပါ။ ဒါတွေက လူသားမဆန်တဲ့ ခိုင်းစေမှုနဲ့ အလုပ်သမားကို အနိုင်ကျင့်မှု ဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှု လက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တာဝန်ရှိသူက ပြောပါတယ်။
 
ECစာချုပ် လက်မှတ်ထိုးစဉ်ကလည်း စာချုပ်ပါ အချက်အလက်တွေကို စက်ရုံဘက်က ပေးမဖတ်သလို စာချုပ်လည်း ပေးမထားလို့ စက်ချုပ်ပါ အချက်အလက်တွေကို မသိရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ စာချုပ်ပါ စည်းကမ်းချက်တွေ မသိရဘဲ အလုပ်ထုတ်ခံရ ဖြစ်စဉ်တေါလည်း ရှိတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ ထမင်းဆောင်မှာ ခုံမလောက်လို့ မြေပြင်မှာ ချစားရတဲ့ အလုပ်သမားကို လုံခြုံရေးဝန်ထမ်းတဦးက ဓာတ်ပုံရိုက် မန်နေဂျာကို အကြောင်းကြားလို့ အလုပ်က ထုတ်ပယ်ခံရတဲ့ ဖြစ်စဉ်တွေပါ ရှိတယ်” လို့ ပြောပါတယ်။
ဥပဒေမှာ ပြဌာန်းထားတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်တွေနဲ့ ခွင့်ခံစားခွင့်တွေ ခံစားခွင့်မပေးတဲ့ အပြင် လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်တဲ့ ၁၅၊ ၁၆အရွယ် အလုပ်သမားတွေကို လူကြီးအလုပ်သမားတွေနဲ့ တန်းတူ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အသက်မပြည့်တဲ့ လူရွယ် အလုပ်သမားတွေကို ဆရာဝန်ရဲ့ ကျန်းမာရေးဆေးထောက်ခံချက်နဲ့ အလုပ်ခန့် ထားတာ မဟုတ်ပါဘူး၊ လူကြီးတွေ အချိန်ပိုလုပ်ဆို သူတို့လည်း လုပ်ရတာပါပဲ ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
အထည်စံချိန်အနေနဲ့ ချုပ်သား ၃၀ ရှိ စက်လိုင်းကို အထည် ၃၅၀ အထိတောင်းခံပြီး မပြည့်ပါက နိုင်ငံခြားသား ကြီးကြပ်သူတွေနဲ့ စူပါတွေက ရိုင်းစိုင်း စွာဆဲဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါထားပါတယ်။
 
Safety Clothing Myanmar Co.,ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှူဇုန်၊ မြစံပယ်ဖြူလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။ စက်ရုံမှာ အလုပ်သမားများ ၅၀၀ ကျော် လုပ်ကိုင်နေပြိး Roly Sport တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Feb 27, 2026