NEWS

Prettex Myanmar စက်ရုံ အထည်ကြေး ရက် ၂၀ ကျော် ကြာသည်အထိ ရှင်းမပေး

CoverLogo
530 Views
 
Prettex Myanmar စက်ရုံ က အထည်ကြေးတွေကို ရက် ၂၀ ကျော် ကြာတဲ့ ရှင်းမပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က စီစဉ်တဲ့ အထည်ကြေးပေးတဲ့ကတ်ရိုက်စက် ချို့ယွင်းပြီးနောက် အလုပ်သမားတွေရတဲ့ အထည်စာရင်းကို ရုံးပေါ်ကိုတင်ထားတယ်ပြောပြိး ငွေကြေး ရှင်းမပေးတာလို့ သိရပါတယ်။
 
“ အထည်ကြေးကတ်နဲ့က ရတဲ့လူတွေ ကရတယ်။ မရတဲ့လူတွေကမရဘူး။ ၅ ရက်နေ့ လစာထုတ်ကတည်း မပေးတာ။ ရုံးပေါ် စာရင်းတင်ပေးမယ်ဆိုပြီး ၆ ရက်နေ့လည်း ရောက်မလာဘူး။ အခုဆို ၂၀ ရက်ကျော်လာပြီး ဘာမှကျ မလာဘူး ။”လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
 
အထည်ကြေး တစ်ထည်ကို ၅၇ ကျပ်နှုန်းနဲ့ စက်ရုံဘက်က ပေးချေပြီး အလုပ်သမားတဦးကို အနည်းဆုံး အထဘ် ၄၀၀ ဝန်းကျင်ကနေ ၁၀၀၀ အထိ ချုပ်နေလို့ နစ်နာမှုတွေ ရှိနေတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် စက်ရုံဘက်က ခွင့်ပေးပေမဲ့ ရက်ပျက်သတ်မှတ်ပြီး ပွိုင့်ပိုင် မပေးတော့ဘူးလို့ ပြောပါတယ်။
 
“ခွင့်က ဆေးခွင့် ဆိုရင်တောင် အဲ့ဒါ ရက်ပျက်ဆိုပြီး ချုပ် ပွိုင် ချိန်းတာပဲ။ နောက် ချုပ်ပွိုင့် အပိုင်မပေးတော့ဘူး ။ အထည်ကြေးစက်ရုံမှာ ပွိုင့်ပိုင်မရရင် လစာက တအားနည်း သွားပြီး။ ဒေးကြေးနဲ့မှာ သုံးသိန်းကျော်ပဲ ရတာ။ လစာရတာ နည်းတော့ အဆင်မပြေတော့ဘူး ။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက်က အချိန်ပို၇ နာရီအထိ လုပ်ကိုင်ခိုင်းပြီး နေ့လယ်စာ စားပြီးကတည်းက နားချိန်မပေးဘဲ တဆက်တည်းလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို အောလင်း၊ အောနိုက်တွေ ခေါ်ယူခဲ့လို့ စက်ရုံ တိုင်ကြားခံရပြီးနောက် အချိန်ပို ည ၇ နာရီအထိ လုပ်ကိုင်ပေးရတာ တနှစ်နီးပါး ရှိလာပြီ လို့လည်း အလုပ်သမာတွေက ပြောပါတယ်။
 
“တနင်္လာကနေ သောကြာက ည ၇ ခွဲ၊ စနေနေ့က ညနေ ၅ နာရီ၊ တနင်္ဂနွေနေ့မှာ အထည်မပြီးလိုင်းတွေ ဆင်းပေးရတယ်။ Finishing ပိုင်းတွေကတော့ တနင်္ဂနွေတိုင်းလိုလို ဆင်းနေရတာ။ အချိန်ပို နားချိန်မပေးတော အိမ်ပြန်မှ ချက်ပြုတ် စားသောက်ရတော့ လူတွေလည်း အဆင်မပြေတော့ဘူး။ အဲ့တာကို တလဆိုပြီး တနှစ်ပြည့်တော့ လုပ်နေရတာ။” လို့ ပြောပါတယ်။
 
စက်ရုံအတွင်း အလုပ်သမားတွေကို ကြီးကြပ်ရေးမှူးစူပါတွေက မတရား ဆဲဆိုတာတွေ ရှိပြီးတဲ့ ကြိုပို့ယာဉ်တွေ မလုံလောက်တောကြောင့် လိုက်ပါတဲ့ အလုပ်သမားတွေမှာ အန္တရာယ်တွေ ရှိနေတယ်လို့ ပြောတယ်။
 
"ေ-ာက်လုံးက မတွေ့ဘူးလား၊ ေ-ာက်လုံးကန်းနေလား အဲလိုတွေ ဆဲတာပေါ့။ ေ-ာက်လုပ် မလုပ်ချင်ရင် ယ်၊ အိမ်ကမလာကြနဲ့ပေါ့ အဲ့လိုမျိုးတွေ ပြောတာ။ ကြိုပို့တွေ မလောက်တာက အမျိုးသမီးအလုပ်သမားတွေတောင် ခြေနင်းခုံက လိုက်ရတယ်၊ အဲလို အန္တရာယ်များနေတာ.” လို့ ပြောပါတယ်။
 
စက်ရုံအတွင််း လိုအပ်ချက်တွေကို တိုင်ကြားဖို့ WCC ကို ဖွဲ့တယ်ဆိုတာ သိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြန်တာ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ WCC အဖွဲ့ကို ထုတ်ပြန်တာမရှိလို့ ယုံကြည်ဖို့ နဲ့ တိုင်ကြားဖို့ ခက်ခဲတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
“WCC က ရှိတော့ရှိတယ်။ ဒါပေမဲ့ တရားဝင်လား၊ မဝင်လားတော့ ညီမတို့လည်း မသိဘူး။ အလုပ်သမားတွေနဲ့ မိတ်မဆက်ပေးဘူး။ တခြား စက်ရုံတွေဆိုရင် WCC က ဘယ်သူ့ကိုခန့်ထားတယ်ဆိုတာ ဆိုင်းဘုတ်ကပ်တယ်လေ။ အခုက WCC ကို မပြဘူး။ လေဘာရုံးတို့ စစ်ဆေးရေးအဖွဲ့တွေလာမှာ အဲ့ဒီ WCC သုံးယောက်ကို ခေါ်တာ။” လို့ ပြောပါတယ်။
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိပြီး လုပ်သား ၅၀၀ ကျော် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ Have a wonderful day , Chinese National Geography စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ပြီး ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026