NEWS

Pepsi အချို့ရည်ကုမ္ပဏီ၊ စက်ရုံ CEO နဲ့ HR ကိုတရားစွဲဆိုထားမှု  ရုံးချိန်း ၃၀ ထိရှိလာ

CoverLogo
500 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံတာဝန်ရှိတဲ့  ကုမ္ပဏီ၊ စက်ရုံ CEO နဲ့HR ကို အလုပ်သမားက တရားစွဲဆိုထားမှုမှာ ရုံးချိန်းပေါင်း ၃၀ အထိရှိလာပြီဖြစ်ပါတယ်။


အခုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကမ္ဘာအနှံ့ Pepsi သောက်သုံးသူများကို ဦးသောင်းဟန် ကဲ့သို့သော နောက်ထပ်ချိုးဖောက်မှုများထပ်မံ မပေါ်ပေါက်စေရန် စားသုံးသူ campaign တွင် အတူ ပူးပေါင်းပါဝင်ပေးပါရန် STUM က တိုက်တွန်းထားပါတယ်။


တရားစွဲဆိုထားတဲ့ အလုပ်သမားဖြစ်သူဦးသောင်းဟန် နှင့် Pepsi အမှုအား မှော်ဘီခရိုင်တရားရုံး ရုံးချိန်းတွင် သြဂုတ် ၂၆ ရက်မှာရုံးချိန်းချိန်းဆိုခဲ့ပြီး  တရားလို ဦးသောင်းဟန်အား ပဏာမ ငြင်းချက် (၂)အရ စစ်ဆေးမေးမြန်းပြီး နောက် နောက်တစ်ကြိမ်ရုံးချိန်းကို စက်တင်ဘာ ၉  ရက်နေ့ နေ့လည် ၁၁ နာရီ ပြန်လည်ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။ 


Pepsi အချိုရည်ဟာ နာမည်ကျော်အမှတ်တံဆိပ် အချိုရည် တစ်ခုဖြစ်သော်လည်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကို တားမြစ်ခြင်းမရှိဘဲ ယခုအချိန်ထိ တရားရုံးတွင် အလုပ်သမားဘက်မှ တောင့်မခံနိုင်အောင် အချိန်ဆွဲတဲ့နည်းဗျူဟာကို ဆက်လက်ကျင့်သုံးနေတာဖြစ်သလို ဦးသောင်းဟန်နှင့်အတူတူ အခွင့်အရေးချိုးဖောက်ခံရသူ အလုပ်သမားအများအပြား ရှိသော်လည်း လုပ်ငန်းရှင်ကို ကြောက်စိတ်ဖြင့် နောက်ဆုတ်သွားကြသူများ အများအပြားရှိတယ်လို့လည်း ကူညီဆောင်ရွက်ပေးသူက ပြောပါတယ်။


ဦးသောင်းဟန် နှင့် Pepsi  ရုံးချိန်း တွင် ကုမ္ပဏီအမည်ကိုပါထပ်တိုးတရားစွဲခြင်းအပေါ် တရားပြိုင် ၃ ဦး အတွက် Pepsi ဘက်မှ အမည်စာရင်း တင်သွင်းစွဲဆိုထားသည့်အမှုအတွက် ပြင်ဆင်ချေပလွှာတင်သွင်းမှုအပေါ် တရားသူကြီးကငြင်းချက်ထုတ်ခဲ့ပြီး  နှစ်ဖက်စစ်ဆေးမှု ပြုလုပ်နေတာဖြစ်ပါတယ်။  


အလုပ်သမားဖြစ်သူ ဦးသောင်းဟန်က စွဲဆိုထားတဲ့ (Pepsi)အမှုကို မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ၃ရက်နေ့ရုံးချိန်းမှာတော့ တရားသူကြီးက နောက်တိုးတရားပြိုင်အဖြစ် ကုမ္ပဏီကိုပါ တရားစွဲဆိုဖို့အမိန့်ချမှတ်ခဲ့လို့ ကုမ္ပဏီအမည်ကိုပါတရားစွဲဆိုခဲ့ရာ  ကုမ္ပဏီဘက်ကပြန်လည်ရင်ဆိုင်နေရခြင်းပဲဖြစ်ပါတယ်။  


အလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်က အီးစီစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်ဆိုကာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ ညှိနှိုင်းမှုအဆင့်ဆင့်မှာပြေလည်မှုမရခဲ့လို့ ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်လို့ တရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 


ပက်စီအချိုရည်စက်ရုံဟာ နှစ် ၂၀ ကြာ၊  လုပ်သက်ရင့်အလုပ်သမားကိုနစ်နာကြေးမပေးဘဲအလုပ်ထုတ်ထားသလို အရောင်းဝန်ထမ်းတွေကိုလည်း target ပြည့်မီအောင်မရောင်းနိုင်လို့ဆိုကာ လျော်ကြေးမပေးဘဲအလုပ်ထုတ်တာတွေလည်းရှိခဲ့တာကြောင့် Pepsi ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ထားလို့ ၎င်းရဲ့ထုတ်ကုန်များအားလုံးကို မသုံးစွဲဘဲ Boycott ပြုလုပ်ရန် နိုင်ငံတကာအဆင့် စားသုံးသူကမ်ပိန်း ပြုလုပ်ထားတာဖြစ်ပြီး ယခုအချိန်ထိ လည်း အဆိုပါစားသုံးသူ Campaign ကို အားလုံးပူးပေါင်းပါ၀င်ဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026