NEWS

Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်

CoverLogo
1.3K Views

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် လုပ်ငန်းလုပ်ဆောင်နေတဲ့ Brand တွေကနေအလုပ်သမားတွေအပေါ်  တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိလာစေရန် Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စတင်စီစဥ်နေပြီလို့  အဆိုပါကမ်ပိန်းဆောင်ရွက်နေတဲ့  STUM တာဝန်ရှိသူ ကပြောပါတယ်။

''ပြည်တွင်းထဲမှာတော့လုပ်လို့ရချင်မှရမယ် ကမ်ပိန်းအတွက်ဓာတ်ပုံရိုက်တဲ့နေရာ ကိုတောင်မှ ရဲကလာတားထားတာရှိတယ်ဆိုတော့ international ပေါ့နော် နိုင်ငံတကာက ကျွန်မတို့ချိတ်ဆက်ထားတဲ့ CCC ရဲ့page တို့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ Page တို့ကနေလုပ်မယ်။ CCC နဲ့တိုင်ပင်ပြီးတဲ့နောက်မှာ သူတို့ရဲ့ Brand ရှေ့မှာ ကမ်ပိန်းလုပ်ဖို့တို့ သူတို့နိုင်ငံမှာ ကမ်ပိန်းလုပ်ဖို့တို့ပါ အဓိကက CCC ကနေဦးဆောင်ပီးလုပ်ဖို့ online ကနေ သွားမှာပါ။ Public ကမ်ပိန်းလုပ်ဖို့ကို ခုဆွေးနွေးနေပါတယ်''လို့ ဆိုပါတယ်။

အဆိုပါကမ်ပိန်းကို နိုင်ငံတကာက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပီးသွားမှာဖြစ်ပြီး   Public ကမ်ပိန်းအဖြစ် ၎င်းတို့ကဦးဆောင်ပီးလုပ်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒီအတွက် ကမ်ပိန်းကိုဦးဆောင်ရွက်မဲ့ သက်ဆိုင်ရာနိုင်ငံကအဖွဲ့အစည်းတွေ ဖြစ်တဲ့ CCC Clean Clothes Campaign နဲ့လည်း စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကမ်ပိန်းလှုပ်ရှားမှုကြောင့် Brand ကနေအလုပ်သမားတွေအပေါ်  တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိလာစေရန်နဲ့Brand ရဲ့ တာဝန်ယူရမည့်အပိုင်းကို ပေါ်လွင်လာစေရန် ဆောင်ရွက်တယ်လို့လည်းဆိုပါတယ်။ 


Related posts

Cover
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ဒေးကြေး ၃၄၀၀ ကျပ်သာလက်ခံရန်လုပ်ငန်းခွင်ထဲ ရဲခေါ်ကာခြိမ်းခြောက်လက်မှတ်ထိုးခိုင်း
Sep 18, 2025
Cover
လုပ်ခ လစာဖြတ်တောက်မှုနဲ့ ရှောင်တခင်ခွင့်ခံစားခွင့်မရတဲ့အပေါ် ဖြေရှင်းပေးစေလို
Sep 17, 2025
Cover
ပိတ်ရက်မရှိ၊ အနားယူခွင့်မရဘဲ အခွင့်အရေးချိုးဖောက်ခံနေရလို့ အကူအညီတောင်းခံ
Sep 16, 2025
Cover
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ရဲ့‌ အမှု စက်တင်ဘာ ၂၂ ကိုရုံးချိန်းထပ်ချိန်း
Sep 16, 2025
Cover
Myanmar Jiale Fashion ပိုင်ရှင် အပြောင်းအလဲ ပြုလုပ်၊ ကလေး လုပ်သားများအား ခိုင်းစေပြီး ၃ လတခါ အလုပ်ဖြုတ်
Sep 16, 2025
Cover
Mengyue Garment အထည်ချုပ် ဆဲဆိုခိုင်းစေ၊ သီတင်းကျွက် ကန့်တော့ဖို့ဆိုပြီး ကျပ် တစ်သောင်းခွဲ ကောက်
Sep 15, 2025
Cover
အကြောင်းပြချက်မရှိဘဲ ဥပဒေမဲ့အလုပ်ထုတ်တာ အပါအဝင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဟုဆို
Sep 15, 2025
Cover
Tianjin fashion Milestone အထည်ချုပ် အောစူပါ ဆဲဆိုပြီး နာရီ ၁၀၀ အချိန်ပို ဆင်း ခိုင်း
Sep 14, 2025