NEWS

S-M MYANMAR Garment စက်ရုံကအလုပ်သမားများ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ

CoverLogo
795 Views

လှိုင်သာယာမြို့နယ်  ရွှေသံလွင်စက်မှုဇုန်(၄)က တရုတ်လူမျိုးပိုင်ဆိုင်တဲ့ S-M MYANMAR Garment CO,LTD စက်ရုံဟာ အလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်အရေးချိုးဖောက်ကာ ဖိအားပေးခိုင်းစေတာတွေရှိနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။  

အလုပ်ရှင်ဟာ အလုပ်သမားများ၏ ဥပဒေပါခံစားခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့်၊ လူမှုဖူလုံရေးဆေးခွင့်များမပေးတဲ့အပြင် အလုပ်သမားများနေမကောင်းလို့ အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး (၇၀၀၀) ကျပ်၊ (၅၂၀၀)ကျပ်၊ ရက်မှန်ကြေး (၂၀၀၀၀)ကျပ်၊ အလုပ်သမားလစာထဲမှ ဖြတ်တောက်ခံရသလိုနေထိုင်မကောင်းဖြစ်ပြီး  အလုပ်ပျက်တဲ့ အလုပ်သမားများကို မလိုချင်ဘူးဆိုကာ ကိုယ့်သဘောနှင့်ကိုယ် အလုပ်ထွက်ရမယ်လို့ အလုပ်ရှင်ဘက်က  ဖိအားပေးပြောဆိုခိုင်းစေနေတယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမား(၂၀၀)ကျော်တဲ့ အမှတ်တံဆိပ်အမည် mayorl ဖြစ်တဲ့ ဂျာကင်ထည်များ ချုပ်လုပ်တယ်လို့ သိရပါတယ်။ 

စက်ရုံတွင် အလုပ်သမားများကို ကျွမ်းကျင်ကြေးအဖြစ်ပေးထားသော A++(၉၀၀၀၀)၊ A+(၇၀၀၀၀)၊ A (၅၀၀၀၀)၊ B( ၃၀၀၀၀)၊ C (၂၀၀၀၀) ကျပ်ရရှိနေတဲ့နှုန်းထားများကို ဒေးကြေး အမြင့်ဆုံး (၇၀၀၀) မှ၊ အနိမ့်ဆုံးမှာ (၅၂၀၀)ကျပ်အဖြစ်တိုးပေးထားပြီး ကျွမ်းကျင်ကြေးများကို A++၊ A+၊ A အဆင့်သမားများမှာ (၂၀၀၀၀)ကျပ်သာပေးပြီး B,C အဆင့်သမားများကို (၁၀၀၀၀) ကျပ်တည်းသာ သတ်မှတ်ကာ အလုပ်ရှင်ဘက်က ဂရိတ်ကြေးများကို မူလထက် ကျပ် ၇၀၀၀၀ အထိလျော့ချလိုက်တာကြောင့် အလုပ်သမားများ ဒေးကြေးတိုးပေးလိုက်ပေမဲ့လည်း ယခင်ရရှိတဲ့လစာထက်တောင် လျော့နည်းပြီး ရရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အလုပ်သမားများ မချုပ်လုပ်နိုင်သော စံချိန်များကို မတရားတောင်းခံခြင်း၊ စက်လိုင်းတစ်လိုင်းထဲတွင် စူပါ၊ အလုပ်သမား (၄၀) ရှိပြီး လိုင်းပေါက်အထည်ထွက် (၃၅) ထည်ပေးရခြင်း၊ အနွေးထည်များမှ ချုပ်လုပ်ရသည့်မှာ ခက်ခဲခြင်း၊ အလုပ်ရှင်ဘက်မှ စံချိန်တောင်းသလောက်မပေးနိုင်တဲ့ အလုပ်သမားများကို "အလုပ်မလာနဲ့တော့"ဟုပြောဆိုထားလို့  လူနည်းခြင်းကြောင့် အိမ်သာမသွား၊ ရေမသောက်ဘဲ အထည်ပြည့်မှီရန် အသဲအသန်ချုပ်လုပ်ရခြင်း၊ ထိုသို့ချုပ်လုပ်ရာတွင် စံချိန်မပေးနိုင်သော အလုပ်သမားများကို အောစူပါ၊ စူပါများမှ ဆဲဆိုခြင်း၊ ဂုဏ်သိက္ခာမရှိအောင် အော်ဟစ်ပြောဆိုခြင်းများ နေ့စဉ်နေ့တိုင်း ပြုလုပ်နေခြင်း၊ အလုပ်ရှင်ဘက်မှ တောင်းခံသော အထည်များကိုမပေးနိုင်ပါက မိမိသဘောဆန္ဒဖြင့် အလုပ်ထွက်ရတယ်လို့ သိရပါတယ်။ 

