NEWS

Pepsi အချိုရည် စက်ရုံ CEO နှင့် HR မန်နေဂျာအား အလုပ်သမားကတရားစွဲဆိုထားမှုစတင်ကြားနာ

CoverLogo
804 Views

မှော်ဘီမြို့နယ်ရှိ Pepsiအချိုရည်စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှုကို နိုဝင်ဘာ၁၄ရက်နေ့မှာ နှစ်ဖက်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့  အဲဒီအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။
 
"လုပ်ငန်းရှင်နှင့် HR ကို တရားစွဲဆို ထားသောအမှူ ကို  နှစ်ဖက် ကန့်ကွက်လွှာ,အဖြေလွှာ နှင့်အမိန့်များ ချမှတ်တာတွေရှိတယ်။ ဒါကတရားမမှုရဲ့ထုံးစံအရ မေးခွန်းမေးတယ် အဲ့ဒီမေးတဲ့အပေါ်တရားသူကြီး လက်ခံလက်မခံအမိန့်ချတယ်ပေါ့။ အဲ့လိုပဲသူ့ဘက်ကလည်းကန့်ကွက်တယ်ပေါ့ဒါကိုလည်းရှေ့ရုံးချိန်းမှာ တရားသူကြီးကအမိန့်ချဖို့ရှိတယ်"လို့ အလုပ်သမားကိုကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။ 

နိုဝင်ဘာ ၁၅ရက်နေ့ရုံးချိန်းဟာ ၁၀ ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီးလာမဲ့ ၁၁ကြိမ် မြောက် ရုံးချိန်းကိုလည်း ရှေ့လတစ်ရက်နေ့သို့ပြန်လည်ချိန်းဆိုထားကာ အဲ့ဒီနေ့မှာ တရားပြိုင်မှ ကန့်ကွက် လွှာ အတွက်အမိန့် တရပ်ချမှတ် ရန်ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်သမားရဲ့တရားစွဲဆိုမှုကိုဇူလိုင်၂၈ရက်က တတိယ မြောက် ရုံးချိန်းအဖြစ် အလုပ်ရှင် အလုပ်သမား ၂ ဘက်ကို ခရိုင်တရားသူကြီးကလက်ခံစစ်မေးခဲ့ရာ လုပ်ငန်းရှင်က CEO နဲ့ HR ကိုယ်စား HR ကို တရားဝင် ကိုယ်စားလှယ် လွှဲအပ်ခဲ့ပြီး တရားမ စေ့စပ်ညှိနှိုင်းရေးလုပ်ထုံးလုပ်နည်းအရ တိုင်းတရားရုံး၌ နှစ်ဘက်ညှိနှိုင်းခဲ့တာပဲဖြစ်ပါတယ်။ 

တရားစွဲဆိုမှူပြုလုပ်ခဲ့တဲ့ နစ်နာသူအလုပ်သမားဦးသောင်းဟန်ဟာ  ၂၀၂၂ခုနှစ် အောက်တိုဘာလ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်  အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ မှော်ဘီ ခရိုင် တရားရုံးတွင် တရားမ နစ်နာကြေး ကျပ်သိန်း ၁၀,၀၄၀,၀၀၀ ရလိုမှုနဲ့  တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

အလုပ်ထုတ်ခံရသူဦးသောင်းဟန်က  ၂၀၂၂ရက် နို၀င်ဘာလက အလညသို့တိုင်ကြားခဲ့ရာ   မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးသို့ လွှဲပြောင်းခဲ့လို့ ညှိဖျန်မှာ၃ကြိမ်ညှိနှိုင်းခဲ့ပြီး ခုံကောင်စီရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပေမဲ့ အလညသို့ပြန်လည်လွှဲပြောင်းခဲ့တာကြောင့်  အလညနှင့်တိုင်းရုံးတို့ ပေါင်းစပ်ညှိနှိုင်းမှု၃ကြိမ်ထပ်မံညှိနှိုင်းဖြေရှင်းခဲ့ရာ  ပြေလည်မှုမရှိခဲ့ဘဲ   ဦးစီးမှုးကနစ်နာသူကတရားစွဲဆိုရန် အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့ နစ်နာသူအလုပ်သမားက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါအလုပ်သမားဟာ  ပက်စီအချိုရည်စက်ရုံမှာ လုပ်သက် အနှစ်၂၀ အထိလုပ်ကိုင်ခဲ့ရာမှ  ၂၀၂၂ခုနှစ် ၁၀ လပိုင်း ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး  လုပ်သက်အရ အလုပ်ထုတ်နစ်နာကြေးကျပ်သိန်း၅၀ကျော်ရရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026