NEWS

OWICကတ် ပွဲစားမှ တစ်ဆင့် လျှောက်ထားခြင်းမပြုလုပ်ရန် အသိပေး

CoverLogo
309 Views
 
ပြည်ပကို တရားဝင်သွားရောက်မဲ့ လုပ်သားတွေ ထဲက ကိုယ်ပိုင်အစီစဉ်နဲ့ သင်တန်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံလက်မှတ်(OWIC) လျှောက်ထားရာမှာ ပွဲစား တွေက တဆင့်လျှောက်ထားတာ မပြုလုပ်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration တယ်လီဂရမ်မှာ အသိပေးထားပါတယ်။
 
လက်ရှိ ပြည်ပထွက်ခွာမဲ့ လုပ်သားတွေ အခက်ခဲ မရှိစေဖို့ OWIC စိစစ်တဲ့ အရေအတွက် တိုးပြီး ခွင့်ပြုပေးနေပြီး ၊ ဒါကို ဝန်ထမ်းတွ ပေးရတဲ့ သဘောနဲ့ အခကြေးငွေတွေအဆမတန် ကောက်ခံ နေတာကို ကြားသိရတဲ့ အတွက် အခုလို အသိပေးကြေညာရတာလို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။
 
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကဦး အနေနဲ့ သင်တန်း နဲ့ OWIC ပြုလုပ်ခွင့် တို့ကို အစဉ်လိုက် ခွင့်ပြုပေးနေတယ်လို့ ဆိုပါတယ်။
တင်ပြရမယ့် ဖောင်နမူနာပုံစံ တွေကို Safe Migration Facebook Page မှာ တင်‌‌ပေးထားတဲ့ အတွက် အလုပ်သမားတွေ အနေနဲ့ မိမိကိုယ်တိုင်သေချာစွာပြင်ဆင်ပြီး တင်ပြမယ်ဆိုပါက ကုန်ကျစရိတ်မရှိဘဲ လွယ်ကူလျှင်မြန်စွာ ခွင့်ပြုမိန့်ရရှိမယ်လို့ ဆိုပါတယ်။
 
"OWIC ကတ် ရိုက်ခွင့် ကြန့်ကြာတဲ့ တာကို ပွဲစားတွေက အခွင့်ကောင်းယူပြီး လုပ်စားနေကျတာ။ ပွဲစားနဲ့ လုပ်လည်း ဌာနက အမှတ်စဉ်လိုက် စိစစ်လို့ ပြီးမှချပေးတာ ဘယ်လိုလျှောက်ကမယ်ဆိုတာ လည်း နမူနာပုံစံ ဖေ့ဘုတ်မှာတင်ပေးထားတာရှိတယ်။ ပွဲစားနဲ့က OWICကတ် လျှောက်တာတင်မဟုတ်ဘူး ထွက်ခွာခွင့်တောင်းရင်လည်း ပွဲစားနဲ့ လုပ်လို့အဆင်မပြေဘူး ။ ကိုယ့်ဖုန်းထဲမှာ ပို့ထားတဲ့ အီးမေးလက်ခံမှမရှိရင် လေဆိပ်မှာထွက်ဖို့ အတော်လေး အရစ်ခံရတယ်။ အာ့ကြောင့် ကိုယ်တိုင် လျှောက်ထားတာအကောင်းဆုံးပဲ""လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ​
 
ပြည်ပကို တရားဝင် ထွက်ခွာမယ့် လုပ်သားတွေ အနေနဲ့ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) တို့ မဖြစ်မနေ လျှောက်ထားရမှာဖြစ်ပြီး လိုင်စင်ရအေဂျင်စီမှ တစ်ဆင့် သွားရောက်တဲ့ အလုပ်သမားတွေကို တော့ သက်ဆိုင်ရာအေဂျင်စီက ကိုယ်စား လုပ်ဆောင်ပေးပြီး ပြည်ပမှခွင့်ဖြင့်ပြန်လာသူတွေ နဲ့ ကျွမ်းကျင်လုပ်သား အဖြစ် သွားရောက်မယ့် သူတွေ ကတော့ မိမိကိုယ်တိုင် လျှောက်ထားရပါတယ်။OWICကတ်ရဲ့ သက်တမ်းမှာ ၅နှစ် ရှိပြီး သက်တမ်းကုန်ဆုံးပါက ပြန်လည်သက်တမ်းတိုးရတယ်လို့ သိရပါတယ်။

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026