ဇူလိုင် ၂၁၊ ၂၀၂၆
RAINBOWTEC Myanmar Manufacture Co.,Ltd ပိုင် အထည်ချုပ် စက်ရုံမှာ အမျိုးသားအလုပ်သမားတွေကို လစား အလုပ်သမား အဖြစ် မခန့်ထားဘဲ နေ့စားအလုပ်သမားတွေအနေနဲ့ပဲ ခိုင်းစေပြီး သုံးလ တစ်ကြိမ် အလုပ်ထုတ်လေ့ရှိတယ်လို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်လက်မှု အလုပ်သမားများအဖွဲချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံဖွင့်ကတည်းကဆို ၅နှစ် ကျော် ရှိပြီး ယောက်ျားလေးမှန်သမျှ နေ့စား ပဲခိုင်းတယ်။ ၃လပြည့်တာနဲ့ အလုပ် တစ်ရက်နားခိုင်းပြီး အသစ်အနေနဲ့ လျှောက်ခိုင်းတယ်၊ အလုပ်နားခိုင်းတာကို မနားဘဲ လာဆင်းလည်း ပိုက်ဆံမပေးဘူး၊ အလကားဆင်းပေးရတယ်။” လို အမျိုးသား အလုပ်သမားတဦးက ပြောပါတယ်။
လုပ်ငန်းခွင်ထဲက အလုပ်သမားအများစုက အသက်မပြည်တဲ့ ၁၄၊ ၁၅၊ ၁၆၊ ၁၇ အရွယ်တွေဖြစ်ကြပြီး လူကြီး အလုပ်သမားတွေနဲ့ တန်းတူ လုပ်ကိုင်ခိုင်းနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။ ချုပ်ထည်တွေ အများစု လက်ဝင်တဲ့ အင်္ကျီ၊ ဘောင်းဘီတွေ ဖြစ်ပေမဲ့ အထည်စံချိန်ပြည့်ဖိုအတွက် အောစူပါ၊ စူပါတွေက ဆဲ့ဆိုတယ်လိုလ်ညး အလုပ်သမားတွေက ပြောပါတယ်။
“တောင်းတဲ့ စံချိန် မပြည့်လို ဆဲတယ်၊ နိုင်ငံခြားသူ တရုတ်အမျိုးသမီးက အုပ်ချုပ်တယ်။ အထည်စံချိန် မပြည့်လို အောလင်း၊ အောနိုက်ဆင်းခိုင်းတယ်၊ တနင်္ဂနွေနေ့နဲ့ တခြား ပိတ်ရက်တွေဆိုလည်း အချိန်ပို အမြဲဆင်းနေရတာ” လို အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင် အခက်အခဲတွေကို ပြောတဲ့ အလုပ်သမားတွေကို အောစူပါ၊ စူပါ တွေကို ခံပြောလို ဆိုပြိး မန်နေဂျာက အလုပ်က ထုတ်ပယ်ပြီး ဖိအားပေးတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။ ရှောင်တခင်ခွင့်နဲ့ ဆေးခွင့်တွေ ခံစားခွင့်မပေးဘဲ ရက်ပျက်လိုဆိုပြိး ဒေးကြေးနဲ့ ရက်မှန်ကြေးတွေ ဖြတ်တောက်ခံရတယ်လို အလုပ်သမားတွေက ပြောပါတယ်။
“ခွင့်ယူရင် ခွင့်မပေးဘူး။ ရက်ပျက်လို ဒေးကြေး ၁၂၀၀၀၊ ရက်မှန်ကြေး ၄၀၀၀၀ အကုန်ဖြတ်လိုက်တာ ။ ဘာလိုလဲ မေးရင် ဟိုလို ဒီလိုလိုနဲ့။ ဆေးခွင့်ယူလည်း အဖြတ်ခံရတာ။ “ လို အလုပ်သမားပြောပါတယ်။
လုပ်ငန်းခွင်အတွင်း ထမင်း စားဆောင်တွေ၊ အိမ်သာတွေ အသုံးပြုရတာ အဆင်မပြေသလို ကြိုပိုယာဉ်တွေကို ပြန်စောင့်နေရတာတွေ ပါ ကြုံနေရတယ်လို အလုပ်သမားတွေက ပြောထားပါတယ်။
“ထမင်းစားဆောင်နေရာက အရမ်းကျပ်လို အဆင်မပြေဘူး၊ အိမ်သာက တစ်ပတ် တစ်ခါ ပဲ သန့်ရှင်းရေး လုပ်တာ၊ အနံဆိုးတွေထွက်နေတယ်။ ဖယ်ရီ တခြားစက်ရုံတွေ ကြိုပိုပြိးမှ လာကြိုတာ အ ချိန်နဲ့ ပြန်ရတယ််ဆိုတာ မရှိဘူး ။ အမြဲနောက်ကျတာ” လို ပြောပါတယ်။
ကြိုပိုကား အဆင်မပြောတာကို မန်နေဂျာကို တင်ပြပေမဲ့ စီစဥ်ပေးချင်မရှိဘူးလို အလုပ်သမားတွေက ပြောထားပါတယ်။ RAINBOWTEC Myanmar Manufacture Co.,Ltd က ရန်ကုန်မြို၊ လှိုင်သာယာစက်မှုဇုန် ၂၊ လမ်းဦးထွန်းညှိလမ်းမှာ ရှိပြီး လက်ရှိ အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး Sinsay အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို သိထားပါတယ်။









