NEWS

RAINBOWTEC MYANMAR စက်ရုံ ခွင့်မပေးဘဲ ရက်ပျက်ဆိုပြီး ကျပ် ၃၀၀၀၀ နီးပါး ဖြတ်တောက်

CoverLogo
646 Views
 
ရန်ကုန်မြို့၊ စက်မှုဇုန် ၂၊ လမ်းဦးထွန်းညှိလမ်းမှာ ဖွင့်လှစ်ထားတဲ့ RAINBOWTEC MYANMAR Manufacture Co.Ltd စက်ရုံမှာ အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူတွေက ခွင့်မပေးဘဲ၊ ရက်ပျက်တယ်ဆိုပြီး ကျပ် ၃၀၀၀၀ နီးပါးကို ဖြတ်ထောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ရှောင်တခင်ခွင့်၊ ဆေးခွင့် ဘာမှမရတာ၊ ခွင့်မရလို့ အလုပ် တစ်ရက်ပျက်တာ ဒေးကြေး ၅၈၀၀ ၊ ရက်မှန်ကြေး ၂၀၀၀၀ ၊ အထည်ကြေး ၄၀၀၀ ၊ အားလုံး ၂၉၈၀၀ အဖြတ်ခံရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
RAINBOWTEC MYANMAR Manufacture Co.Ltd စက်ရုံကို တရုတ်အမျိုးသားပိုင်ဆိုင်ပြီး လုပ်သား ၁၀၀၀ ကျော်နဲ့ TORRINGTON တံဆိပ်ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်း အသက် ၁၅နှစ်အထက် လူငယ်၊ လူရွယ်အလုပ်သမားတွေ ရှိနေပြီး သောက်သုံးရေ အဆင်မပြေတာနဲ့ အိမ်သာ သန့်ရှင်းမှုမရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ် ထုတ်ချင်ပြီဆိုရင် အကြောင်းပြချက်မရှိဘူး၊ မေးမြန်တာလည်း မရှိဘူး ၊ ဒီတိုင်း အလုပ် ထုတ်ပစ်တာပါ။” လို့ ပြောပါတယ်။
 
အထည်ချုပ်ခအတွက် ပွိုင့် တစ်ပွိုင့်ကို တစ်ကဒ်ကြေး ဘယ်လောက်ဆိုတာ မပြောတဲ့အပြင် တစ်ကဒ်ကြေး ဈေးနူန်းလည်း အလုပ်သမားတွေက မေးမြန်းခွင့်မရှိဘူးလို့ ပြောပါတယ်။
 
“လစာထုတ် ချိန်မှာပွိုင့်ကြီး ချုပ်တဲ့သူက တစ်ကဒ်ကြေးနည်းပြီး ပွိုင့်သေးချုပ် လုပ်သူက တစ်ကဒ်ကြေးပိုရပါသည်။ စူပါတွေက သူတို့လူကို တစ်ကဒ်ကြေး ပိုပေးတယ်။ အလုပ်ချိန်မှာလည်း အထည်ကိုကူ ချုပ်ပေးတယ်။ စူပါတွေချုပ်တဲ့ အထည်ကို သူတို့လူကို ထည်ပေးပြီး လစာထုတ်ချိန်ကြ ပြန်ခွဲယူကြတာ။” လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
တစ်ကဒ်ကြေး လုပ်ခရှင်းပေးတဲ့ စနစ်ဆိုတာ အလုပ်သမားတွေ ဈေးနှုန်းသိအောင် ကြေညာ ထားရမှာဖြစ်ပြီး RAINBOWTEC MYANMAR အထည်ချုပ်စက်ရုံတာဝန်ရှိသူတွေကတော့ ဒေးကြေး တစ်ကဒ်ကြေးကို ရှင်းလင်းအောင် ပြောမထားပဲ လုပ်အားအမြတ်ထုတ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
စံချိန်ရဖို့နဲ့ အရည်အသွေးကောင်းမွန်အောင် ချုပ်ပေးပေမဲ့ တခါတရံ ပယ်ထည်ကျလို့ဆိုပြီး သတိပေး လက်မှတ်(ဝမ်တိမ်) ထိုးခိုင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အထည် စံချိန်တောင်းတာ လိုင်း၃၊ ၇၊ ၁၁ က စူပါတွေ ဆဲလိုက်တာဆိုတာ၊ ၊ ရိုင်းရိုင်းဆိုင်းဆိုင်းကို ပြောပြီး အထည်စံချိန်တောင်းတာ။ အထည် နည်းတဲ့ အလုပ်သမားကတော့ နာမည်တက်ပြီး လူအများရှေ့မှာ ဆဲပြီး အတင်းချုပ်ခိုင်းတာ။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ထမင်းစားချိန် မိနစ် ၃၀ ကို အပြည့်အဝမနားရဘဲ စူပါတွေက ထမင်းစား အမြန်စားခိုင်းပြီး အထည်ချုပ်ခိုင်းတဲ့အပြင် သန့်ရှင်းရေးကို အလုပ်ဆင်းတဲ့ ၆ နာရီခွဲအချိန်မှ စလုပ်ခိုင်းလို့ အလုပ်ချိန် ခေါင်းပုံဖြတ်တာတွေလည်း ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားဥပဒေမှာပါတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ ပေးဖို့၊ ဥပဒေမဲ့ အလုပ်ထုတ်တာတွေမလုပ်ဖို့ အော်ဟစ်၊ ရိုင်းစိုင်းစွာပြောဆိုတာ၊ နာမည်တက်ပြီး ဆဲဆိုတွေ စူပါတွေမလုပ်ဖို့ ၊ ထမင်စားနားချိန်အပြည့်အဝပေးဖို့နဲ့ အလုပ်ဆင်းချိန်မှ သန့်ရှင်းရေးမလုပ်ခိုင်းဖို့ကို RAINBOWTEC MYANMAR Manufacture Co.Ltd စက်ရုံ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026