NEWS

Riders တို့ရဲ့ တိုက်ပွဲ တတိယမြောက်နေ့

CoverLogo
1.9K Views

မြန်မာနိုင်ငံမှာလာရောက်ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Foodpanda  အစားအသောက် ပို့ဆောင်ရေးလုပ်ငန်း မှာ လုပ်ကိုင်နေကြတဲ့ အစားအသောက်ပို့ဆောင်သူ Riders တွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေအပေါ် ကျေနပ်မှုမရှိလို့ အလုပ်မဆင်းသပိတ်ကိုပြုလုပ်နေတာပါ။

တတိယ နေ့ကို ရောက်ရှိလာပြီဖြစ်တဲ့ အလုပ်မဆင်းသပိတ်အနေနဲ့ ကုမ္ပဏီက ထုတ်တဲ့ ထုတ်ပြန်ချက်အပေါ် ဖြေရှင်းချက်ထုတ်လာပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ သပိတ်မှာ ပါဝင်တဲ့ Rider တစ်ဦးကိုမေးမြန်းထားပါတယ်။

မေး -  Riders တွေထုတ်ပြန်ချက်အရ ကုမ္ပဏီက  သူတို့ရဲ့ အခြေခံအော်ဒါကြေး  ကို ၅၈၀ လို့ သက်မှတ်ထားပေမယ့် တကယ်တမ်းရနေတာက ၃၅၀/၄၀၀ ပဲရတယ်လို့ ပြောတယ်ပေါ့နော် အဲ့တာ ဘယ်တုန်းထဲက အဲ့ဒီလိုဖြစ်နေတာလဲ။

ဖြေ - ကျနော်တို့ ပထမအကြိမ် သပိတ်မှောက်တာ ၃လပိုင်းပေါ့နော် အဲ့ဒီမတိုင်ခင် ၂လပိုင်းလောက်ထဲက အဲ့ဒီ့ ပြဿနာ စတက်တာပေါ့နော် ကျနော်တို့ သပိတ်မှောက်တုန်းကလဲ ကြားလိုက်မှာပါ အဲ့တာကို software error ဆိုပြီးတော့ အော်ဒါကြေးတွေ ၁၀၀ ကျော်တွေ ၂၀၀ တွေဖြစ်တဲ့အခါမှာ  Riders တွေက သည်းမခံနိုင်တော့ တဲ့ အချိန်မှာ ၃လပိုင်းလောက်မှာ စပြီးတော့ သပိတ်မှောက်ဖို့ စဖြစ်လာတော့ပေါ့ဗျာ အဲ့ဒီမှာ ကျနော်တို့ က ကြေးတခုကို သတ်မှတ်လိုက်တယ်ပေါ့ဗျာ။ ၆၇၀ပေါ့ အော်ဒါတခုဝင်လာတာနဲ့ အခြေခံကြေးက ၆၇၀ကနေစရမှာပေါ့နော် Riders အားလုံးရဲ့ သဘာတူညီမှုကိုယူပြီးတော့ တောင်းဆိုတယ် ရုံးဖက်ကို  ဒါမျိုးလုပ်ပေးဖို့ပေါ့နော်။ ၆၇၀ကနေစပြီးတော့ သွားလာရတဲ့ အကွာအဝေးပေါ်မူတည်ပြီးတော့ ကျနော်တို့ ရပိုင်ခွင့်ကိုရရှိဖို့တောင်းဆိုခဲ့တယ်။ အဲ့မှာ ကြားထဲမှာ အကြိမ်အကြိမ် အခါခါဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာပေမယ့်လည်း ကျနော်တို့ ပြောတဲ့ အဓိက အော်ဒါကြေးကိစ္စရယ်၊ မြေပြင်မှာသွားလာရတဲ့ မြေပုံကို ပြုပြင်ပြောင်းလဲပေးဖို့ ကိစ္စရယ်ကို လုပ်ဆောင်ပေးခြင်းမရှိဘူး။ ကျနော်တို့ကို ပြောထားတဲ့ Auto System တွေဘာညာကို အချက်၅ချက်ကိုတော့
လုပ်ပေးပါ့မယ်ပြောတယ်။ဒါပေမယ့် တကယ်လုပ်လာတဲ့ အချိန်ကြတော့ ကျနော်တို့ လိုချင်တဲ့ပုံစံမဟုတ်ဘဲနဲ့  အာမခံ ကုမ္ပဏီ တခုနဲ့ ကျနော်တို့ကို ချိတ်ပေးလိုက်တယ်ဗျာ။ ကျနော်တို့လိုချင်တာ တကယ်လို့ Rider တစ်ယောက်က ထိခိုက်မှု တခုရှိလာရင် ကုမ္ပဏီဘက်က ဒါရိုက် တာဝန်ခံမှုလိုချင်တာ။ ရှင်းရှင်းပြောရရင် Rider တယောက် ဒုက္ခရောက်သွားရင် ကုမ္ပဏီဘက်က ဆေးကုသစရိတ်ပုံစံမျိူးဖြစ်ဖြစ်၊ အလှူငွေဖြစ်ဖြစ် ပေါ့ဗျာ ဂရုစိုက်မှု တယောက်နဲ့ တယောက်လေးစားမှုပေါ့ဗျာ ဒါမျိုးတွေ လိုချင်တာ။ အဲ့မျိုးမဟုတ်ဘဲ အာမခံကုမ္ပဏီ တခုနဲ့ ကျနော်တို့ ကို ချိတ်ဆက်ပေးလိုက်တယ်။ အာမခံကို ကိုယ့်ဘာသာကိုယ်ဝယ်ဆိုတဲ့ ပုံစံမျိူးလုပ်ပေးလိုက်တယ်။ အဲ့တော့ ကျနော်တို့က အဲ့တာတွေကို လက်မခံဘူး အဲ့တာကြောင့် ခု ဇွန်လ ၆ရက်နေ့က စပြီး သပိတ်မှောက်ဖို့ အတွက်ကို ၁လလုံးပြင်ဆင်လာခဲ့တယ်ပေါ့နော်။ ဒီနေ့ဆို ၃ရက်မြောက်နေ့ပေါ့နော် ထွက်ဆွဲနေတဲ့ Rider တော့ရှိတယ် သူတို့ဘက်က အသစ်ထည့်ထားတဲ့ Riders တွေတော့ ရှိတယ်။ ဒါပေမယ့် ရင်ဘက်ခြင်းတူတဲ့ ညီအကိုတွေကတော့ မဆွဲဘူးပေါ့နော် မဆင်းပဲနားနေကြတယ်ပေါ့နော်။

