NEWS

Pro Cap ဦးထုတ်စက်ရုံ လစဉ် ရက် ၃၀ လုပ်ခ လက်ခံရန် ခြိမ်းခြောက် လက်မှတ်ထိုးခိုင်း

CoverLogo
701 Views

Pro Cap (D4 )ဦးထုတ်စက်ရုံက လစဉ် ရက်သုံးဆယ်အတွက်ပဲ လုပ်ခလစာ လက်ခံဖို့ အတင်းအကျပ် လက်မှတ် ထိုးခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လက်မှတ်မထိုးတဲ့ အလုပ်သမားတွေကိုလည်း နေ့စားလုပ်သားအဖြစ် ပြောင်းလဲမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့တာလို့ သိရပါတယ်။

“HR ဌာနက အလုပ်သမားတွေကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တာပါ။ လ တလမှာ ၃၁ ရက်ပဲဖြစ်ဖြစ်၊ ၃၀ ရက်အတွက်ပဲ ဖြစ်ဖြစ်၊ ၂၉ ရက်ပဲ ရှိရှိ ရက်ပေါင်း ၃၀ နဲ့ပဲ ဒေးကြေးကို ပေးမယ်ဆိုပြီး လက်မှတ် ထိုးခိုင်းတယ်။ မထိုးတဲ့သူတွေကိုလည်း HR မန်နေဂျာက နေ့စား အလုပ်သမား ပြောင်းလိုက်မယ်ဆိုပြီး ခြိမ်းခြောက် ခဲ့တာပါ” လို့ ပြောပါတယ်။

ဒီဩဂုတ်လက စပြီး ဝန်ကြီးဌာနက တရက် ၈ နာရီလုပ်ခအနေနဲ့ ကျပ် ၁၀၀၀ ထိုးမြှင့်ပေးဖို့ ညွှန်ကြားထားပြီး အလုပ်သမားတွေအနေနဲ့ တရက်လုပ်ခ ကျပ် ၆၈၀၀ ရရှိရမှာဖြစ်ပါတယ်။ Pro Cap စက်ရုံဘက်က လက်မှတ်ထိုးသူတွေကို ကျပ် တစ်သောင်းငါးထောင်ပေးမယ်ဆိုပြီး ပြောဆိုထားတယ်လို့လည်း ပြောပါတယ်။

“စက်ရုံက တောက်လျှောက် ခြိမ်းခြောက်နေတာ၊ လုပ်သက်ရင့် အလုပ်သမားတွေကိုလည်း အလုပ်သမားကတ် အသစ်ပြန်လုပ်ခိုင်းမယ် ဆိုပြီး ခြိမ်းခြောက်တာ၊ အလုပ်သမားတွေက လုပ်သက် ၅ နှစ်အထက်တွေဆိုတော့ နစ်နာမှာ စိုးရိမ်ကြတော့ လက်မှတ်ထိုးပေးလိုက်တာ။ လက်မှတ်ထိုးတဲ့သူတွေကို တစ်သောင်းခွဲပေးမယ် ဆိုပြီး ပြောထားတယ်။ အခုအထိတော့ မရသေးဘူး”လို့ အလုပ်သမားတဦးက ပြောပါတယ်။

အလုပ်သမားတွေအပေါ် ချိုးဖောက်တာတွေအတွက် အလုပ်သမားရုံးဆီ တိုင်ကြားခဲ့တဲ့ အလုပ်သမား တဦး ကို စက်ရုံပိုင်ရှင်က အလုပ်ထုတ်ခဲ့တာရှိခဲ့လို့ အလုပ်သမားတွေမှာ တိုင်ကြားတာတွေ မပြုနိုင်ခဲ့ဘူးလည်း ဆိုပါတယ်။

“စက်ရုံ HR ဌာနက တစ်သောင်းခွဲယူ၊ လက်မှတ်ထိုး ။ မထိုးရင်၊ မယူရင် အလုပ်ထွက်၊ နင်တို့ကို အလုပ်ထုတ် မယ်ဆိုပြီး ဒေါနဲ့ မောနဲ့ ပြောတာ။ အလုပ်သမားတွေက နေ့စားပြောင်းခံရမလား၊ ကတ်အသစ်လုပ်ပြီး လုပ်သက် အလျှော့ခံရမလား ဆိုပြီး ကြောက်လန့်တာပေါ့။ အဲလိုတွေဆိုတော့ လက်မှတ်တွေတော့ ထိုးပေးလိုက်ရတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံအတွင်း ကိုယ်ဝန်ဆောင်လုပ်သားတွေအပေါ် ချိုးဖောက်တာကြောင့် စစ်ဆေးခံရခဲ့ရပြီး ဆေးရုံပြသတဲ့ ခွင့် အမျိုးအစားကို မပေးခဲ့ဘူးလို့လည်း သိရပါတယ် ။ ဒါကြောင့် ကိုယ်ဝန်သည်အလုပ်သမားတွေမှာ လုပ်သက်ခွင့် ကို အသုံးပြုပြီး ဆေးရုံဆေးခန်း ပြသခဲ့ရတာလို့ ကိုယ်တိုင်ကြုံတွေခဲ့ရသူ အလုပ်သမားတဦးက ပြောပါတယ်။

“ခွင့်တွေတော့ ပေးပါတယ်။ လုပ်သက်ခွင့်ရှိလည်း သုံးလို့ရတယ်။ ဒါပေမဲ့ ခွင့်ယူတာကို ရက်ပျက်လို့ သတ်မှတ် တယ်။ ဖူလုံရေးကတ်နဲ့ ဆေးခန်းသွားတာတောင် အဲ့ရက်အတွက် ရက်မှန်ကြေးနဲ့ ဒေးကြေးတွေ အဖြတ် ခံရပါတယ်” လို့ ပြောပါတယ်။

စက်ရုံအလုပ်ချိန်မှာ မနက် ၇ ခွဲကနေ ည ၇ နာရီအထိ အလုပ်ဆင်းရပြီး နေ့လည်စာ စားအပြီး ၁၂ ခွဲကတည်းက ည ၇ နာရီအထိ နားချိန်မရဘဲ တဆက်တည်းလုပ်ကိုင်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“ထမင်းစားပြီးကတည်း ဆက်တိုက်လုပ်ရတာပါ။ အနားလည်း မပေးပါဘူး။ အစားအသောက်ပေးတာမျိုးလည်း မရှိပါဘူး ။ ည ၇ နာရီအထိ ဆက်တိုက်လုပ်ရပါတယ် ” လို့ အလုပ်သမားတွေက ပြောပါတယ်။

OTTO အမှတ်တံဆိပ် ဦးထုတ်က အမေရိကန်နိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ၊ တရုတ်၊ စင်ကာပူအပြင် တခြား နိုင်ငံတွေမှာလည်း စက်ရုံဖွင့်လှစ် ချုပ်လုပ်နေပါတယ်။ D4 Pro Cap ဦးထုတ်စက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြရတနာလမ်းမှာ လည်ပတ်နေပါတယ်။ စက်ရုံအလုပ်သမား ၃၅၀ ကျော် လုပ်ကိုင်နေပြီး စက်ရုံအတွင်း WCC ဖွဲ့စည်းထားပေမဲ့ စက်ရုံသမဂ္ဂတော့ မရှိဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026