NEWS

OWIC ကတ် ပိတ်ထားမှု ပြည်ပ ခွင့်ပြန်အလုပ်သမားများ အခက်အခဲ ဆုံးရှုံးမှုများနှင့် ကြုံရ

CoverLogo
1.3K Views

OWIC ကတ်ထုတ်ပေးမှုကို  အာဏာသိမ်းစစ်ကောင်စီက ပိတ်ထားလို့ ပြည်ပက ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမား တွေ ပြန်ထွက်မရဘဲ အခက်အခဲများစွာ ဖြစ်နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူ တဦးက ပြောပါတယ်။

ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ အဓိကကျတဲ့ ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC-Oversea Workers Identity Card) ထုတ်ပေးမှုကို ဖေဖော်ဝါရီ ၁၄ ရက်မှာ အကြောင်းပြချက်မရှိဘဲ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ 

 

“အားလုံးက ဌာန ခွင့်ပြုချက်တွေ၊ စည်းကမ်းတွေနဲ့အညီ လုပ်ထားကြတာပါပဲ။ ရုတ်တရက် ပိတ်လိုက်တော့  အကုန်လုံး ဒုက္ခရောက်တာပေါ့။ ကျွန်မလည်း ခွင့်နဲ့ပြန်လာတာ။ အခုထိကို ပိတ်မိနေတာ။ OWIC ကတ် မရတော့ ဘာမှ လုပ်မရဘူး။ အလုပ်က ခွင့်ရက်ပြည့်တော့မယ်၊ အရေးကြီးနေပြီ။ သူဌေးကလည်း အလုပ်သမား  ထပ် မရှာချင်လို စောင့်ပေးမယ်တဲ့။ ဒီထက်ပိုကြာမယ်ဆို လူစားထိုးနိုင်တယ်။ဒါဆို ပြဿနာတွေ အများကြီး ဖြစ်  တော့မှာ ။ စိတ်တွေလည်း မွန်းကျပ်ပြီး စိတ်ဓါတ်ကျနေပြီ” လို့ ပြောပါတယ်။ 

 

OWIC ကတ်ထုတ်ပေးမှုတွေ ဝန်ကြီးဌာနဘက်က ရုတ်တရက် ပိတ်လိုက်လို့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာခွင့် မရတဲ့ ခွင့်ပြန် အလုပ်သမားတွေ အများအပြား ရှိနေတယ်လို့  သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ထားပြီး  ပြည်ပကို သွားရောက် လုပ်ကိုင်ဖို့ အသင့်ဖြစ်နေသူတွေမှာလည်း  OWIC ကဒ် ပြုလုပ်ခွင့်နဲ့ စေလွတ်ထွက်ခွာခွင့်တွေ ပိတ်ထားလို့ လုပ်ငန်းခွင်တွေဆီ  အချိန်မီ သွားရောက်နိုင်တာ မရှိတော့ဘဲ ဆုံးရှုံးနစ်နာမှု များစွာ ဖြစ်ပေါ်နေတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့နေသူတွေက ပြောပါတယ်။   

 

“လေယာဉ်လက်မှတ်လည်း ဆုံး၊ ခွင့်ရက်လည်း ကျော်တော့ အလုပ်ရှင်က အလုပ်သမားသစ်ခေါ်သွားတယ်။ Work Permit (pass)တွေ သက်တမ်းကုန်တယ်။ Visa၊ Calling၊ COE တွေ သက်တမ်းကုန်တယ်၊ အလုပ်ခေါ်စာ (Demand)လည်း ပယ်ဖျက် ခံရတယ်၊ အဲဒါတွေ ဆုံးရှုံးရတယ်။ ဒါတွေကို ဘယ်လို ပြန်ရနိုင်မလဲ စဉ်းစား ကြည့် ပါ။” လို့ OWIC ကတ်စောင့်ဆိုင်းနေသူ တဦးက ပြောပါတယ်။ 

 

ဇန်နဝါရီလ ၃၁ ရက်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေကို အလုပ်သမားဝန်ကြီးအသစ်အဖြစ် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ပြီးနောက် ပြည်ပ အလုပ်သမား စေလွှတ်မှုအားလုံးကို ပြန်လည် သုံးသပ်ဖို ဆိုပြီး OWIC ကတ်ထုတ်ပေးတာတွေကို  ဖေဖော်ဝါရီလ ၁၄ ရက်မှာ အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ 

 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026