မေး - အခုလို သပိတ်မှောက်နေတဲ့ အချိန် ကုမ္ပဏီဘက်ကလူအသစ်ခေါ်တာတွေဘာတွေရှိလား။

ဖြေ - ကျနော်တို့ ၆လပိုင်းသပိတ်မှောက်မယ်လို့သတင်းပေါက်မှုအတွက်တော့ လူသစ်တွေကြိုခေါ်တာတော့ ရှိတယ်။ ဒီရက်ပိုင်းခေါ်တာတော့ မသိဘူးပေါ့နော် အရင်ကတော့ ထုတ်မသုံးဘဲ ကျနော်တို့ သပိတ်မှောက်တော့ မှ ထုတ်သုံးတာပေါ့နော်။

မေး - အခုတော့ Foodpanda မှာ Rider အဖြစ် လုပ်နေတာ သက်တမ်းဘယ်လောက်ရှိပြီလဲ
ဖြေ - ကျနော် လုပ်သက် ၂နှစ်ကျော်ပါပြီ။

မေး - Riders တယောက်မှာ သုံးတဲ့ ပစ္စည်းတွေ ဝတ်စုံတို့ အစားအသောက်ထည့်တဲ့ ပုံးတို့ စက်ဘီးတို့က ရော ကုမ္ပဏီဘက်က ထောက်ပံ့တာမျိုးရှိလား။

ဖြေ - ရှင်းရှင်းပြောရရင် ကျနော်တို့ ကိုယ်ဘာသာ ကိုယ်ဝယ်ရတာပေါ့ သူတို့ Deposite ကြေးဆိုပြီး အရင်ကတော့ ၆၅၀၀၀ ပေါ့ အခုတော့ ၈၅၀၀၀ ခွဲပေါ့။ ကျနော်တို့ဝင်ဝင်ချင်း ဝင်ကြေး ၄၀၀၀၀ သွင်းရတယ် ဘာရလဲဆိုတော့ Foodpanda အင်္ကျီ ၃ထည်ရတယ်၊ အစားအသောက်ထည့်တဲ့ Box တပုံးရတယ်၊ ဉီးထုတ်တလုံးရယ်ပေါ့ ပြီးသွားရင် ကျနော်တို့ ဆွဲရမယ့်အကောင့်တွေဘာတွေပေါ့ အဲ့တာပါပဲ။ ရှင်းရှင်းပြောရရင် ပစ္စည်းအားလုံးက ကိုယ့်ဟာတွေပဲ သူတို့က ကုမ္ပဏီထောင်ထားတယ် Marketing ဆင်းတယ် ရှင်းရှင်းပြောရရင် ပွဲစားသဘောမျိုးပဲ ကာစတန်မာရယ်ဆိုင်ရယ်ကြားမှာ Service ပြုလုပ်လိုက်တဲ့ သဘောပဲ။

မေး - အခုသပိတ်မှောက်တာ ၃ရက်မြောက်ရှိသွားပြီဆိုတော့ပါဝင်ပေးကြတဲ့  စားသုံးသူတွေကို ဘာတွေများပြောချင်ပါသလဲ။


