NEWS

Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို

CoverLogo
29 Views
 
ဇူလိုင် ၂၅ ၊ ၂၀၂၆
Prettex Myanmar အထည်ချုပ်စက်ရုံက စူပါအမျိုးသားတဦးက စက်လိုင်းက အမျိုးသမီးလုပ်သားတွေကို ရိုင်းဆိုင်းစွာ ဆဲဆို ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲ့ဒီ အမျိုးသားက စက်လိုင်းအမှတ် ၁၂ ကို ကိုင်တွယ်နေတာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ ေ-ာက်တွေနှိုင်းပြီး ပြောတာ ၊ အလုပ်ထဲမှာကို ဒီတိုင်းအော် ပြော အော်ဆဲပြီးခိုင်းနေတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
အဲဒီ အော်စူပါရဲ့ ဆဲဆိုမှုတွေက အမျိုးသမီးတွေအတွက် ဂုဏ်သိက္ခာ ထိခိုက်ပြီး လုပ်ငန်းခွင်ထဲမှာမို့ အရှက်ရစေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“နင်တို့ ေ-ာက်လုံးတွေ ကန်းနေတာလား၊ ေ-ာက်စေ့တွေ ဘာကြည့် ချုပ်နေကြတာလဲ၊ နင်တို့ အသိတရား မရှိကြဘူးလား အဲလိုတွေ ပြောတာ၊ မီတင်း(meeting) မှာ ဆို ‘ငါက သူများထက် ပို ရိုင်းတက်တယ်’ ဆိုပြီး ပြောတာ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေခွင့်တောင်းရမှာလည်း ခွင့်မပေးဘဲ ရက်ပျက် သတ်မှတ်တဲ့ အပြင် သတိပေးလက်မှတ်တွေ အတင်းအကျပ် ထိုးခိုင်းလို့ ဖိအားတွေကြားမှာ အလုပ်လုပ်နေရတာလို့လည်း ပြောပါတယ်။
 
“ ရက်ပျက်တယ်ဆိုပြီး ချုပ်ရတဲ့ ပွိုင့်တွေ ပြောင်းခိုင်းတယ်။ Point change တယ်။ အထည် နည်းနည်းလေး မမှားရဘူး၊ မှားတာနဲ့တင် သတိပေးလက်မှတ် ထိုးထိုးဆိုပြီး ခိုင်းတာ ။ ညီမတို့က ဖုန်းဆက်ပြီးလည်း ခွင့်တိုင်တယ်၊ လူကြုံနဲ့လည်း ခွင့်တိုင်တာပါ၊ ဒါကို ရက်ပျက်ဆိုပြီး ပွိုင့်တွေ ပြေားချုပ်ခိုင်းတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အဲ့လို ရက်ပျက်သတ်မှတ်ပြီး ပွိုင့်တွေ ပြောင်းလဲ ချုပ်ခိုင်းလို့ အလုပ်သမားတွေမှာ လုပ်ခလစာ နစ်နာရတဲ့ အပြင် စက်ရုံကလည်း ဒေးကြေး ဖြတ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်ကြေးက ပွိုင့်အလိုက် ၇၀၊ ၆၀၊ ၅၀ ရတယ်ဆိုပါတော့ ၊ အဲ့လို့ရတာကို ရက်ပျက်တယ်ဆိုပြီး ချုပ်ခနည်းတဲ့ ပွိုင့်တွေကို ပြေားချုပ်ခိုင်းတာ။ လစာမှုက အလုပ်ချိန်အတူတူတောင် လစာရတာ ကွာသွားတယ်။ စက်ရုံကလည်း ဒေးကြေးဖြတ်တာပဲ။ ဒါပေမဲ့ အထည်ကြေးနဲ့ဆိုတော့ သိပ်မသိသာဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် လိုင်းအောစူပါ၊ စူပါနဲ့ လီတာတွေက ပယ်ထည်ကျလို့လည်း လက်ငင်း ငွေဖြတ်ယူတဲ့ အပြင် အဲဒီ ဖြတ်တောက်ငွေတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာ မသိရပါဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညီမတို့ အရင် အောစူပါတုန်းက ၊ ပယ်ထည်ကျလောက် ငွေကောက်တာ၊ ဖြတ်တာတွေ မရှိခဲ့ဘူး ။ အောစူပါ အသစ်ရောက်မှာ ငွေဖြတ်တာတွေဖြစ်လာတာ၊ စုဗူးတလုံးနဲ့ လက်ငင်း ငွေထည့်ပေးရတယ်။ အဲ့ပိုက်ဆံတွေ ဘယ်လိုသုံးလဲ ဆိုတာ မသိရဘူး..” လို့ အလုပ်သမားတွေက ပြောပါတယ်။
အခုလို ငွေဖြတ် ငွေတောင်းမှုတွေက လိုင်း ၁၁ နဲ့ ၁၂ မှာ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Prettex Myanmar အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။ စက်ရုံမှာ လုပ်သား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး Have a wonderful day , Chinese National Geography စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026