NEWS

Ram Yang အထည်ချုပ် လုပ်သားတွေ ဒေးကြေးတိုးပေးရန် ဆက်လက်တောင်းဆို

CoverLogo
481 Views
 
လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဒုတိယမြောက်နေ့ တောင်းဆိုနေတဲ့ Ram Yang အထည်ချုပ်စက်ရုံမှ လုပ်သား(၅၀)ဦး ကို ခြိမ်းခြောက်လက်မှတ်ထိုးဖို့ စက်ရုံမှ စူပါကအဓမ္မဆွဲခေါ်ကာ စက်ရုံတံခါး ပိတ်ထားလို့ တောင်းဆိုတဲ့ အလုပ်သမားတွေနဲ့ ပဋိပက္ခဖြစ်ပွါးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အဆိုပါကိစ္စနဲ့ ပတ်သက်လို့ ဇွန်လ (၉)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang(Myanmar) အထည်ချုပ်စက်ရုံ လုပ်သားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဒုတိယမြောက်နေ့ စုပေါင်းတောင်းဆိုနေစဉ်အချိန်တွင် ဖြစ်ပွါးခဲ့တာလို့ သိရပါတယ်။
 
“လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို နေသူတွေကို ခြိမ်းခြောက် လက်မှတ်ထိုးဖို့ဆိုပြီး စူပါ က အဓမ္မ ဆွဲခေါ်ပြီး စက်ရုံတံခါး ကို ပိတ်ထား လိုက်တယ်။ အခုတောင်းဆိုနေတဲ့ အလုပ်သမား တွေနဲ့ ပဋိပက္ခတွေဖြစ်ကုန်ကြပါပြီ။ အလုပ်သမား ၅၀ လောက်ကို စူပါတွေကဆွဲခေါ်ပီးပိတ်လှောင်ထားတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
TEERANOVA ၊ AMISU အမှတ် တံဆိပ်များ ချုပ်လုပ်တဲ့ ဝါးတရာ စက်မှုဇုန်မှ Rum Yang အထည်ချုပ်စက်ရုံက လုပ်သားတွေက ဇွန်လ ၆ ရက်နေ့က စတင်ကာ အနည်းဆုံး လုပ်ခ (၁၃,၀၀၀) ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာပါ။
 
Rum Yang အထည်ချုပ်စက်ရုံ လုပ်သားတွေက (၁) Day ကြေး (၁၃,၀၀၀) ကျပ်တိုးပေးရန် (၂) OT ကြေး (၂,၅၀၀) ကျပ် တိုးပေးဖို့နဲ့ (၃) ရက်မှန်ကြေး (၆၀,၀၀၀) ကျပ်တို့ကို တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။
 
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းနဲ့ လူနေမှု စရိတ် တစ်နေ့ထက် တစ်နေ့ ကြီးမြင့်လာတာတွေကြောင့် လက်ရှိ အခြေခံလုပ်သားများ ရရှိတဲ့ လုပ်ခလစာတွေဟာ ဖူလုံမှုမရှိသည့်အတွက် စက်ရုံလုပ်သားတွေဟာ လုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေရှိလာပါတယ်။
 
ထိုသို့ တောင်းဆိုတဲ့အခါ "စက်ရုံအများစုက အခြေခံလုပ်ခလစာနှုန်းထားကို မတိုးပေးပါ။ နေ့စားခ (ဒေးကြေး) ကဲ့သိုခိုင်မာမှု မရှိတဲ့ ထောက်ပံ့ကြေးခေါင်းစဉ်ဖြင့်သာ တိုးပေးတာတွေရှိပါတယ်။
 
စက်ရုံအချို့တွင် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းတဲ့အခါ ဝန်ကြီးဌာနအဖွဲ့ဝင်တွေသာ ပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့တွေနဲ့သာ ဆွေးနွေးကြပြီး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တွေကို ဝင်ရောက် ညှိနှိုင်းခွင့်မပြုတာတွေရှိပါတယ်"လို့ STUM ကဖော်ပြထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026