NEWS

Preclo Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား အလုပ်ထုတ်၊ စာချုပ်ဖောက်ဖျက်ပြီး ရပိုင်ခွင့်များအား ငြင်းပယ်

CoverLogo
435 Views
 
Preclo Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၅ ဦးကို အလုပ်ထုတ်ပြီး အထည်ကြေးတွေကို မပေးဘူးဆိုပြီး ငြင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှာ နှစ်ဖက်သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့လည်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ကိုအောင်ကျော်သူပါ ၂ ဦး ၊ ကိုမြတ်ကိုကိုပါ ၃ ဦး တို့ရဲ့ အထည်ကြေးကို မပေးဘူး၊ အလုပ်ပြန်ခန့်အပ်ဖို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှာ နှစ်ဖက်လက်မှတ်ထိုးတဲ့ သဘောတူစာချုပ်ကိုလည်း မလိုက်နာ ဘူး” လို့ STUM အဖွဲ့က ပြောပါတယ်။
 
အောင်ကျော်သူပါ ၂ ဦးကို မတ်လ ၂၀ ရက် အလုပ်ထုတ်ခဲ့တာ ဖြစ်ပြီး မတ်လ ၂၆.မှာ လုပ်ငန်းခွင် ပြန်လည် လုပ်ကိုင်ခွင့်ပြုတဲ့ အကြောင်းကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှာ နှစ်ဖက်သဘောတူညီ စာချုပ် ချုပ်ဆိုခဲ့တာလို့ သိရပါတယ်။
 
ဒါပေမဲ့ မတ် ၂၉ ရက်မှာ အလုပ်သမားတွေက လုပ်ငန်းခွင်ဝင်ရောက်ခဲ့ပေမဲ့ စက်ရုံ မန်နေဂျာက အလုပ် ပြန်မခန့်တဲ့ကြောင်းပြောဆိုပြီး စက်ရုံအတွင်းရှိ လုပ်ငန်းခွင် ဝင်ခွင့် မရခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် သဘောတူညီမူ စာချုပ် ဖောက်ဖျက်တာကို တိုင်ကြားခဲ့ပြီးနောက် ညှိနှိုင်းမှု ၄ ကြိမ်လုံး စက်ရုံဘက်က အလုပ်ပြန်ခန့်ဖို့ ငြင်းဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဇွန် ၂၄ ရက် ညှိနှိုင်းမှုမှာတော့ စက်ရုံမန်နေဂျာဆိုသူက လုပ်ခလစာ ဖြတ်တောက်တဲ့ထား ငွေနဲ့အတူ အတိုင်ကြားမှုကို နို့တစ်ကြေးနဲ့ ကျေနပ်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဖြစ်စဉ် ဖြစ်ပွားစဉ်အတွင်း Preclo Myanmar အလုပ်သမား ၃ ဦးက စက်ရုံက ပေးဖို့ ရှိနေတဲ့ အထည်ကြေးတွေ ပေးဖို့ အလုပ်သမားရုံးကို တိုင်ကြားခဲ့တယ်လို့ STUM က ပြောပါတယ်။
 
ညှိနှိုင်းမှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် စက်ရုံမန်နေဂျာဆိုသူက အထည်ကြေးပေးချေဖို့ ငြင်းဆန်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
“ကိုယ်စားလာရောက်ဖြေရှင်းတဲ့ မန်နေဂျာက အလုပ်သမားတွေ ရဖို့ရှိတဲ့ ငွေတွေကို မပေးနိုင်ဘူး ငြင်းတယ်။ မြို့နယ် အလုပ်သမား ညွှန့်ကြားမူ ဦးစီးဌာနမှာ နှစ်ဖက်သဘောတူညီမူ စာချုပ် ဖောက်ဖျက်မူဖြင့် တိုင်စာကိုအ လုပ်သမားတွေက နို့တစ်ကြေးနဲ့ ကျေနပ်ဖို့ သဘောတူမှ အ‌ထည်ကြေးတွေပေးမယ် ပြောတယ်။ အဲလို မဟုတ်ရင် မပေးနိုင်ဘူး၊ ဆက်တက်ဆိုလည်း တက် ဆိုပြီး ပြောထားတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
ဇွန်လ ၂၄ ရက် အလုပ်သမား ညွှန်ကြားးမှု ဦးစီးဌာနမှာ ညှိနှိုင်းမှုမှာလည်း အရင်ထွက်ဆိုခဲ့တဲ့အတိုင်း ထွက်ဆိုသဖြင့် ပြေလည်မှုမရရှိသေးဘူးလို့ သိရပါတယ်။
 
Preclo Myanmar Co.,Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် ၁ ၊ တိုးချဲ့စက်မှုလမ်းသွယ် ၁လမ်း မှာ ရှိပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026