NEWS

POLY CLOTHING Co.,Ltd အထည်ချုပ်စက်ရုံ အချိန်ပို ညလုံးပေါက်ခိုင်းစေ

CoverLogo
339 Views
 
လှိုင်သာယာ အနောက်ပိုင်းနည်းပညာတက္ကသိုလ်အနီး က POLY CLOTHING Co.,Ltd (မင်းသားလေး အထည်ချုပ် MTL garment ) အထည်ချုပ်စက်ရုံမှာ မေလက စပြီး တရက်ခြား အချိန်ပို ညလုံးပေါက် ခိုင်းစေနေတယ်လို သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ကို အလုပ်သမားတွေက ပြောပါတယ်။
 
UK အခြေစိုက် Minoti brand ချုပ်တဲ့ အဲဒီစက်ရုံမှာ ညလုံးပေါက် လုပ်ကိုင်ရတဲ့ အချိန်ပိုမဆင်းပါက အောစူပါက ခြိမ်းခြောက်ဖိအားပေးတာတွေရှိလို့ နေမကောင်း ဖြစ်လဲ အချိန်ပိုဆင်းရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို ညလုံးပေါက် ရက်ခြားဆင်းရတော့ အလုပ်သမားတွေ ပင်ပန်းပြီး နေမကောင်းဖြစ်လို့ အလုပ်မဆင်းနိုင်တာတွေရှိတယ်” လို့ ပြောဆိုထားပါတယ်။
 
အချိန်ပို အလုပ်မဆင်းနိုင်ပါက ရက်မှန်ကြေး၊ ဂရိတ်ကြေး ဖြတ်တောက်တာတွေကို စက်ရုံ စူပါတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ အချိန်ပို (OT) မဆင်းနိုင်ပါက ဖိအားပေး ခြိမ်းခြောက် ပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ အချိန်ပို မဆင်းနိုင်တဲ့ အလုပ်သမားတွေကို အောစူပါ ဒေါ်ဝင်းပပက နောက်နေ့ စက်ရုံလာစရာ မလိုဘူးဆိုပြောတယ်” လို့ စက်ချုပ်အလုပ်သမားတွေက ပြောပါတယ်။
 
POLY CLOTHING Co.,Ltd စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး လုပ်သား ၃၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများ ဖြေရှင်းပေးစေလို
Nov 06, 2025
Cover
အလုပ်သမားအခွင့်အရေးသိရှိသူနည်းပါး၊ ချိုးဖောက်မှုများဖြေရှင်းပေးရန် လိုလားနေ
Nov 05, 2025
Cover
လုပ်သက်နည်းတဲ့အလုပ်သမားတွေကို ဥပဒေမဲ့ခိုင်းစေအလုပ်ထုတ်၊ အချိန်ပိုကြေး မပေးဘဲခိုင်းစေ
Nov 04, 2025
Cover
CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း
Nov 03, 2025
Cover
Myanmar Jiale အထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေ
Nov 03, 2025
Cover
အလုပ်သွင်းပေးဖို့ပိုက်ဆံတောင်းသည့် အေဂျင်စီများနှင့်ပွဲစားများကိုအရေးယူမည်
Nov 03, 2025
Cover
GY Sen စက်ရုံ ကထိန်အလှူအတွက် အချိန်ပို   ၂ နာရီ လုပ်ခ ဖြတ်
Nov 03, 2025
Cover
အူရီဒူး နှင့်အငြင်းပွားသည့် စီနီယာမန်နေဂျာ တို့ နှစ်ဖက် ပြေလည်မှုရပြီး တရားစွဲထားသော အမှုရုပ်သိမ်း
Nov 03, 2025