NEWS

OWIC ကတ် ကိုင်ဆောင်၍ ပြည်ပထွက်မည့် လုပ်သားများ စစ်ကော်မရှင်ရဲ့ခွင့်ပြုချက်ရမှသာ လေဆိပ်မှ ထွက်ခွင့်ရတော့မည်

CoverLogo
622 Views
 
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ကိုင်ဆောင်ထားတဲ့ လုပ်သားတွေ အနေနဲ့ ပြည်ပနိုင်ငံ များ သို့ ထွက်ခွာတဲ့ အခါ စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထွက်ခွင့်ပြုတဲ့ စာရရှိမှသာ ရန်ကုန်လေဆိပ်က​နေ ထွက်ခွင့်ရမယ် လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ပြည်ပ နိုင်ငံ တွေကနေ ခွင့်ဖြင့် ပြန်လာ သူတွေ အနေနဲ့ ပြန်လည် ပြည်ပ ထွက်ခွာတဲ့ အခါမှာ OWICကတ် ရရှိပြီး ပြည်ပထွက်ခွာခွင့်ကို ယခင်လို ခွင့်ပြုချက်တောင်းတဲ့ email ပို့ထားကြောင်း ရန်ကုန် လေဆိပ် မှာ ပြရုံမရတော့ဘဲ အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration Telegram Page မှာ မိမိနာမည်နဲ့ ပြည်ပထွက် ရန် ခွင့်ပြုချက်ချပေးမှသာ ထွက်ခွင့်ရတော့မှာဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
 
အခုထုတ်ပြန်ချက်ကို ဇန်နဝါရီ ၁၁ရက် ညနေပိုင်း မှာ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ယနေ့မနက် ရန်ကုန်လေဆိပ်မှ ပြည်ပထွက်ခွာမယ့် OWIC ကတ် ကိုင်ဆောင်သည့် လုပ်သားတွေ ကို ထွက်ခွင့်မပေးတော​့ တာကြောင့် အလုပ်သမားတွေမှာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
 
"မနက်က ညီမ သူငယ်ချင်း ခွင့်ပြည့်လို့ စင်္ကာပူ ပြန်တာ စာရွက်စာတမ်းအစုံဘဲ ပြည်ပထွက်ခွင့်လဲ အီးမေးနဲ့ ပို့ထားတာ ကို လေဆိပ်မှာပြတာ မရဘူး ပြန်တင်ပြီး တယ်လီဂရမ်မှာ ခွင့်ပြုချက် နာမည်စာရင်းပါမှ ထွက်ရမယ်ဆိုပြီး ပြန်လွှတ်လိုက်တယ် လေယာဉ်လက်မှတ်ခ ဆုံးပြီး ညီမ လည်း နောက်တစ်ပတ်ကို ပြန်ဖို့ အကုန် လုပ်ပြီးပြီ ခွင့်က တစ်လ ဘဲရတာ OWICကတ် ရပြီးလို့ စိတ်အေးတုန်းရှိသေးတယ် အခုထွက်ခွာခွင့် ပြန်တင်ရမယ် ဘယ်တော့ချပေးမယ်လဲ ခန့်မှန်းမရနဲ့ အတော်လေးစိတ်ညစ်နေပြီ "လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။
 
လက်ရှိ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် တွင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လက်ဝယ်ကိုင်ဆောင် ပြီး ပြည်ပနိုင်ငံ တွေကို ထွက်ခွာမယ့် သူ တွေ အနေနဲ့ ပြည်ပထွက်ခွာခွင့်စာရွက်စာတမ်းတွေ ကို ယခင်လို အီးမေးက​နေပို့လိုမရတော့ဘဲ စာတိုက်၊ အမြန်ချော၊ ကိုယ်စားလှယ် ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ စတဲ့နည်းလမ်းတွေနဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို လျှောက်ထားရမယ်လို့ အသိပေးထားပါတယ်။
 
ထွက်ခွာခွင့် လျှောက်ထား ဖို့ အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သို့ လိပ်မူ၍ ပြည်ပထွက်ခွင့်ပြုရန်လျှောက်ထားသည့်စာ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ရှေ့နောက် မိတ္တူ၊ သက်ဆိုင်ရာနိုင်ငံရဲ့ ပြည်ဝင်ခွင့်ဗီဇာသို့မဟုတ် နေထိုင်ခွင့်ဗီဇာ သို့မဟုတ် သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်၊ လေယာဉ်လက်မှတ်မိတ္တူ တို့ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြည်ပထွက်ခွာခွင့် ပြုတဲ့ စာရင်း တွေ ကိုတော့ Safe Migration Telegram Channel မှာ ကြေညာပေးသွားမယ်ဖြစ်ပြီး ဦးစီးဌာနမှ ခွင့်ပြုတဲ့ ရက် မှာ မဖြစ်မနေထွက်ခွာရမှာ ဖြစ်သလို ထွက်ခွာနိုင်ခြင်းမရှိပါက ပြန်လည် လျှောက်ထားရမယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026