NEWS

Peach Garden အထည်ချုပ်စက်ရုံ ထုတ်လုပ်မှု မန်နေဂျာဆိုသူက ဆဲဆို ခိုင်းစေ

CoverLogo
496 Views
 
Peach Garden အထည်ချုပ်စက်ရုံကပါ။
 
ညီမတို့ကို တခုလောက် ကူညီပေးပါ ရှင့်။
စက်ရုံက ကုန်ထုတ်လုပ်မှု မန်နေဂျာ (PM) က လက်ပါပြီး ကိုယ်ထိလက်ရောက်တွေနဲ့ အလုပ်သမားတွေကို လုပ်နေလို့ပါ။ သူက အရင်က အောစူပါ ပါရှင့်။
 
အောစူပါနဲ့ PM ကတော်တော် ဆိုးသွမ်းပါတယ်။ စူပါတွေ၊ လီ အထည်နဲ့ ပေါက်တာတွေတောင် လုပ်ပါတယ်။ စက်သမားတွေကို ‌ေ-တွေ၊ -ာတွေနဲ့ ဆဲဆိုတာပါ။
 
အလုပ်သမားတွေ စံချိန်မရဘူးဆိုရင် အလုပ်သမားတွေကို ‌ေ-ာက်ဆင့်၊‌ေ-ာက်လုံး ဆိုတာတွေပြောပြီး ‌ေ-ာက်တွေနဲ့ နှိုင်းပါတယ်။ အဆင့်အတန်းခွဲခြားပါတယ်။ သင်္ချိုင်းကုန်း၊ မသာ ဆိုတာတွေက နေတိုင်း ကြားရတာပါ။
PM က အလုပ်သမားတွေရဲ့ သိက္ခာ၊အရှက် ကို ဘာတခုမှ အလေးမထားဘဲ ဆဲဆို ပါတယ်။ အဝတ်စားဝတ်တာကအစ
 
ကန့်သတ်ပါတယ်။ သူနဲ့မဆိုင်တဲ့ အလုပ်ကိစ္စမဟုတ်တာတွေပါ ပြောဆို ဆဲဆိုပါတယ်။ သူ့ကြောင့်အလုပ်သမားတွေဒုက္ခရောက်နေလို့ပါ။ ထိရောက်စွာ အရေးယူ ပေးစေချင်ပါတယ်။
 
(Peach Garden အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၃ ၊ မင်းကြီးမဟာမင်းခေါင်လမ်း မှာ ရှိပါတယ်။ စက်ရုံက ရာနှူန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမားအင်အား ၉၀၀ နီးပါးက Pant, Polo, Jacket, Coat with Padding, Sport Wear တွေချုပ်လုပ်ပြီး ဂျပန်နိုင်ငံကို တင်ပို့နေတယ်လို့ သိထားပါတယ်။)

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026