NEWS

Pepsi စက်ရုံ CEO နှင့် HR မန်နေဂျာအား EC စာချုပ် ချိုးဖောက်မှုဖြင့် တရားစွဲ

CoverLogo
1.1K Views

Pepsi အချိုရည် စက်ရုံ CEO နဲ့  HR မန်နေဂျာကို အလုပ်သမား တစ်ဦးက တရားစွဲဆိုခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဖေ့ဘွက်လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ စက်ရုံတာဝန်ရှိသူတွေကို EC စာချုပ် ချိုးဖောက်မှုနဲ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ပထမဆုံး ရုံးချိန်းကို  ဇူလိုင်လထဲမှာ ပြုလုပ်မယ်လို့ သိရပါတယ်။  

" မှော်ဘီ ခရိုင် တရားရုံးမှာ တရားမ နစ်နာကြေး ရလိုကြောင်းကို ဒီကနေ့ ဇွန်လ ၁၆ မှာ တရားစွဲဆို လိုက်တာပါ။ ဒီအမှုကို လာမဲ့ ဇူလိုင်လ ၇ ရက်မှာ ပထမ အကြိမ်ရုံးချိန်းကို ချိန်းဆိုထားတယ် “ လို့  လိုက်ပါဆောင်ရွက် ပေးနေသူက ပြောပါတယ်။

တရားစွဲဆိုခဲ့တဲ့ အလုပ်သမားဦးသောင်းဟန်ဟာ  အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နဲ့ မညီဘဲ အသက်အရွယ် ကြီးရင့်မှုကြောင့်ဆိုပြီး  ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃၁ ရက်မှာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ မှော်ဘီခရိုင် တရားရုံးမှာ စုစုပေါင်း နစ်နာကြေး ကျပ်သိန်း ၁၀,၀၄၀,၀၀၀ ရလိုမှုနဲ့  တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးသောင်းဟန် အလုပ်ထုတ်ခံရတဲ့အတွက်  ၂၀၂၂ရက် နို၀င်ဘာလထဲမှာ  အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) ရုံးကို တိုင်ကြားခဲ့ပါတယ်။ ဒီနောက် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ကို လွှဲပြောင်းခဲ့ပြီး  ညှိနှိုင်းဖြန်ဖြေမှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံး ဒီအငြင်းပွားကို ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ခံယူခဲ့ပေမဲ့ အလညကို ပြန်လည် လွှဲပြောင်းခဲ့လို့ နောက်ထပ်၃ ကြိမ် ထပ်မံညှိနှိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အလညရုံးနဲ့ တိုင်းရုံးတို့ ပေါင်းစပ်ပြီး ညှိနှိုင်းမှု ၃ ကြိမ် ထပ်မံ ပြုလုပ်ဖြေရှင်းခဲ့ရာ ပြေလည်မှု မရှိခဲ့လို့  ဦးစီးမှုးက နစ်နာသူကို တရားစွဲဆိုဖို့ အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့ကို နစ်နာသူအလုပ်သမားက အကြိမ်ကြိမ် တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ခုနှစ် မတ်လထဲရောက်မှသာ တရားစွဲဖို့  ညွှန်ကြားခဲ့လို့ အလုပ်သမားဘက်ကနေ တရားစွဲခဲ့တာလို့ သိရပါတယ်။  

ဦးသောင်းဟန်အနေနဲ့  အလုပ်ထုတ် နစ်နာကြေး ကျပ် သိန်း ၅၀ ကျော် ရရမှာဖြစ်ပေမဲ့ ကျပ်သိန်း ၄၀ ပဲပေးဖို့ ညှိနှိုင်းခဲ့ပေမဲ့ လုပ်ငန်းရှင်ဘက်က လိုက်လျောမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ဒီလို အလုပ်ခန့်ထားမှု သဘောတူစာချုပ်နဲ့ မညီဘဲ အလုပ်ထုတ်တာကြောင့် ဝါးတရာ စက်မှုဇုန်ထဲက စက်ရုံပိုင်ရှင်ကို  အလုပ်သမားတစ်ဦးက တရားစွဲဆိုခဲ့ပါသေးတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026