NEWS

Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း

CoverLogo
240 Views
ရန်ကုန်မြို့အခြေစိုက် Peak Outdoor Yangon Co.,Ltd အထည်ချုပ်စက်ရုံ မန်နေဂျာက လုပ်ပိုင်ခွင့်ကို အလွဲသုံးပြီး အလုပ်သမားတွေကို အပေါ် ရိုင်းစိုင်းစွာ ဆက်ဆံတဲ့အပြင် အကြောင်းပြချက်မရှိဘဲ ဝမ်တိန် (သတိပေးစာ) တွေ အဓမ္မလက်မှတ်ထိုးခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ အကွက်ကျကျ လုပ်ဆောင်တယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
အကွက်ကျကျ ဝမ်တိန်ထိုးခိုင်း၊ နစ်နာကြေးမဲ့ အလုပ်ထုတ်
 
စက်ရုံ မန်နေဂျာက EC စာချုပ်ကို ချိုးဖောက်ခြင်း မရှိဘဲ ဝမ်တိန် အတင်းအကျပ် ထိုးခိုင်းခိုင်းပြီး ဝမ်တိန် (၃) ကြိမ်ပြည့်ပါက နစ်နာကြေးပေးဖို့ မလိုဆိုတဲ့ အချက်ကို အလွဲသုံးနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း စကားပြောတာ၊ အရှက်ခွဲတာ၊ မိုက်ခရိုဖုန်းနဲ့ သိက္ခာချတာ၊ အပေါ့အပါးကိစ္စတွေမှာပါ ကန့်သတ်ပြီး ဝမ်တိန်ထိုးခိုင်းခဲ့တာလို့ ပြောပါတယ်။
 
“နားနေချိန်မှာ စက်လိုင်း အချင်းချင်းစကားပြောလို့ ဝမ်တိန်ထိုးခိုင်းတယ်။ အမျိုးသားအလုပ်သမားတွေကို အမျိုးသမီးတွေရှေ့မှာဘဲ အရှက်ကွဲရအောင် ပြောပြီး ဝမ်တိန်ထိုးခိုင်းပြီး အလုပ်ထုတ်တယ်။ မိုက်ခရိုဖုန်းနဲ့ မိသားစုအရေး၊ သမီးရည်းစားကိစ္စပါ ပြောပြီး သိက္ခာချတာ။ အိမ်သာသွားလည်း အချိန် ကြာတယ်ဆိုပြီး ဝမ်တိန်ထိုးခိုင်းတယ်” လို့ပြောပါတယ်။
 
ဝမ်တိန်လက်မှက်ကို ရုံးခန်းခေါ်ပြီး ထိုးခိုင်းတာဖြစ်ပြီး အလုပ်သမားတွေမှာ ဒီလို လက်မှတ်ထိုးတာ မှန်လား၊ မှားလား စဉ်းစားချိန် မရသလို၊ မငြင်းရဲကြလို့ ထိုးပေးရတာလို့ ပြောပါတယ်။ ဒီလို လက်မှတ် သုံးခါပြည့်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ပြီးနောက် နစ်နာကြေးမပေးဘဲ ထုတ်ပစ်တာလို့ ပြောပါတယ်။
 
အလုပ်သမားရုံးနှင့် မီဒီယာများကို ဂရုမစိုက်
 
စက်ရုံမန်နေဂျာက အလုပ်သမားရုံး တိုင်ကြားမှုနဲ့ မီဒီယာဖော်ပြမှု ဂရုမစိုက်ကြောင်းကို စက်ရုံအတွင်း မိုက်ခရိုဖုန်းနဲ့ င့် တစ်ရုံလုံးကြားအောင် ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ငါက အလုပ်သမားရုံးတိုင်လည်း ဂရုမစိုက်ဘူး။ အလုပ်သမားရုံးကလာရင် ပါးစပ်ဟတာနဲ့ ငွေနဲ့ ပါးစပ် ပိတ်ပေးလိုက်မယ်။ မြန်မာလေဘာနယူး (Myanmar Labour News) က သတင်းတက်လည်း ငါက ဂရုမစိုက် ဘူး"လို့ ပြောဆိုတယ်ဆိုပြီး အလုပ်သမားတဦးက ပြောပါတယ်။
 
