NEWS

OWIC ကတ် ကိုင်ဆောင်သည့် လုပ်သားများ ဇန်နဝါရီ ၁၄ ရက်မှ စ၍ ခွင့်ပြုချက် ရယူပြီးမှသာ ပြည်ပ ပြန်လည် ထွက်ခွင့်ပြုမည်ဟုထပ်မံကြေညာ

CoverLogo
318 Views
 
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ကိုင်ဆောင်ထားတဲ့ လုပ်သားတွေ အနေနဲ့ ဇန်နဝါရီ ၁၄ ရက်မှ စပြီး ပြည်ပ ပြန်လည်ထွက်ခွာ လိုပါက အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ပြန်လည်ထွက်ခွာရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။
 
PJ နိုင်ငံကူးလက်မှတ် ဖြင့် အေဂျင်စီအစီစဉ်၊ မိမိအစီအစဉ်၊ ကျွမ်းကျင်/ခွင့်ပြန်တို့ဖြင့်ဖြစ်စေ ပြည်ပ ထွက်ခွာမယ့် လုပ်သားတွေကို OWIC ပြုလုပ်ခွင့်များနဲ့ ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိပေမယ့် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှပေးပို့တဲ့ စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူတွေဟာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ထွက်ခွာနေခြင်းကို စိစစ်တွေ့ရှိရတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် ဇန်နဝါရီ ၁၄ ရက်က စပြီး OWIC ကိုင်ဆောင်ထားသူတွေ အနေနဲ့ ပြည်ပနိုင်ငံများသို့ထွက်ခွာပါက ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ပြန်လည်ထွက်ခွာရမယ်လို့ အသိပေးခဲ့တာပါ။
 
ဒါ့အပြင် ပြည်ပထွက်ခွာခွင့်ကို ယခင်လို Email က တစ်ဆင့် ပို့လို့ မရတော့ဘဲ နေပြည်တော် ရုံးအမှတ်၅၁ ရှိ အလုပ်သမားဝန်ကြီးဌာန သို့ လိပ်မူပြီး အမြန်ချောပို့နဲ့ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ၊ မိမိကိုယ်တိုင်ဖြစ်စေ ၊ ကိုယ်စားဖြစ်စေ ၊မိမိ အစိစဥ်ဖြင့် ပြည်ပထွက်ခွာ ခွင့်ပြုချက်ကို ပေးပို့လျောက်ထားရမည်ဖြစ်ပြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန(နေပြည်တော်)မှ Safe Migration Telegram Channel တွင် ထွက်ခွာ ခွင့်ပြုတဲ့ လူစာရင်းများကို ကြော်ငြာမှာဖြစ်ကာ ၎င်းစာရင်းတွင် ပါရှိသောသူများသာ ပြည်ပကို ပြန်လည်ထွက်ခွာ ခွင့်ရရှိနိင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ပြည်ပပြန်လည်ထွက်ခွာခွင့် ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်(မပါ) ၅ ရက်ကြိုတင်လျှောက်ထားရမယ်လို့ ဆိုပါတယ်။
 
"အခု ပြည်ပထွက်ခွာခွင့် လုပ်ငန်းစဉ် က အေဂျင်စီကနေ သွားတဲ့ သူတွေ အတွက် ကတော့ မပြောင်းလဲဘူး ခွင့်ပြန်တွေ အတွက်က အချိန်ပိုကုန်သွားတဲ့သဘော တကယ်လို့ မြန်မာပြည် ကို ခွင့်ရက် တစ်လ လောက် နဲ့ဆို ပြန်ထွက်ဖို့ အချိန်မမှီလောက်ဘူး သူတို့ ထုတ်ပြန်ချက်အရဆိုရင် ထွက်ခွာခွင့်ကို အပြန်လေယာဉ်လက်မှတ် date မရောက်ခင် တပတ်ကျော် နှစ်ပတ်လောက်က လျှောက်ထားမှ အဆင်ပြေမယ် လူများ ရင်ပိုပြီး ကြန့်ကြာ နိုင်တယ်"လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
အခုလို ပြည်ပ ထွက်ခွာခွင့် အတွက် ပိုမိုတင်းကြပ်လိုက်တာကြောင့် ပြည်ပရောက်မြန်မာ လုပ်သားတွေ မိသားစု ထံ ခွင့်ဖြင့် ပြန်လာနိုင်ဖို့ ပိုမိုခက်ခဲသွားစေသလို ပြည်တွင်းမှ ခွင့်ပြန် လုပ်သားတွေ ပြည်ပ ပြန်လည်ထွက်ခွင့် အတွက် ဆုံးရှုံးနစ်နာမှု တွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026