NEWS

Rum Yang အထည်ချုပ်စက်ရုံလုပ်သားများ အား တိုင်းဦးစီးခြိမ်းခြောက်၊ တောင်းဆိုမှု ရပ်တန့်

CoverLogo
579 Views
 
လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုနေကြတဲ့ Rum Yang (Myanmar) အထည်ချုပ်စက်ရုံ လုပ်သားတွေကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက တိုင်းဦးစီးအရာရှိက ခြိမ်းခြောက် ပြောဆိုခဲ့လို့ တောင်းဆိုမှု ရပ်တန့်ခဲ့ရတယ်လို့ သွေစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ထုတ်ပြန်ထားပါတယ်။
 
ရက်တွက် ဒေးကြေး တိုးပေးဖို့ တောင်းဆိုတဲ့ ငါးရက်မြောက်နေ့မှာ တိုင်းဦးစီးအရာရှိက ခြိမ်းခြောက်ခဲ့ တာလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
“စက်ရုံအလုပ်သမားတွေတောင်းဆိုမူက ဒီနေ့မလုပ်နိုင်ကြတော့ဘူး။ အလည တိုင်းဦးစီးအရာရှိက ဆက်တောင်းရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲ့ဒါကြောင့် စက်ရုံထဲ မကျေမနပ်နဲ့ ရုတ်သိမ်းလိုက်ရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားရုံးက ဦးစီးအရာရှိဆိုသူက ခြိမ်းခြောက်ခဲ့လို့ စက်ရုံထဲ ပြန်ဝင်ခဲ့ရတာလို့ သိရပါတယ်။ ဒီလို ခြိမိးခြောက်ပြီးနောက် စက်ရုံက အချိန်ပိုကြေး ကျပ် တစ်ရာ ပဲတိုးပေးခဲ့ပြီး ကျန်တဲ့ တောင်းဆိုချက်တွေကို စက်ရုံဘက်က လိုက်လျောတာ မရှိခဲ့ပါဘူး။
 
“ကြောက်လို့သာ လက်ခံလိုက်ရပေမယ့် စက်ရုံလုပ်သားတွေက မကျေနပ်ကြဘူး။ စက်ရုံထဲ အကုန် ပြန်မဝင်သွားဘူး။ စက်လိုင်းတစ်လိုင်းဆို မကျေနပ်လို့ ထွက်သွားတယ်။ တချို့လဲ ဒီနေ့ အလုပ်မဆင်း ကြဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအလုပ်သမားတွေက ရက်တွက်ဒေးကြေး တစ်သောင်းသုံးထောင်၊ အချိန်ပို တစ်နာရီ နှစ်ထောင်ငါးရာနဲ့ ရက်မှန်ကြေး ခြောက်သောင်း အထိ တိုးမြှင့်ပေးဖို့ အလုပ်သမား ၃၀၀ ဝန်းကျင်က ဇွန်လ (၉)ရက် မနက်ပိုင်းမှာ စတင် တောင်းဆိုခဲ့ကြတာပါ။
 
Rum Yang အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ မဟာမြိုင်လမ်းမှာ ရှိပြီး TEERANOVA ၊ AMISU တံဆိပ်အထည်တွေ ချုပ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။
 
လက်ရှိ လုပ်ခလစာ မလုံလောက်မှုကြောင့် ရက်တွက်ဒေးကြေး အပါအဝင် ရပိုင်ခွင့်တချို့ ကို တိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ များပြားနေပါတယ်။ တောင်းဆိုမှုတွေ ဖြစ်ပွားတဲ့ စက်ရုံတိုင်းမှာ ညှိနှိုင်းမှု ပြုလုပ်တိုင်း အလုပ်သမားအဖွဲ့ချုပ်တွေပါဝင်ခွင့် မပေးပေမဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေပဲ ပါဝင် ညှိနှိုင်းတာကိုတွေ့ရပါတယ်။
 
၂၀၂၅ ခုနှစ် မေလ ၁ ရက်မှာ ထုတ်ပြန်ထားတဲ့ STUM ရဲ့ စစ်တမ်းမှာ အလုပ်သမားတွေ ရရှိနေတဲ့ အနည်းဆုံး လုပ်ခလစာက တိုးမြှင့်သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026