*လုပ်ခလစာ ခွဲခြားဆက်ဆံခြင်းနှင့် မတရား ဖြတ်တောက်မှုများ*
လုပ်ငန်းခွင် ဌာနအလိုက် လစာနှုန်းထားတွေကို မန်နေဂျာ စိတ်တိုင်းကျ ခွဲခြားသတ်မှတ်ထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စက်လိုင်းတွေက ဒေးကြေး ၁၁၀၀၀ ရတယ်၊ တခြားဌာနတွေတော့ ၁၀၀၀၀ ပဲပေးတယ်။ လုပ်သက်နည်း အလုပ်သမား နေမကောင်းလို့ ရက်ပျက်ရင်ခွင့်မပေးဘူး ချက်ချင်းအလုပ်ထုတ်တာ။ ဂိတ်ပတ်) ယူတော့ တနာရီ ၂,၅၀၀ အဖြတ်ခံရတယ်။ “ လို့ ပြောပါတယ်။
 
ဆေးခွင့်နှင့် ရှောင်တခင်ခွင့် ၂ ရက်ဆက်ယူလို ဝမ်တိန်ထိုးရတဲ့အပြင် ပြင်ပဆေးခန်းပြလို့ လူမှုဖူလုံရေး ဆေးခွင့်မဟုတ်ဘူး ဆိုကာ ဝမ်တိန်ထိုးခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တနင်္ဂနွေနေ့ အဓမ္မ OT ခေါ်ယူခြင်းနှင့် ကလေးလုပ်သား ခေါင်းပုံဖြတ်မှု
 
လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမား အများအပြားကို လခစားတွေနဲ့ တန်းတူခိုင်းစေပြီး၊ လုပ်သက် ၃ လပြည့် ပေမဲ့ လခစားအဖြစ် ခန့်အပ်တာ မရှိဘဲ “ အလိုရှိကခေါ်၊ အလိုမရှိက ထုတ်” စနစ်ကို စက်ရုံက ကျင့်သုံးနေတယ် လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ အသက်မပြည့်တဲ့၁၄ နှစ်၊ ၁၅ နှစ်ကလေးလုပ်သားတွေ’ ကို ခေါ်ခိုင်းပြီး၊ "အသက်မပြည့်ဘူး"ဆိုပြီး နစ်နာကြေးမှမပေးဘဲ အလုပ်က ထုတ်လိုက်တာ” လို့ ပြောပါတယ်။
 
အလုပ်ပိတ်ရက် တနင်္ဂနွေနေ့မှာ အချိန်ပို ဆင်းဖို့ ဖိအားပေးပြီး မဆင်းပါက "ဟိုကြေးဖြတ်မည်၊ ဒီကြေးဖြတ်မယ်" လို့ ခြိမ်းခြောက်တယ်လို့လည်း ပြောပါတယ်။ အလုပ်ချိန် ၈ နာရီပြည့်လို့ ပြန်လိုတဲ့ အလုပ်သမားတွေကို ဖယ်ရီကား စီစဉ်ပေးဘူးလို့ အလုပ်သမားတွေက ပြောါတယ်။
 
“လိုင်းကားအဆင့်ဆင့် တိုးပြန်ရတာပေါ့၊ ဖယ်ရီကလည်း လုံလုံလောက်လောက် မရှိပါဘူး။ တချို့မိန်းကလေး တွေဆို ဖယ်ရီကားအနောက် မတ်တပ်ရပ် စီးရတယ်။ စက်ရုံပြောလည်း မသိသလို နေတာပါ” လို့ ပြောပါတယ်။
စက်ရုံမျာ ဆေးပေးခန်းရှိပေမဲ့ အခြေခံ ရှေးဦးသူနာပြုစုဖို့ ဆေးဝါးမရှိဘူးလို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
 
လက်ရှိ ဝယ်လွန်အထည်၊ မိုးကာအထည်တွေက ချုပ်လုပ်ရခက်ခဲတဲ့ အထည်တွေဖြစ်ပေမဲ့ လူဦးရေ ၇၀ ရှိ စက်လိုင်းကို တစ်နာရီ ၃၅ ထည်အထိ စက်လိုင်းအောစူပါ၊ စူပါ နဲ့ လီဒါတွေတောင်းပြီး စံချိန်ပြည့်ဖို့ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆို ခိုင်းစေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်တွေက အလုပ်သမားတွေရဲ့ အခက်အခဲ ကို ဖြေရှင်းမပေးဘဲ့ မန်နေဂျာခိုင်းစေတဲ့အတိုင်း လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။
 
Peak Outdoor Yangon Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်၊ လှိုင်သာယာမြိုန့ယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြခေတ္တာလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်ပါတယ်။ အလုပ်သမား ၇၀၀ ကျော် လုပ်ကိုင်နေပြီး CMP တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026