NEWS

OWIC ကတ်ပေါ် တွင် လုံခြုံရေးစတစ်ကာ ကပ်ပေးမည်ဟုဆို

CoverLogo
456 Views
 
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)ကို လာမယ့် ဩဂုတ်၁ရက်က စပြီး ကတ်ပေါ်မှာ လုံခြုံရေး စတေကာ sticker ကပ်ပြီး ထုတ်ပေးမယ် လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
 
OWIC ကတ် အတုအပ မရှိစေဖို့နဲ့ ပိုမိုလုံခြုံမှုရှိစေရန် ရည်ရွယ်ပြီး OWIC ကတ် ပေါ်မှာ လုံခြုံရေး Sticker ကပ်ပြီး ထုတ်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
၎င်းကတ် ကို နိုင်ငံကူးလက်မှတ် passport for job -PJ ကိုင်ဆောင်ထားပြီး ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေ ပြည်ပကို ရောက်ရှိချိန်မှာ ဥပဒေပါ ခံစားခွင့် ရရှိ စေဖို့ အလုပ်သမားကိစ္စရပ်များ ဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ ဖြေရှင်းနိုင်ဖို့ အတွက် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန က ထုတ်ပေးတာ ဖြစ်ပါတယ်။
 
" OWIC ကတ် ကို အရင်နှစ်တွေက အတု လုပ်တာတွေရှိခဲ့တယ် ပွဲစားတွေ က အတုလုပ်ပေးပြီး အလုပ်သမားတွေ ဆီက ငွေကြေး လိမ်လည်တာတွေရှိတယ် အခုလုံခြုံရေးစတေကာ ကပ်ပြီး ထုတ်ပေးမယ်ဆိုတော့ ပိုကောင်းသွားတာပေါ့ အခုချိန် အလုပ်သမားတွေ အတွက် တကယ်လိုအပ်နေတာက OWIC ကတ် ပြုလုပ်ခွင့် မြန်မြန် ချပေးဖို့ အဓိကပဲ ဒါမှ လည်း အလုပ်သမားတွေ နစ်နာဆုံးရှုံးမှု နည်းမှာ""လို့ ​လိုင်စင်ရအေဂျင်စီမှ နယ်ကိုယ်စားလှယ် တစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ ပြည်ပ ထွက်ခွာ အလုပ်လုပ်ဖို့ အတွက် OWIC ကတ် ပြုလုပ်ရန်စောင့်ဆိုင်းနေရတဲ့ လုပ်သားများစွာရှိ နေပြီး အလုပ်သမားဝန်ကြီးဌာနက အလွန် စိစစ်ကန့်သက် ထုတ်ပေးနေတာကြောင့် ပြည်ပထွက်ခွာမယ့် အလုပ်သမား အများစု နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။
 
ပြည်ပနိုင်ငံကို တရားဝင် သွားရောက် အလုပ်လုပ်မယ့် လုပ်သားတွေ အတွက် OWICကတ် ပြုလုပ်မှု ကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မြို့နယ်ရှိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန အလုပ်သမားလေ့ကျင့်ရေးသင်တန်းကျောင်း မှာ ပြုလုပ်ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026