ဖြေ - စားသုံးသူတွေကိုတော့ ဒီတိုက်ပွဲမှာ ကာစတန်မာကို အဓိက အားထားပြီးလုပ်တာဖြစ်တယ်။ Riders ကတော့ဘယ်လောက်ပဲ ညီညီ သူတို့ဘက်မှာ အသစ်သွင်းတာတွေရှိတယ်ပေါ့နော် ကာဘာတွေရှိတယ်ပေါ့နော် အဲ့တာတွေနဲ့သူတို့က ထိန်းချုပ်ပြီး ခိုင်းစေနေတာပေါ့ သူတို့ ရပ်တည်နိုင်အောင်ပေါ့ အဲ့တာကြောင့် ကျနော်တို့က ကာစတန်မာ မမှာဘူးဆိုရင် အော်ဒါမရှိဘူးပေါ့နော် ကာစတန်မာကိုဖြစ်နိုင်ရင်ကျနော်တို့က လုံးဝပေါ့နော် ကျနော်တို့ Page တွေမှာ မတင်မချင်း မမှာစေချင်ဘူးပေါ့နော်။ အဲ့မှာမှ ကာစတန်မာတွေက ကျနော်တို့ကို ကူညီချင်တယ်ဆိုရင် application ကိုဖြုတ်ချတာဖြစ်ဖြစ် သူတို့ app တွေ  page တွေမှာ 1 star ပေးပြီး bed review ပေးပြီး သူတို့ရဲ့ rating ကို ချပေးပြီး လုပ်ဆောင်ပေးရင် ပိုပြီးထိရောက်မှုရှိတယ်ပေါ့နော်။ သူတို့က နိုင်ငံတကာ ကုမ္ပဏီဖြစ်တဲ့ အတွက် rating  ကျရင်သူတို့ အတွက် ထိရောက်မှုရှိတယ်ပေါ့နော်။

မေး - လောလောဆယ် သပိတ်မမှောက်ခင်ကာလက Riders တယောက်အနေနဲ့ တရက်ကို လုပ်အားခဘယ်လောက်ရနိုင်လဲ။

ဖြေ - ခုလက်ရှိအနေအထားဆို ၁၀၀၀၀/၁၅၀၀၀  ဆိုတာ မနက်၇က နေ ည၈ ထိ သေအောင်နင်းမှရတော့မှာ။အဲ့မှာမှ အခက်အခဲတွေက အများကြီးရှိတာပေါ့နော် ရုံးနဲ့အဆင်ပြေတဲ့လူမှ သူတို့ Target ရရင်တော့ ၂၀၀၀၀/၂၅၀၀၀ တော့ ရတာပေါ့သူတို့ အော်ဒါချပေးရင် ချပေးသလောက်တော့ ရတာပေါ့။

မေး - ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါလဲ။


ဖြေ - ထုတ်ပြန်ချက်ကတော့ ကုမ္ပဏီဘက်ကထုတ်ပြန်လိုက်တာကို လက်မခံဘူး ကျနော်တို့ လိုချင်တဲ့ အချက်တွေကို ရအောင်တိုက်သွားမယ်။ အဲ့မှာမှ ကျနော်တို့နဲ့ ကာစတန်မာတွေ ပူးပေါင်းပြီး ရပ်တည်သွားရင် အမြန်ဆုံးအောင်မယ်ပေါ့နော်၊ ကျနော်တို့က ကုမ္ပဏီဘက်ကိုလည်း နစ်နာပါစေ ထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက်တခုမှ မပါပါဘူး။ ကျနော်တို့ရဲ့ စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ရပ်တည်ဖို့အတွက် ကျနော်တို့ လက်ရှိမြေပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းဖို့အတွက် တောင်းဆိုနေတာပါ အရင်ကလို panda မှာ ၁၀၀၀တွေ ၁၈၀၀ တွေ ပြန်တောင်းနေတာလဲမဟုတ်ဘူး မြန်မာနိုင်ငံကို စဝင်လာတဲ့အချိန်မှာ ကျနော်တို့တွေ ၁ရက်ကို ၈၀၀၀၀တို့ ၆၀၀၀၀ တို့ရခဲ့ဘူးတယ်။ အဲ့ဒီလိုမျိုး အနေအထားမျိုးတွေပြန်တောင်းနေတာလဲမဟုတ်ဘူး ကျနော်တို့ သင့်တင့်မျှတတဲ့ အောင်ဒါကြေးတွေကို တောင်းတာပါ အဲ့တာကို ကုမ္ပဏီဘက်ကနေ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ကာစတန်မာရဲ့ ဖိအားက အဓိက ကျပါတယ်။ ကာစတန်မာက ကျနော်တို့ဘက်က ရပ်တည်ပေးမယ်ဆိုရင်ကျနော်တို့ အမြန်ဆုံးဒီတိုက်ပွဲကိုအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026