NEWS

S-M MYANMAR Garment စက်ရုံကအလုပ်သမား၂၀၀ကျော် လုပ်ခဖြတ်တောက်ခံရမှုတွေရှိနေ

CoverLogo
1.8K Views

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် (၄)မှာ ဖွင့်လှစ်ထားတဲ့ S-M MYANMAR Garment CO,LTD စက်ရုံက  အလုပ်သမားနှစ်ရာကျော်ဟာ   လုပ်ခလစာဖြတ်တောက်ခံရတာတွေရှိနေတယ်လို့  သိရပါတယ်။

အဆိုပါ S-M MYANMAR Garment စက်ရုံဟာ အလုပ်သမား (၂၀၀) ကျော်ဖြင့် လုပ်ငန်းလုပ်ကိုင်ပြီး၊  mayorl တံဆိပ် ဂျာကင်ထည်များ ချုပ်လုပ်နေပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့သိရပါတယ်။ 

တရုတ်လူမျိုးအလုပ်ရှင်ဟာ   အလုပ်သမားများ၏ ခံစားခွင်ဖြစ်တဲ့ ဥပဒေပါခံစားခွင့်ရှောင်တခင်ခွင့်၊ လူမူဖူလုံရေး ဆေးခွင်းများကို ခံစားခွင့်မပေးခြင်း၊ ထိုခံစားခွင့်မပေးသည့်အပြင် အလုပ်သမားများ အလုပ်တစ်ရက်ပျက်ပါက အောစူပါတွေကို သတ်မှတ်ထားသော အချိန်မှီ ခွင့်မတိုင်မိလျှင် တစ်ရက်ပျက်တာနဲ့ ဥပဒေမဲ့ အလုပ်ထုပ်ခံရသလို အလုပ်တစ်ရက်ပျက်လျှင် မိမိရဲ့ခံစားခွင့် ခွင့်ရက်များ မရရှိသည့်အတွက် ရက်ပျက်လျှင် ဒေးကြေးပေးထားချင်းမှာ မတူသောကြောင့် ဒေးကြေးနဲ့ရက်မှန်ကြေး ဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် အလုပ်သမားများ နေထိုင်မကောင်း၍ တစ်ခါတစ်ရံ အလုပ်ပျက်တဲ့ အလုပ်သမားကို မလိုချင်ဘူးဆိုကာ ကိုယ်သဘောနဲ့ကို အလုပ်ထွက်ရမယ်လို့ ဆိုထားသလို အလုပ်သမားများ မချုပ်လုပ်နိုင်တဲ့ စံချိန်များမတရားတောင်းခံခြင်း၊ စက်လိုင်းတစ်လိုင်းထဲတွင် စူပါ၊ အလုပ်သမား (၄၀) ရှိပြီး လိုင်းပေါက်အထည်းထွက် (၃၅) ထည်ပေးရခြင်း၊ ချုပ်လုပ်ရသော ဂျာကင်အနွေးထည်များမှာ ချုပ်ရချင်းမှာ ခက်ခဲခြင်း၊ လူနည်းခြင်းကြောင့် အသဲသန်းချုပ်လုပ်ရခြင်း၊ ထို့သို့ချုပ်ရာတွင် အလုပ်ရှင်ဘက်မှ စံချိန်တောင်းသလောက် မပေးနိုင်တဲ့ အလုပ်သမားများကိုလည်း အလုပ်မလာနဲ့တော့ပြောပြီး အလုပ်သမားများကို အောစူပါ၊ စူပါများမှ ဆဲဆို၊ အော်ဟစ်ပြောဆိုခြင်းများ ပြုလုပ်တဲ့အပြင် အလုပ်ရှင်ဘက်မှ တောင်းခံသောအထည်များကို မပေးနိုင်တဲ့ အလုပ်သမားများက မိမိသဘောဖြင့် အလုပ်ထွက်ရတယ်လို့ သိရပါတယ်။


လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားများ (၂၀) ဦးခန့်ရှိပြီး၊ ထို့နေ့စားသမားများမှာ အလုပ်လုပ်တာ ၃လကျော်သော်လည်း အလုပ်ရှင်လက်မှ အတည်ပြုဝန်ထမ်းများ ခန့်အပ်ခြင်းမရှိသည့်အတွက်ကြောင့် အလုပ်သမားများက  ၁။ အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ခံစားခွင့်ပေးရန်။ ၂။ လုပ်ငန်းခွင်အတွင်း အပူအအေးမျှတအောင် စီစဉ်ဆောင်ရွက်ပေးရန်။ ၃။ အောစူပါ၊ စူပါများမှ ဆဲဆို၊ အော်ဟစ်ပြောဆိုခြင်းများ မပြုလုပ်ရန်။ ၄။ အလုပ်သမားများ ချုပ်လုပ်နိုင်သော စံချိန်ကို တောင်းခံရန်နှင့် ဖိအားပေးစေခိုင်းခြင်း မပြုလုပ်ရန်။ ၅။ ၃ကျော်ပြီးသော နေ့စားအလုပ်သမားများကို အတည်ပြုဝန်ထမ်း အပ်ခန့်ပေးရန်ဆိုတဲ့ တောင်းဆိုချက်၅ချက်ကိုတောင်းဆိုလိုက်ပါတယ်။

#MyanmarLabourNews


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026