NEWS

Rong da အထည်ချုပ် စက်ရုံ တောင်းဆိုမှု ညှိနှိုင်းနေဆဲ

CoverLogo
385 Views
 
ဝါးတရာစက်မှုဇုန်က Rongdaအထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေက ‌လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုနေမှုက ညှိနှိုင်းနေဆဲဖြစ်တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ လုပ်ခလစာတိုးမြှင့်ပေးဖို့ကို ဇွန် ၁၃ ရက် မနက် ၉ နာရီကျော်မှာ စတင်တောင်းဆိုခဲ့တာလို့ သိရပါတယ်။
 
“စက်ရုံပိုင်ရှင်က ညနေ ၃ နာရီလောက်မှ ရောက်လာတယ်။ အဲ့မှာ စက်လိုင်းခေါင်းဆောင်တွေ၊ အောစူပါတွေ၊ မန်နေဂျာတွေ၊ စက်ရုံမှူးတွေနဲ့ တွေ့ပြီး အစည်းအဝေးလုပ်တယ်။ ဒီနောက်မှ တောင်းဆို ဆန္ဒပြနေတဲ့ အလုပ်သမားတွေထဲက ကိုယ်စားလှယ် သုံးခေါ်ပြီး ညှိနှိုင်းတယ်။ ဒီလောက်ပဲ သိရသေးတယ်။ အလုပ်သမားတွေကို ညနေ ၄ နာရီခွဲမှာ ပြန်လွတ်လိုက်တယ်။” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
ရက်တွက် ဒေးကြေး ၈၈၀၀ ၊ အချိန်ပို တစ်နာရီ ကျပ် ၂၀၀၀ နဲ့ ရက်မှန်ကြေး ကျပ် ၂၀၀၀၀ ကနေ ဒေးကြေးကျပ် ၁၃,၀၀၀၊ အချိန်ပို တစ်နာရီ ၂၅၀၀နဲ့ ရက်မှန်ကြေး တိုက်သင့်တာ တိုးပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီလို တောင်းဆိုမှုတွေ ဖြစ်လာတဲ့ အကြောင်းကို အလုပ်သမားတဦးက အခုလို ပြောပါတယ်။
 
“တခြားစက်ရုံတွေ လုပ်ခတွေတိုးနေကတည်းက ညီမတို့ကိုလည်း တိုးပေးဖို့ ပြောခဲ့ပါတယ်။ စက်ရုံဘက် ကလည်း တိုးပေးမယ်၊ ညှိပေးမယ်ဆိုပြီး တိုးမပေးလို့ အခုလို ဆန္ဒပြခဲ့ကြတာပါ။ အလိုက်သင့် တိုးပေးမယ် ဆို ဒီလိုတွေ တွေ့ရမှာ မဟုတ်ပါဘူး.” လို့ ပြောပါတယ်။
 
Rong da အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၂၀၀၀ ကျော်ရှိပြီး အဲဒီထဲက အလုပ်သမား ၂၀၀၀ ဝန်းကျင်က လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
 
RONG DA Garment စက်ရုံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တယ်လို့ Myanmar Labour News ကသိရှိထားပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မင်းဗန္ဓုဘုရားလမ်းမှာရှိပြီး လုပ်သား ၂၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။
 

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026