NEWS

PEPSI အချိုရည် စက်ရုံ CEO၊ HR နဲ့ ကုမ္ပဏီကိုပါထပ်တိုးတရားစွဲဆိုမှု ဩဂုတ် ၁၆ ရက်နေ့သို့ပြန်လည်ချိန်းဆို

CoverLogo
510 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှုမှာ စက်ရုံ CEOနဲ့HR ကိုတရားစွဲဆိုထားရုံမက Pepsi ကုမ္ပဏီအမည်ကိုပါ ထပ်တိုးတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး တရားသူကြီးက ယခုလဩဂုတ် ၁၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ဇူလိုင် ၁၈ ရက် ဦးသောင်းဟန် နှင့်Pepsi အမှု မှော်ဘီခရိုင်တရားရုံးချိန်းတွင် ခရိုင်တရားသူကြီးမှ တရားလို နှင့် တရားပြိုင်တို့ဘက်မှ တင်သွင်းထားသော စာများကို ငြင်းချက်ထုတ်ပီး ယင်းပဏာမ ငြင်းချက်အား လျှောက်လဲချက်တင်ရန်အတွက်  ယခုသြဂုတ်လ ၂ ရက်နေ့ နေ့လည် ၁၁  နာရီတွင် ပြန်လည်ချိန်းဆိုခဲ့ရာ  ဦးသောင်းဟန် နှင့်Pepsi အမှု မှော်ဘီခရိုင်တရားရုံးချိန်းတွင် တရားလိုရဲ့ ရှေ့နေမှ ဥပဒေ ဆိုင်ရာပဏာမ ရုံးငြင်းချက်ကို လျှောက်လဲချက်တင်ထားခဲ့တယ်လို့လည်းသိရပါတယ်။ ဆက်လက်ပြီး နောက်တကြိမ် ရုံးချိန်း ကို ဩဂုတ်  ၁၆ ရက်နေ့  နေ့လည် ၁၁  နာရီပြန်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။ 

"တရားမမှု တရားသူကြီးက ငြင်းချက်ထုတ်ပေးရပါတယ်။ အဲ့ဒီငြင်းချက်ကိုမှ တရားလိုရောတရားပြိုင်ရော နှစ်ဖက်လုံးကငြင်းချက်ထုတ်ရတာပါ" လို့ ကူညီဆောင်ရွက်ပေးသူက ဆိုပါတယ်။ 

ဦးသောင်းဟန် နှင့် Pepsi  ရုံးချိန်း တွင် ကုမ္ပဏီအမည်ကိုပါထပ်တိုးတရားစွဲခြင်းအပေါ် တရားပြိုင် ၃ ဦး အတွက် Pepsi ဘက်မှ အမည်စာရင်း တင်သွင်းစွဲဆိုထားသည့်အမှုအတွက်ပြင်ဆင်ချေပလွှာတင်သွင်းမှုအပေါ် တရားသူကြီးကငြင်းချက်ထုတ်ခဲ့ကာ နောက်ထပ်ရုံးချိန်း ​ပြန်လည်ချိန်းဆိုလိုက်တာလို့သိရပါတယ်။  

အလုပ်သမားဖြစ်သူ ဦးသောင်းဟန် စွဲဆိုထားတဲ့ (Pepsi)အမှုကို မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ ၃ ရက်နေ့ရုံးချိန်းမှာတော့ တရားသူကြီးက နောက်တိုးတရားပြိုင်အဖြစ် ကုမ္ပဏီကိုပါ တရားစွဲဆိုဖို့အမိန့်ချမှတ်ခဲ့လို့ ကုမ္ပဏီအမည်ကိုပါတရားစွဲဆိုခဲ့ရာ  ကုမ္ပဏီဘက်ကပြန်လည်ရင်ဆိုင်နေရခြင်းပဲဖြစ်ပါတယ်။  

အလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်က အီးစီ စာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်ဆိုကာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ ညှိနှိုင်းမှုအဆင့်ဆင့်မှာပြေလည်မှုမရခဲ့လို့ ၂၀၂၃ ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်လို့ တရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 

ပက်စီအချိုရည်စက်ရုံဟာ နှစ် ၂၀ ကြာ၊  လုပ်သက်ရင့်အလုပ်သမားကိုနစ်နာကြေးမပေးဘဲအလုပ်ထုတ်ထားသလို အရောင်းဝန်ထမ်းတွေကိုလည်း target ပြည့်မီအောင်မရောင်းနိုင်လို့ဆိုကာ လျော်ကြေးမပေးဘဲအလုပ်ထုတ်တာတွေလည်းရှိခဲ့တာကြောင့် Pepsi ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ထားလို့ ၎င်းရဲ့ထုတ်ကုန်များအားလုံးကို မသုံးစွဲဘဲ Boycott ပြုလုပ်ရန် နိုင်ငံတကာအဆင့် စားသုံးသူ Campaign တစ်ခုပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026