NEWS

OWICကတ် ကိုင်ဆောင်ထားသည့် လုပ်သားများ ခွင့်ပြုချက်ရမှသာ ပြည်ပထွက်ရမည်ဟု စစ်ကော်မရှင် ထပ်မံ အသိပေး

CoverLogo
123 Views
 
ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပထွက်လိုပါက အလုပ်သမားဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံကာ ခွင့်ပြုချက်ရမှ ပြည်ပထွက်ရမယ်လို့ စစ်ကော်မရှင် က ထပ်မံအသိပေးလာပါတယ်။
 
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က စတင်ပြီး ခွင့်ပြန်လုပ်သားတွေအပါအဝင် OWICကတ် ကိုင်ဆောင်ထားတဲ့ လုပ်သားတွေအနေနဲ့ သတ်မှတ်စည်းကမ်းများနှင့် အညီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပကို ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း အသိပေးထားပြီးနောက် မတ်လ၁၈ရက်မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ပရှိ မြန်မာသံရုံးတွေကနေ ထပ်မံအသိပေးလာပါတယ်။
 
အပြည်ပြည်ဆိုင်လေဆိပ်များကပေးပို့တဲ့ စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူတွေဟာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွာနေသည့်ကို တွေ့ရှိရခြင်းကြောင့် ခွင့်ပြုချက်ရယူပြီးမှသာ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ ခွင့်ပြန်လုပ်သားတွေ အနေနဲ့ ပြည်ပ ပြန်လည် ထွက်ခွာဖို့ ခွင့်ပြုချက် တောင်းခံရာမှာ မျိုးစုံသော အခက်ခဲ တွေနဲ့ ကြုံတွေ့နေရပြီးငွေကြေးနစ်နာဆုံးရှုံးတာတွေဖြစ်သလို အလုပ်လက်မဲ့ ဖြစ်တာ တွေ ဖြစ်ပေါ်နေတယ်လို့ ခွင့်ပြန်လုပ်သားတွေထံမှသိရပါတယ်။
 
""ခွင့်နဲ့ ပြန်လာတဲ့ လုပ်သားတွေကို သူတို့ခွင့်ပြုမှ ပြည်ပ ပြန်ထွက်လို့ရမယ်ဆိုတာ ဘယ်နိုင်ငံမှ မရှိဘူး အခုက ပြည်ပမထွက်ရအောင် နည်းအမျိုးမျိုးနဲ့ ပိတ်ပင်ကန့်သတ်နေတာလို့ မြင်တယ် ထွက်ခွာ ခွင့်တွေကို လည်း ဒီနေ့မနက် လေယာဉ်နဲ့ ထွက်မယ်လို့ လေယာဉ်လက်မှတ်နဲ့တကွ တင်ပြထားလဲ ညနေ ဘက်မှ ခွင့်ပြုချက်ချပေးတယ် လေယာဉ်လက်မှတ်တွေ ဆုံးတာပေါ့ ပြီးတော့ သတ်မှတ်ရက် မှာ မထွက်ရင် လည်း အစကနေပြန်တင်ခိုင်းတယ် အခုလိုတွေ လုပ်လို့ ခွင့်ပြန်လုပ်သားတွေ တစ်ဘက်က အလုပ်ရှင်နဲ့ အဆင်မပြေ ဖြစ်ပြီး အလုပ်ပြုတ်သွားတဲ့ သူတွေမနည်းဘူး ""လို့ ခွင့်ပြန်လုပ်သားတစ်ဦး ကပြောပါတယ်။
 
ဒါ့အပြင် ခွင့်ပြန် လုပ်သားတွေရဲ့ အခက်ခဲ ပေါ် အခွင့်ကောင်းယူကာ ထွက်ခွာခွင့် အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ပွဲစားတွေက ငွေကြေး လိမ်လည် တာတွေ ခံရတဲ့ လုပ်သားတွေလည်း ရှိတယ်လို့ ၎င်းကပြောပါတယ်။
 
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက PJ နိုင်ငံကူးလက်မှတ်၊OWICကတ်တို့ဖြင့် ပြည်ပသို့ ထွက်ခွာ မယ့် လုပ်သားတွေအနေနဲ့ သတ်မှတ်ထားတဲ့စာရွက်စာတမ်းတွေနဲ့ ထွက်ခွာမယ့်ရက်စွဲ ပါတဲ့ လေယာဉ်လက်မှတ် တို့နဲ့အတူ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ရုံးချုပ်ကို ရုံးပိတ်ရက်မပါ၅ရက် ကြိုတင်ပြီး ခွင့်ပြုချက်တောင်းရမယ်လို့
ကြေညာထားပါတယ်။

Related posts

Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026