NEWS

PMG အမျိုးသမီးအလုပ်သမားများသပိတ် ၅ရက်မြောက်နေ့ ဆက်လက်သပိတ်မှောက်တောင်းဆို

CoverLogo
983 Views

ရန်ကုန်တိုင်းခုံသမာဓိအဖွဲ့ရဲ့ အမိန့်ကို ကျေနပ်မှုမရှိတာကြောင့် စက်ရုံတွင်းသပိတ်မှောက်တောင်းဆိုမှုပြုလုပ်နေရာ ဒီကနေ့ ဩဂုတ်လ ၁၂ရက်နေ့မှာ ၅ရက်မြောက်နေ့သပိတ်အဖြစ် ဆက်လက်သပိတ်မှောက်တောင်းဆိုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

"PMG သပိတ် ၅ရက်မြောက်နေ့ မှာ သပိတ်မှောက်သူ၃၈ဦးထဲက ဆေးခွင့် ၂ယောက်နဲ့ ကိုယ်ဝန်ဆောင်ခွင့်၁ယောက်ကတော့ မလာဘူး ခွင့်ယူထားပါတယ်။ 
ကျန်တဲ့၃၅ ဦးကတော့ သပိတ်ဆက်မှောက်နေတယ်။ ကျွန်မတို့ တောင်းဆိုမှူမရမချင်း ဆက် ပြီးသပိတ်မှောက်တောင်းဆိုနေမှာပါ'' လို့ သပိတ်မှောက်ရာမှာပါဝင်တဲ့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ ကိုဗစ်ကာလအတွင်း အလုပ် မလုပ်ရတဲ့ အကြောင်းပြချက်နဲ့  လစာရဲ့ ၁၀ ရာခိုင်နှုန်း ရက်မှန်ကြေးကို  PMG ကုမ္ပဏီဘက်က  ဖြတ်တောက်ခဲ့တာကြောင့်  အဲဒီဖြတ်ထောက်ထားတဲ့ ရက်ကမှန်ကြေးတွေကို ပြန်လည်ရရှိဖို့ ဩဂုတ်၈ရက်က စတင် သပိတ်မှောက် တောင်းဆို နေကြတာဖြစ်ပါတယ်။

PMG ကုမ္ပဏီအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ထားတာ၊ သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ် တာစတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ဖြစ်စဉ်ရှိခဲ့ပြီး PMG အရက် ဌာန မှ ဝန်ထမ်းတွေတောင်းဆိုမှူကို ခုံသမာဓိကောင်စီက ပယ်ချ ခဲ့တာကြောင့်  အခုလို လုပ်ငန်းခွင်အတွင်း အလုပ် မလုပ်ဘဲ သပိတ်မှောက်တောင်းဆို​တာပါ။ ဒါ့အပြင် သပိတ်မှောက်မှုအပေါ် ခြိမ်းခြောက်မှုတွေရှိတယ်လို့လည်း  သပိတ်မှာ ပါဝင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026