NEWS

Preclo Myanmar စက်ရုံ အချိန်ပို မဆင်းသည့် အလုပ်သမားများအား အကျပ်ကိုင် ဖိနှိပ်

CoverLogo
785 Views
 
Preclo Myanmar စက်ရုံ က တနင်္ဂနွေ ပိတ်ရက်နဲ့ အောနိုက်တွေ ဆက်တိုက် ခေါ်ယူနေပြီး အကျပ်ကိုင် ဖိနှိပ်တာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က အချိန်ပို မလုပ်ကိုင်တဲ့ အလုပ်သမားတွေကို ပွိုင့်ချိန်း(ကော်လံ၊ အိပ်ကပ်၊ လက်၊ ဇစ် တမျိုးမျိုးကို ပြောင်းလဲ ချုပ်ခိုင်း) တာနဲ့ အထည် ဆုကြေး ဖြတ်တောက်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။
 
" အချိန်ပို ဆင်းရတယ် ။ မဆင်းနိုင်လို့ ပြောရင်လည်း မရဘူး။ တနင်္ဂနွေ နေ့လဲ အထည်အရေးကြီးနေလို့ ဆိုပြီး ဆင်းခိုင်းတယ်။မဆင်းမရဘူး ဆိုပြီး ပြောတယ် ။ မဆင်းရင် နောက်နေ့ ပွိုင့်အပိုင် မပေးတော့ ဘူး ပွို။ အချိန်ပို မဆင်းရင် ပွိုင့်ချိန်းတာ ဆိုတော့ မဆင်းချင် လဲ ဆင်းရတယ် ငြင်းလို့မရဘူး ဖြစ်နေတယ် " ဆိုပြီး ပြောပါတယ်။
 
စက်ရုံက အထည်ကြေး Ticket စက်ရုံဖြစ်တာကြောင့် ပွိုင့်ပိုင်ရှိမှ လစာ ပိုရတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။ အချိန်ပို အောနိုက် ညတိုင်း ဆင်းနေရပြီး မနက် ကြိုပို့ယာဉ် စီစဉ်မပေးတာကြောင့် ကိုယ်စာရိတ်နဲ့ကိုယ် အိမ်အပြန် ရတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“မနက်ထ အပြန်ဆို ကြိုပို့တွေ မပေးဘူး။ ညဘက် အိုတီ ဆင်းခိုင်းပြီး၊ ထမင်းမကျွေးဘူး။ ထမင်းဖိုး လည်း မပေးဘူး ။ကိုယ့်စရိတ်နဲ့ကိုယ် လုပ်ပေးရတာဆိုတော့ လူတွေပဲ ပင်ပန်းတယ်၊ ပိုက်ဆံလည်း မရဘူး။.”လို့ ပြောပါတယ်။
 
ဒါ့အပြင် နေထိုင်မကောင်းလို့ ၊ အရေးပေါ်ကိစ္စ ပဲ ဖြစ်ဖြစ် ခွင့်ယူ ရက်ပျက်ပါက ပုံမှန်ချုပ်နေတဲ့ ပွိုင့်ကို မပေးတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါကြောင့် ဘာကိစ္စပဲ ရှိရှိ နေထိုင် မကောင်း လည်း အလုပ်ဆင်းပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
" နေမကောင်း လို့ ဆေးခွင့်ပဲယူယူ၊ ကိစ္စ ရှိလို့ ခွင့်ယူတာပဲ ဖြစ်ဖြစ်၊ ၁ရက်ထပ် ပိုသွားရင် ဘယ်ခွင့်နဲ့ ပျက်ပျက် ပွိုင့်အပိုင်မပေးတော့တာ ။ ဘယ်ရက်မှ ပြန်ပြီး ပွိုင့်ပေးမယ်ဆိုတာလဲ မသိရဘူး။ ပွိုင့်မပေး တော့ လစာနည်းပြီ ။ စက်ရုံမှာက နေမကောင်း ရင်တောင် နားလို့မရဘူး ။ နေမကောင်းလဲ လာဆင်း ပေးနေရတယ်။ ” လို့ ပြောပါတယ်။
 
အချိန်ပိုတွေ အလွန်အကျွံခေါ်ခိုင်းလို့ မကြာခဏ တိုင်ကြားပေမဲ့ ရက်အနည်းငယ်သာ ရပ်နားပြီး ပြန်လည် ခိုင်းစေနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
Preclo Myanmar စက်ရုံ မှာ လုပ်သား ၁၅၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၁၊ စက်မှုလမ်းသွယ် ၁ လမ်း မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ဖြစ်ပါတယ် ။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026