NEWS

PJနှင့် ထွက်ခွာမဲ့ အလုပ်သမားများ ၅ ရက် ကြိုတင်လျှောက်ထားရမည့် အစီအစဉ် ဒီကနေ့ စတင်

CoverLogo
775 Views
 
ဒီကနေ့ မတ် ၁၇ ရက်ကစပြီး PJ အမျိုးအစား အလုပ်အကိုင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနဆီ ၅ ရက် ကြိုတင် ခွင့်ပြုချက် လျှောက်ထား ပြီးမှ ပြည်ပ ထွက်ခွာခွင့်ရမယ်လို ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရပါတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေးထားတာ ထင်တယ်။ OWIC သက်တမ်းကျန်ရှိနေတဲ့ အလုပ်သမားတွေရော ခွင့်ပြန် အလုပ်သမားတွေရောကို မတ် ၁၅ရက် ၊ ၁၆ရက်နေ့ ည၁၂နာရီအထိ ပြန်ထွက်ခွင့်ပေးပြီး ဒီ၁၇ရက်နေ့ကစပြီး မပေးတော့ဘူး။ သူတိုဆီမှာ ၅ရက် ကြိုတင် ခွင့်ပြုချက်တောင်းခံရမယ်။ သူတိုခွင့်ပြုမှ ထွက်ရမယ်။ ကိုယ့် အစီအစဉ်နဲ့ ဖြစ်ဖြစ်၊ အေဂျင်စီနဲ့ဖြစ်ဖြစ် အားလုံးအတူတူပဲ”လို ပြည်ပ အလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
ကြိုတင်ခွင့်ပြုချက်ရယူဖိုကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကတည်း ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစီအစဉ်ကို ဒီကနေ့ မတ်လ ၁၇ ရက်မှာ စတင်နေ့မှာ စတင်တာ ဖြစ်ပါတယ်။
ခွင့်ပြုချက်လျှောက်ထားတဲ့ အလုပ်သမားတွေဟာ ခွင့်ပြန်လာပြီး ခွင့်ရက်ပြည့်လို လုပ်ငန်းခွင်ပြန်ဝင်ဖို ၊ OWIC သက်တမ်း ကျန်ရှိတာနဲ့ တခြား အထောက်အထားတွေ ပြည်စုံပေမဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမှ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာခွင့် ရရှိမှာဖြစ်ပါတယ်။
ပြည်ပ ထွက်ခွာခွင့်ပြုသည့် အလုပ်သမားများစာရင်းကို ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ အလုပ်သမားဝန်ကြီးဌာနက ပေးပိုမှာ ဖြစ်ပြီး ပေးပိုထားတဲ့ ခွင့်ပြုချက်စာရင်းမှာ မပါဝင်သူတွေကတော့ ထွက်ခွာခွင့် ရရှိမှာ မဟုတ်ဘူးလို သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေကို ပြောင်းလဲခန့်အပ်ပြီးနောက် OWIC ကဒ်ပြုလုပ်ခွင့် ပိတ်ပင်တာ၊ ဗီဇာ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်တာ၊ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သမားများအပေါ် မူဝါတွေအပြောင်းလဲ ဖြစ်လားပြီး မြန်မာအလုပ်သမားအများအပြား ဖမ်းဆီးခံရတာ အပါအဝင် စာချုပ်သက်တမ်းပြည့်ပါက စစ်မှုထမ်းဖို စာချုပ် ချုပ်ဆိုတာတွေပါ ဆက်တိုက်ပြုလုပ်လာတာ ဖြစ်ပါတယ်။
Photo- YIA

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026