NEWS

Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်

CoverLogo
1.4K Views

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် လုပ်ငန်းလုပ်ဆောင်နေတဲ့ Brand တွေကနေအလုပ်သမားတွေအပေါ်  တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိလာစေရန် Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စတင်စီစဥ်နေပြီလို့  အဆိုပါကမ်ပိန်းဆောင်ရွက်နေတဲ့  STUM တာဝန်ရှိသူ ကပြောပါတယ်။

''ပြည်တွင်းထဲမှာတော့လုပ်လို့ရချင်မှရမယ် ကမ်ပိန်းအတွက်ဓာတ်ပုံရိုက်တဲ့နေရာ ကိုတောင်မှ ရဲကလာတားထားတာရှိတယ်ဆိုတော့ international ပေါ့နော် နိုင်ငံတကာက ကျွန်မတို့ချိတ်ဆက်ထားတဲ့ CCC ရဲ့page တို့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ Page တို့ကနေလုပ်မယ်။ CCC နဲ့တိုင်ပင်ပြီးတဲ့နောက်မှာ သူတို့ရဲ့ Brand ရှေ့မှာ ကမ်ပိန်းလုပ်ဖို့တို့ သူတို့နိုင်ငံမှာ ကမ်ပိန်းလုပ်ဖို့တို့ပါ အဓိကက CCC ကနေဦးဆောင်ပီးလုပ်ဖို့ online ကနေ သွားမှာပါ။ Public ကမ်ပိန်းလုပ်ဖို့ကို ခုဆွေးနွေးနေပါတယ်''လို့ ဆိုပါတယ်။

အဆိုပါကမ်ပိန်းကို နိုင်ငံတကာက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပီးသွားမှာဖြစ်ပြီး   Public ကမ်ပိန်းအဖြစ် ၎င်းတို့ကဦးဆောင်ပီးလုပ်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒီအတွက် ကမ်ပိန်းကိုဦးဆောင်ရွက်မဲ့ သက်ဆိုင်ရာနိုင်ငံကအဖွဲ့အစည်းတွေ ဖြစ်တဲ့ CCC Clean Clothes Campaign နဲ့လည်း စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကမ်ပိန်းလှုပ်ရှားမှုကြောင့် Brand ကနေအလုပ်သမားတွေအပေါ်  တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိလာစေရန်နဲ့Brand ရဲ့ တာဝန်ယူရမည့်အပိုင်းကို ပေါ်လွင်လာစေရန် ဆောင်ရွက်တယ်လို့လည်းဆိုပါတယ်။ 


Related posts

Cover
Safety Clothing Myanmar အထည်ချုပ် EC စာချုပ် ချိုးဖောက်ပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်ခိုင်း
Jan 09, 2026
Cover
COSTEC စက်ရုံတွင် လုပ်လစာထိုးပေးရန် ၆ ရက်ကြာ တောင်းဆို၊ တနာရီ လုပ်ခ ၂၅ ကျပ်တိုးပေး
Jan 09, 2026
Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Arao အထည်ချုပ်စက်ရုံ ဌာနခေါင်းဆောင်များအား ရာထူးချ
Jan 08, 2026
Cover
Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ
Jan 08, 2026
Cover
Xing Yuan စက်ရုံသည် အလုပ်သမားများ ပေးစာ
Jan 08, 2026
Cover
၂၀၂၆ ခုနှစ်တွင် အများပြည်သူ အလုပ်ပိတ်ရက် ၃၂ ရက် ရှိမည်
Dec 29, 2025