စက်ရုံတွင်အသက်မပြည့်သေးသော နေ့စားများအလုပ်သမားများကို HP အနေဖြင့်ခေါ်ယူစေခိုင်းနေခြင်း၊ နေ့စားအလုပ်သမားများကို လစားခန့်ပြီးလျှင် အလုပ်တစ်ရက်ပျက်လျှင် နေစားအလုပ်သမားပြန်ထားပြီး လစာထုတ်ရာတွင်လည်း (၃၆၀၀) ကျပ်နဲ့သာပြန်ရှင်းပေးခြင်း၊ အလုပ်သမားများကို တနင်္ဂနွနေ့ပိတ်ရက်ကို အခြေခံလစာတိုးပေးထားသော ဒေးကြေးအလိုက် လစာထဲမထည့်ပေးဘဲ၊ ဒေးကြေး (၄၈၀၀) ကျပ်သာလစာထဲထည့်ပေးခြင်း၊ တနင်္ဂနွေ ကို အလုပ်မဆင်းရလို့ လစာအပြည်မပေးနိုင်ဘူးလို့လည်း အလုပ်ရှင်မှပြောဆိုထားတယ်လို့သိရပါတယ်။ 

အလုပ်သမားများက မိမိအလုပ်ပိတ်ရက်ကိုအချိန်ပိုအိုတီမဆင်းဘူးဆိုပါက မဆင်းမနေရဆင်းရဆိုကာ စက်ရုံဘက်မှချမှတ်ထားသော စည်းကမ်းများကို လိုက်နာမှုမရှိပါက မိမိသဘောဖြင့် အလုပ်ထွက်ပါလို့ဆိုကာ အချိန်ပိုကိုလည်းမဆင်းမနေရ ဖိအားပေးခိုင်းစေထားတယ်လို့လည်း သိရပါတယ်။ 

အဲ့ဒီလိုချိုးဖောက်ခံနေရမှုများကြောင့် အလုပ်သမားများက ယခင်ကပေးထားသော ကျွမ်းကျင်ကြေးများကို အလုပ်သမားများကိုပြန်ပေးရန်၊ အချိန်ပိုအိုတီများခေါ်လျှင် အလုပ်သမားများ သဘောဆန္ဒမေးမြန်းရန်နှင့် ဖိအားပေးစေခိုင်းခြင်း မပြုလုပ်ရန်၊ အလုပ်သမားများကို အောစူပါ၊ စူပါများမှ ဆဲဆိုခြင်း၊ ဂုဏ်သိက္ခာမရှိအောင် အော်ဟစ်ပြောဆိုခြင်းများ မပြုလုပ်ရန်၊ တနင်္ဂနွနေ့ပိတ်ရက်ကို အလုပ်သမားများ ဒေးကြေးအလိုက် လစာထံထည့်ပေးရန်၊ အလုပ်သမားများကို လစာထုတ်ရက်တွင် အလုပ်ချိန်အတွင်းသာထုတ်ပေးရန်ဆိုတဲ့ တောင်းဆိုချက်များ ကိုတောင်းဆိုထားပါတယ်။

#MyanmarLabourNews 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026