NEWS

RHEA WORKSHOP စက်ရုံ ဝင်ငွေခွန်ဆိုပြီး အထောက်အထားမပေးဘဲ ဖြတ်တောက်

CoverLogo
318 Views
 
RHEA WORKSHOP ( ချားရစ်(စ်) အရုပ်စက်ရုံအလုပ်သမားတွေကို ဝင်ငွေခွန်ဆိုပြီး အထောက်အထား တစုံတရာ မပေး လုပ်ခလစာထဲက ဖြတ်တောက်နေတာတွေ့ရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုလုပ်သမားများအဖွဲ့ချုပ်- IWFM တာဝန်ရှိသူက ပြောပါတယ်။
 
“ဝင်ငွေခွန်ဆိုပြီး စက်ရုံက ပိုက်ဆံဖြတ်ပါသည်။ ဒီခွန်နှင့် ပတ်သက်ပြီး အလုပ်သမားတွေကို ရှင်းပြတာမတွေ့ရဘူး ။ ကလေးရှိလား၊ အိမ်ထောင်ရှိလား၊ မိဘရှိလား ဒီလောက်ပဲမေးတယ်။ ဘာအတွက်၊ ဘယ်လောက်ဖြတ်တယ် ဆိုတာရှင်းမပြဘူး။ ပြီးတော့ ဒီအခွန်ဆောင်ထားတယ်၊ လက်ခံစတဲ့ အထောက်အထားတွေ အလုပ်သမားတွေ မရကြဘူး” လို့ ပြောပါတယ်။
 
အခွန်ဆိုပြီး ဖြတ်တောက် (၆) လလောက်ရှိပြီး လူပျို၊အပျို ၅၀၀၀ ၊ အိမ်ထောင်သည် ၄၀၀၀ ဆိုပြီး လုပ်ခလစာထုတ်ထဲကနေ ဖြတ်တောက်နေတာလို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ မိဘရှိ၊ အိမ်ထောင်ရှိ၊ သားသမီးရှိဆိုအခွန်က နည်းနည်းဆောင်ရမှာလို့ သိထားတယ်။ အခုက အားလုံးကို တပြေးညီ ဖြတ်တောက်နေတာ။ ဖြတ်တဲ့အခွန်ကို ဌာနကိုပေးသွင်းတာ၊ ညီမတို့ အခွန်ဆောင်ထားတဲ့ အထောက်အထား အဲ့ဒါတွေ တခုမှ မရ” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအတွင်း အလုပ်သမာ ၁၀၀၀ ဝန်းကျင်ရှိပြီး အားလုံးနီးပါး ဖြတ်တောက်ခံရတယ်လို့လည်း ဆိုပါတယ်။ ဒီလို အခွန်ဖြတ်တောက်ဖို့ အထက်က ညွှန်ကြားတယ်ဆိုပေမဲ့ ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်တွေထဲက ဆေးခွင့်ကလွဲပြီး ကျန်ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေကို စက်ရုံဘက်က မပေးဘူးလို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
“ဆေးခွင့်ကလွဲလို့ တခြား ခွင့်တွေ စက်ရုံဘက်က မပေးပါဘူး။ ဖုန်းဆက် ခွင့်တိုင်လည်း စက်ရုံက ပျက်ကွက်ပဲ သတ်မှတ်တယ်။ အဲ့လိုဆို လုပ်ခလစာ အဖြတ်ခံတင် မဟုတ်ဘူး တနင်္ဂနွေနေ့အတွက် ဒေးကြေးမပေးဘူး၊ ဝမ်တိန်ထိုး ခိုင်းတယ်” လို့ ပြောပါတယ်။
 
ဒါ့အပြင် စနေနေ့ အချိန်ပိုမဆင်းပဲ နေအိမ်ပြန်တဲ့ အလုပ်သမားတွေကို တနင်္ဂနွေနေ့တွက် ဒေးကြေးမပေးတဲ့ အပြင် စံချိန်တွေကို အော်စူပါ၊ စူပါတွေတွေက ဆဲဆိုတောင်းခံတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အချိန်ပိုတွေဆင်းဖို့ အလုပ်သမားတွေ ဆန္ဒမရှိလည်း စက်ရုံဘက်ကခေါ်တယ်။ အတင်းလက်မှတ်ထိုးခိုင်းတယ်။ မဆင်းရင် ဒေးကြေး၊ ရက်မှန်ကြေးအဖြတ်ခံရတယ်၊ အစည်းအဝေးခေါ်ပြီး အပြောအဆိုတယ်။ စံချိန်မရလို့ အော်ပြော၊ အော်ဆဲဆိုတယ်။ ဒါတွေက EC စာချုပ် ချိုးဖောက်တာ.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ခွင့်ရက်တွေကို စက်ရုံဘက်က ခွင့်မပြုပေမဲ လုပ်ငန်းခွင်ထဲမှာ ဆေးပေးခန်း၊ သူနာပြုနဲ့ အရေးပေါ်ဆေးကုဖို့ ဆေးတွေ မရှိသလို ဂိတ်ပတ်စ်တောင်းလည်းမရဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အလုပ်ဝင်ချိန်မှတ်တမ်းစက်မှာ ရိုက်တာနောက်ကျပါက ငွေကြေးဖြတ်တောက်မှုတွေ ပြုလုပ်တယ်လို့ ပြောပါတယ်။
 
“ဂိတ်ပတ်စ်က မနက်ပိုင်း ၁၁နာရီခွဲမှ ပေးတယ်။ အဲ့တာဆို ရက်မှန်ကြေး ၂၀,၀၀၀ ကျပ်အဖြတ်ခံရတယ်။ တိုင်းကဒ်ကို အချိန်စောလည်း ရိုက်မရဘူး။ ကဒ်ရိုက် နောက်ကျရင်လည်း ၄၀,၀၀၀ ၊ ၃၀,၀၀၀ ၊ ၂၀,၀၀၀ အဲ့လိုတွေ အဖြတ်ခံရတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်ချိန် မနက် ၇ နာရီခွဲမှာ စတင်ပေမဲ့ အလုပ်သမားတွေကို ၇ နာရီ မိနစ်၂၀ မှာ အလုပ်ထဲ ဝင်ရောက်လို့ မနက်စာ မစားရတာ ၊ ကျန်းမာရေးကိစ္စတွေ အဆင်မပြေတာတွေ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အစာပြေမစားရတဲ့သူ ရှိတယ်၊ ကျန်းမာရေးကိစ္စတွေ မလုပ်ရဘူး။ သောက်ရေတောင် ကောင်းကောင်းမသောက်ရဘူး။ လုံလုံလောက်လောက်လည်း မရှိဘူး။ လာတာနောက်ကျလို့ တိုင်းကဒ်ရိုက်တာ ထင် မထင် မသိရဘူး။ တိုင်းကဒ်ရိုက်တာ မထင်တာ အချိန်ကိုစောရိုက်မိရင် အဖြတ်ခံရတယ်။ “လို့ အလုပ်သမားတွေက ပြောပါတယ်။
 
RHEA WORKSHOP ချားရစ်(စ်) အရုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်လမ်းမှာ ဖွင့်လှစ်ထားပြီး ထိုင်ဝမ်နှင့် ကိုရီးယား ဖက်စက်ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026