NEWS

RUI XIN SHOES စက်ရုံမှာ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရ

CoverLogo
1.3K Views

ရန်ကုန်တိုင်းဒေသကြီး၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်လမ်းမှာဖွင့်လှစ်လုပ်ကိုင်နေတဲ့ RUI XIN SHOES ဖိနပ်စက်ရုံမှာ ခွင့်ခံစားခွင့်မရှိတာ အချိန်ပို နားရက်မရှိဆင်းပေးနေရတာနဲ့ စံချိန် အလွန်အကျွံတောင်းခံတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိခြင်းမရှိဘဲချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Janaအမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။

 

အလုပ်သမားဦးရေ ၁၃၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်းအလုပ်သမားရေးရာ ကိစ္စတွေအတွက် သမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့သိရပါတယ်။

 

RUI XIN SHOES စက်ရုံ အလုပ်ချိန်သည် မနက် ၇ နာရီခွဲမှ ည ၇နာရီထိကို အချိန်ပို (၃) နာရီ အလုပ်ဆင်းရပြီး အော်ဒါအရေးကြီးလို့ဆိုကာ သင်္ကြန် အကျော်ကာလ ပြန်တက်ကတည်းက အချိန်ပိုများကို တနင်္ဂနွေပိတ်ရက်မရှိဆင်းနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

အများပြည်သူ ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ကို မနက် ၇နာရီခွဲမှ ညနေ ၅နာရီထိ အချိန်ပိုဆင်းနေရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

 

"အချိန်ပိုမဆင်းလို့မရဘူး ဆင်းရတယ်။ နေ့စဥ်ရက်ဆက်အချိန်ပိုဆင်းရတဲ့ အပြင် စံချိန်ကိုလည်း အလုပ်သမား ထုတ်လုပ်နိုင်တဲ့ အရေးအတွက်ထက်ပိုမိုတောင်းခံနေပါတယ်။ စံချိန်ကို တစ်ရက်သတ်မှတ်လိုက်တာထက် နောက်နေ့ထက်တိုး ‌တောင်းတာတွေလုပ်တယ်။ အလုပ်သမားတွေမှာ ရေသောက်ချိန်၊ သေးပေါက်ချိန် မရှိသလောက်ဖြစ်နေတာပါ သတ်မှတ်စံချိန်မပြည့်မီရင် အောစူပါတွေ စူပါတွေက ဆဲဆိုပြောဆို တာခံနေရပါတယ်"လို့အမည်မဖော်လိုတဲ့ စက်ရုံအလုပ်သမားကပြောပါတယ်။

 

လုပ်ငန်းခွင်အတွင်း အလုပ်သမားလိုအပ်ချက်များရှိတာကြောင့် နေ့စား အလုပ်သမားခေါ်ယူ လုပ်ကိုင် စေပြီး နေ့စားသမားများကို လကုန်မှ လစာ ရှင်း ပေးပြီး အလုပ်ဆင်းသည်ရက်ကိုသာရရှိကာ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်များအတွက် ထည့်သွင်းတွက်ချက်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။

 

အလုပ်သမားများအနေဖြင့် ဥပဒေပါ ခွင့်ရက်များ မရရှိ နေဘဲ လူမှုဖူလုံရေး ဆေးခွင့် တင်ပါကလဲ ခံစားခွင့်မရရှိဘဲ ခွင့်မဲ့ ဖြစ်သွားပြီး လူမှုဖူလုံရေးကြေးများလစဥ်ဖြတ်တောက်ခံနေရတယ်လို့ ဆိုပါတယ်။

 

"အမှန်ဆို လူမှုဖူလုံရေးခွင့်တင်ရင် လစာကို အလုပ်ရှင်ဘက်ကလစာ အပြည့်ထည့်ပေးလို့ရပါတယ်။ ပြီးမှ လူမှုဖူလုံရေးမှာ ပြန်ထုတ်ရတာပဲ။ အခုကျတော့ လူမှုဖူလုံရေးကပေးတာလဲမရ၊ အလုပ်ရှင်က လည်းမပေးဘဲ ခွင့်မဲ့ဖြစ်သွားပါတယ်။ လူမှုဖူလုံရေး ကြေးကိုတော့လစာထဲက အချိုးကျ ဖြတ်တောက်ခံရ တယ်"လို့ အလုပ်သမားကပြောပါတယ်။

 

ယင်းကဲ့သို့အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများကို စက်ရုံအတွင်း ဖြေရှင်းပေးမှုမရရှိတဲ့အပြင် ဌာနဆိုင်ရာကို တိုင်ကြားဖို့လည်း အခက်တွေ့နေတယ်လို့ဆိုပါတယ်။

 

အလုပ်သမား တွေ အနေနဲ့ အချိန်ပိုများကိုခိုင်းစေပါက အလုပ်သမားသဘောဆန္ဒကောက်ယူရန် ၊ အချိန်ပို မလုပ်ချင်သူများကို လုပ်ခွင့်မပြုရန်၊ စံချိန်များကို အလုပ်သမားလုပ်နိုင်သည့် စံချိန်ကိုသာတောင်းခံရန်၊ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ နေ့စားအလုပ်သမားများကို တနင်္ဂနွေနေ့အတွက် လုပ်ခလစာကို ဘက်ဒိတ်ဖြင့် ပြန်လည် တွက်ချက် ပေးရန်၊ လူမှုဖူလုံရေးဆေးခွင့်တင်ပါက အလုပ်ရှင်မှ လစာတွင် အကျိုးခံစားခွင့်ကို ထည့်ပေးရန်နှင့် မရရှိသေး သည့် ဆေးခွင့်များရဲ့ ငွေကြေးခံစားခွင့်များကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန်၊ အောစူပါ၊ စူပါများမှ ရိုင်းဆိုင်းစွာဆဲဆိုခြင်းမပြုရန်၊ သောက်သုံးရေကို ရေသန့် စီစဥ်ပေးရန်စတာ တွေ ဖြေရှင်းပေးစေလိုတယ် လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026