NEWS

Rong Da အထည်ချုပ် စက်ရုံနှင့် အလုပ်သမားများ သဘောတူညီမှုရ၊ တောင်းဆိုမှု ပြီးဆုံး

CoverLogo
281 Views
 
Rongda အထည်ချုပ် စက်ရုံ အလုပ်သမားတွေ ‌လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုမှုကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပြီလို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ဒေးကြေး ၁၀၀၀၀ နဲ့ အိုတီ ၂၂၀၀ ပါ။ ရက်မှန်ကြေးက ၆၀၀၀၀ ပါ၊ တရက်ပျက်တာနဲ့ အကုန်ဖြတ်မယ်။ အလုပ်သမားတွေ သဘောတူလို့ စာချုပ် ချုပ်လိုက်ပါပြီ။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တောင်းဆိုဆန္ဒပြတဲ့ ရက်နှစ်ရက်အတွက် ဒေးကြေးမရဘဲ အလုပ်ဖွင့်ရက်မှာ လုပ်ငန်းခွင်ပြန်ဝင်မှာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေက ဒေးကြေး ၈၈၀၀ ၊ အချိန်ပို တစ်နာရီ ၂၀၀၀ ကနေ ဒေးကြေး ၁၃၀၀၀၊ အချိန်ပို ၂၅၀၀ နဲ့ တိုက်သင့်တဲ့ ရက်မှန်ကြေးတိုးပေးဖို့ တောင်းဆိုခဲ့တာပါ။
 
ညှိနှိုင်းမှု အစောပိုင်းမှာ စက်ရုံဘက်က လုပ်ခပေးချေမဲ့ လုပ်ခလစာ ပုံစံ ၃ မျိုးနဲ့ ညှိနှိုင်းခဲ့ပေမဲ့ အလုပ်သမားတွေက အဲ့ဒီပုံစံတွေကို လက်မခံခဲ့ပါဘူး။
 
"တောင်းဆိုမှု သတင်းတက်လာပြီး အလုပ်သမားရုံးက လူကြီးတွေရောက်လာတယ်။ ဆက်ညှိတော့ ရတဲ့ ရလဒ်ကို အလုပ်သမားတွေက လက်ခံတော့ သဘောတူစာချုပ် ချုပ်နိုင်ခဲ့တာပါ။ အားလုံး ညီညွတ်လို့ အခုလို ရတာပါ။" လို့ အလုပ်သမားတဦးက ပြောပါတယ် ။
 
တောင်းဆိုမှုကို ဇွန် ၁၃ ရက် မနက်ပိုင်းမှာ စတင်ခဲ့ပြီး နောက်တရက်မှာ ပြီးဆုံးခဲ့တယ်လို့ ပြောပါတယ်။ Rong Da စက်ရုံမှာ အလုပ်သမား ၂၀၀၀ ကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းက တောင်းဆိုမှုမှာ ပါဝင်ခဲ့တယ်လို့ ပြောထားပါတယ်။
 
RONG DA Garment စက်ရုံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တယ်လို့ Myanmar Labour News ကသိရှိထားပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မင်းဗန္ဓုဘုရားလမ်းမှာရှိပါတယ် ။

Related posts

Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း
Mar 24, 2026
Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026